ဂီတလောကကနေ ပျောက်ချက် သားကောင်းနေတဲ့ အဆိုတော်ဆို တေးက အစ်ကိုဖြစ်သူနဲ့ အတူတူ အတွဲခွေထွက်ဖို့ စီစဉ်နေပါတယ်။ စီးရီးခွေကို လုပ်ချင်နေတာကြာပြီဖြစ် ပေမယ့် ကြားကာလထဲမှာ မလုပ်ဖြစ် ခဲ့တာပဲဖြစ်ပါတယ်။
ဒီအခွေမှာတော့ သူတို့ ညီအစ် ကို နှစ်ယောက်ရဲ့ စုံတွဲသီချင်းတွေ ရော၊ တစ်ယောက်တည်းသီချင်းတွေ ပါ နားထောင်ကြရမှာဖြစ်ပါတယ်။ သီချင်းအများစုကတော့ အချစ် သီချင်းလေးတွေပဲဖြစ်ပါတယ်။
”အခွေနဲ့ပတ်သက်လို့ အမှတ် တရတွေကတော့ အများကြီးပဲ။ သူ က တစ်ကြောင်းရေးလိုက် ကျွန်တော် က တစ်ကြောင်းထပ်ထည့်လိုက်နဲ့ ပေါ့လေ။ သူက တစ်ပိုဒ်ပြီးရင် ကျွန် တော်က တစ်ပိုဒ်ထပ်ထည့်လိုက်နဲ့ ပေါ့။ ကျွန်တော်တို့ ညီအစ်ကိုနှစ် ယောက်က အမြဲတမ်းဂစ်တာလေးတီး ပြီးတော့ သီချင်းတွေ ဆိုဖြစ်တယ်။ သီချင်းသစ်တွေလည်း သူရေးတယ်။ ကျွန်တော်လည်း တီးပေးတယ်။ သူ့ ကို အသက်ပြန်သွင်းနေရတာပေါ့။ မေ့ပျောက်သွားမှာစိုးလို့လေ”လို့ ဖန်တီးဖြစ်နေတဲ့ သီချင်းခွေနဲ့ပတ် သက်ပြီးတော့ ဆိုတေးရဲ့ အစ်ကိုဖြစ် သူ ဇာနည်ရဲက ပြောပါတယ်။ ဆို တေးကလည်း အစ်ကိုနဲ့အတူတူ သီချင်းခွေ လုပ်ရတဲ့အတွက် ပိုအား ရှိပြီး အမှတ်တရလည်း ဖြစ်ရတယ်လို့ ပြောပါတယ်။
”ကျွန်တော်တို့ အခွေထွက်ရင် လည်း အားပေးပါဦးလို့ ပြောချင်ပါ တယ်။ အစ်ကိုက သင်္ဘောတက်နေ တာလေ။ အခုပြန်လာတော့ အစ်ကို နဲ့ အခွေလေးလုပ်ချင်တယ်ပေါ့။ အစ် ကိုကလည်း အရင်ကတည်းက ဂီတ ကို ဝါသနာပါတယ်။ အစ်ကိုနဲ့ အခွေ အတူတူလုပ်ရတာ ရှိန်တာမျိုးတော့ မရှိပေမယ့် အစ်ကို့ထက်လည်း ပိုပြီး တော့ အောင်မြင်ချင်သလို အစ်ကိုက လည်း ကျွန်တော့်ထက် ပိုပြီး အောင် မြင်ချင်တဲ့စိတ်ရှိတယ်။ ပြီးတော့ နှစ်ယောက်စလုံးလည်း အောင်မြင် ချင်ကြတဲ့ စိတ်ရှိကြတယ်။ အခွေကို တော့ ဒီနှစ်ထဲ ထွက်နိုင်အောင် ကြိုး စားနေပါတယ်။အခွေနာမည်ကို တော့ စဉ်းစားနေတုန်းပါပဲ။ တစ်ခါ တည်း MTV တန်းထွက်ဖြစ်ဖို့များပါ တယ်”လို့ အစ်ကိုနဲ့အတူတူ လုပ်ဖြစ် ရတဲ့ စီးရီးခွေနဲ့ပတ်သက်ပြီး ဆိုတေး က ပြောပြပါတယ်။ ဒီစီးရီးခွေကတော့ ပရိသတ်တွေအတွက်လည်း တစ်မူ ထူးခြားမှာဖြစ်သလို သူတို့ညီအစ်ကို နှစ်ယောက်အတွက်လည်း ထူးခြားတဲ့ အခွေလည်းဖြစ်မှာပါ။
လင်းအက္ခရာ