Monday, May 12, 2025

ကျောက်ဆည်မြို့နယ်အတွင်း ကျရောက်နေသည့် ရမန်းချောင်းကို ကြိုးပြင်ကာကွယ်တောအဖြစ်...

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ဧက (၃) ထောင်ကျော်ကျယ်ဝန်းသောနယ်မြေကို "ရမန်းချောင်းကြိုးပြင်ကာကွယ်တော"အဖြစ် သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့်...

ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေး လုပ်ငန်းတွင်...

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်း ဆောက်လုပ်နေသည့် ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေးလုပ်ငန်းများသည် ပင်းမာကမ်းနှင့်ထမံသီကမ်းအထိ တံတားဆက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ယင်းချင်းတွင်းမြစ်ကူး တံတား(ထမံသီ)ကို ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့်...

ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေး ပူတင်အဆိုပြု

မေလ ၁၅ ရက် နေ့၌ တုကီ‌ယေးနိုင်ငံတွင် ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေးကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မေလ ၁၁ ရက်နေ့တွင်...

ငလျင်ဒဏ်သင့် မန္တလေးပြည်သူ့ဆေးရုံကြီး ကိုးထပ်ဆောင် ပြန်လည်ဖွင့်လှစ်နိုင်ပြီဟုဆို

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ပျ-က်စီးမှုများရှိခဲ့သည့် မန္တလေးပြည်သူ့ဆေးရုံကြီးရှိ အထွေထွေရောဂါကု (၉) ထပ်ဆောင်ကို ပြန်လည်ဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်း...
HomeCelebrities' Newsအစ်ကိုဝမ်းကွဲဖြစ်သူ နိုင်းနိုင်းကို အားကျလို့...

အစ်ကိုဝမ်းကွဲဖြစ်သူ နိုင်းနိုင်းကို အားကျလို့ အနုပညာအလုပ်တွေ လုပ်ဖြစ်လာခဲ့သူ အောင်မင်းခန့်

Aung-Min-Khant-(1)

သရုပ်ဆောင်အောင်မင်းခန့်ကနာမည်ကျော်မင်းသားနိုင်းနိုင်းနဲ့ သရုပ်ဆောင်ဖူးဖူး တို့နဲ့ ဖအေညီအစ်ကို အရင်းကမွေးတဲ့ ဝမ်းကွဲညီအကိုမောင်နှမတွေပဲ ဖြစ်ပါတယ်။ ငယ် ငယ်က စစ်တပ်ထဲကို ဝင်ချင်တဲ့အောင်မင်းခန့် တစ်ယောက်က အစ်ကိုဖြစ်သူ နိုင်းနိုင်းရဲ့ ရိုက်ကွင်း တွေကို လိုက်ကြည့်ရင်း၊ ပရိသတ် ချစ်ခင်မှုများပြီးအောင် မြင်ကျော်ကြား နေတဲ့ အစ်ကိုကို အားကျလာကာ ဒီအနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တယ် လို့ ဆိုပါ တယ်။

“ကိုနိုင်း မဖူးဖူးက မောင်နှမအရင်း။ ကျွန်တော်နဲ့က အဖေ ညီအစ်ကိုအရင်းက မွေးတဲ့ ညီအစ်ကိုမောင်နှမတစ်ဝမ်းကွဲတွေပါ။ ကျွန်တော်ငယ်ငယ်က ဒီအနုပညာ အလုပ်လုပ်ဖို့အတွက် မဟုတ်ဘူးဗျ။ ကျွန်တော်ကစစ်တပ်ထဲဝင်ချင်တာပေါ့နော်။ တပ်ထဲကိုတော့ပေါင်မပြည့်လို့ မဝင်ရဘူး။ အဲဒီလိုကနေအရွယ်လေးနည်းနည်း ရောက်လာတော့ ကိုနိုင်းရဲ့ရှုတင်တွေလိုက်ကြည့်ရင်းနဲ့တဖြည်းဖြည်းနဲ့ ဝါသနာ ပါလာတယ်။ အဲဒါနဲ့ ဒီအနုပညာလောကထဲကို ဝင်ဖြစ်သွားတာပါ။” လို့ အနု ပညာလောကထဲကို စတင်ဝင်ရောက်လာဖြစ်ပုံကိုအောင် မင်းခန့်က အခုလို ပြောပြတာဖြစ် ပါတယ်။

ဒီမောင်နှမ၃ယောက်ကအပြင်မှာတော့အမြဲတွေ့ဆုံဖြစ်ပြီး ဇာတ်ကား ရိုက်ကူးမှုတွေမှာတော့ အစ်ကို ဖြစ်သူနိုင်းနိုင်းနဲ့တစ်ခါမှမရိုက်ဖူးသေးပဲအစ်မ ဖြစ်သူဖူးဖူးနဲ့တော့ ဇာတ်ကားတစ်ကားရိုက်ဖူးကြောင်းအောင်မင်းခန့်က ပြောပါ တယ်။

“ကိုနိုင်းနဲ့ကမကြုံဖူးဘူး ။ ကျွန်တော့် အစ်မနဲ့တော့ ဇာတ်ကားရိုက်တစ်ကား ကြုံဖူးသေးတယ်။ ကျွန်တော်တို့မောင်နှမသုံးယောက်အနုပညာတစ်ခုဖန်တီးခွင့်ရှိ မယ်ဆိုရင်တော့ အတူတူဖန်တီးချင်တယ်။ ဇာတ်ကားတစ်ကားရိုက်မယ်ဆိုရင်လည်း တိုင် တိုင်ပင်ပင်နဲ့အကောင်းဆုံးဖြစ်အောင်လုပ်သွားမှပါ။ ကျွန်တော်တို့ မောင်နှမတွေက ရိုက်ကွင်းမှာသာ မဆုံတာအပြင်မှာတော့ အမြဲဆုံဖြစ်တယ်။ အပြင်မှာမုန့်စားသွားကြ တယ်။ စကားတွေပြောကြတယ်” လို့ အောင်မင်းခန့်က ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071