Monday, May 11, 2026

တီမောလက်စတီးက ၂၀၂၉ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ...

(၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ ထူးခြားချက်များ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသည့် အာဆီယံ ထိပ်သီးအစည်းအဝေး၌ အာဆီယံခေါင်းဆောင်များသည် ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အာဆီယံပဋိညာဉ် ပြင်ဆင်ချက်တစ်ရပ်ကို...

အာဆီယံနိုင်ငံအချို့၏ ခွဲခြားဆက်ဆံမှုများသည် မြန်မာပြည်သူများ၏ ဆန္ဒကို...

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် အောက်ပါအချက်များကို အလေးထားဖော်ပြထားပါသည် - စိတ်ရှည်သည်းခံမှုလွန်ခဲ့သည့် (၅) နှစ်တာအတွင်း အာဆီယံနိုင်ငံအချို့က မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုများ ပြုလုပ်ခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏...

လာမည့် ၄၈ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်...

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် လာမည့် ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ မေ၁၀ရက်ထုတ်ပြန်ချက်အရသိရသည်။ ထို့ပြင် မနက်ဖြန်မေ ၁၁ ရက်မွန်းတည့်ချိန်အထိ ရန်...

မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များကို (၄၈)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌...

မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များကို နိုင် ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဟောက်ခန့်ဆုမ်းက ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင်ကျင်းပသည့် (၄၈)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ ပြောကြားခဲ့သည်။ အမြဲတမ်းအတွင်းဝန်က မြန်မာအစိုးရသစ်၏ ဦးစား ပေးလုပ်ငန်းစဉ်များအပါအဝင်...
HomeNewsLocal Newsအစိုးရသစ်တွင် ပြည်ထောင်စုဝန်ကြီးဌာန ၃၁...

အစိုးရသစ်တွင် ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ခု ဖြင့် ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုတင်ပြထားသည့် ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ဌာန၏ အမည်စာရင်းကို ယနေ့ (ဧပြီ ၇ ရက်) တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် သဘောတူခဲ့သည်။

ထို့အတွက်ကြောင့် ပြည်ထောင်စုအစိုးရ ဝန်ကြီး ဌာန ၃၁ ခုကို ပြည်ထာင်စုဝန်ကြီး ၃၀ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်သွားမည်လည်း ဖြစ်သည်။

ယနေ့ ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုစဉ်တွင် မန္တလေးတိုင်းဒေသကြီး အချိုးကျကိုယ်စားပြု မဲဆန္ဒနယ်အမှတ် (၂) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စန်း (တစညပါတီဝင်) က တောင်သူလယ်သမားရေးရာဝန်ကြီးဌာန ဖွဲ့စည်းပေးနိုင်ရေးနှင့်ပတ်သက်၍ လည်းကောင်း၊ ဒလမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတင်မြင့် (ပြည်ခိုင်ဖြိုးပါတီဝင်) က တောင်သူလယ်သမားရေးရာဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းနိုင်ရေး၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအား ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာနတို့အဖြစ် သီးခြားစီဖွဲ့စည်းပေးနိုင်ရေးနှင့်ပတ်သက်၍ လည်းကောင်း ၊ ကလောမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့် (ပြည်ခိုင်ဖြိုးပါတီဝင်) က ပြည်ထောင်စုအဆင့်တွင် စည်ပင်သာယာရေးရာဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းပေးနိုင်ရေးနှင့်ပတ်သက်၍ လည်းကောင်း ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။

ထိုဆွေးနွေးမှုများအတွက် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ပြန်လည်ရှင်းလင်းတင်ပြချက်ကို ပြည်ထောင်စုလွှတ်တော်နာယကက ထပ်ဆင့်ဖတ်ကြားရှင်းလင်းခဲ့သည်။

ဖတ်ကြားရှင်းလင်းရာ၌ တောင်သူလယ်သမားရေးရာ ဝန်ကြီးဌာန ဖွဲ့စည်းရန် တင်ပြမှုသည် တောင်သူလယ်သမားအရေးကို စိုက်/ မွေး/ ဆည်၊ သမဝါယမ/ ကျေးလက် ဝန်ကြီးတို့မှ ဆောင်ရွက်ပေးနေပြီးအဆိုပါ ဝန်ကြီးဌာန ၂ ခုမှ ဟန်ချက်ညီညီ ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။

ထို့အပြင် နိုင်ငံတကာ၌လည်း စိုက်/ မွေး ဝန်ကြီးဌာနမှပဲ ဆောင်ရွက်ပေးလျက်ရှိသောကြောင့် အသစ်ဖွဲ့စည်းရန် ဆောင်ရွက်မည် မဟုတ်ဟု သိရသည်။

ထို့အတူ ဟိုတယ်ခရီးနှင့် ယဉ်ကျေးမှု ပေါင်းစပ်ခြင်းအားဖြင့် ယဉ်ကျေးမှုကို ခရီးသွားလုပ်ငန်း၏ အဓိကမောင်းနှင်အားအဖြစ်အသုံးချသွားမည်ဖြစ်ကာ ထိုကဲ့သို့ ပေါင်းစပ်ဖွဲ့စည်းခြင်းဖြင့် ခရီးသွားကဏ္ဍတိုးတက်လာချိန် ယဉ်ကျေးမှုလျော့ကျခြင်းကို လျှော့ချနိုင်ရန် ရည်ရွယ်သည်ဟု ဆိုသည်။

ထို့အပြင် စည်ပင်သာယာရေးဝန်ကြီးဌာန ဖွဲ့စည်းရန် တင်ပြမှု၌ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်က ဆောင်ရွက်ခွင့်ရှိပြီး ပြည်ထောင်စုအဆင့်၌ ဖွဲ့စည်းရန် မသင့်ကြောင်းလည်း ပြန်လည်ရှင်းလင်းသည်။

ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်သုံးဦး၏ သဘောထားအား ထပ်မံတောင်းခံရာ လွှတ်တော်ကိုယ်စားလှယ်သုံးဦးက နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ပြန်လည်ရှင်းလင်းချက်အပေါ်လက်ခံသဖြင့် မူလလျာထားသည့် ဝန်ကြီးဌာနများအတိုင်း ဖွဲ့စည်းရန် သဘောတူကြောင်း သဘောထားများ ပြန်လည်တင်ပြ ဆွေး နွေးခဲ့သည်ဟု သိရသည်။

ထို့ကြောင့် ဝန်ကြီးဌာနများအဖြစ် ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်သမ္မတရုံး၊ အမျိုးသားစီမံကိန်းရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသမီးရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အားကစားရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့ကို ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တီမောလက်စတီးက ၂၀၂၉ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမည်၊ အာဆီယံအလံနှင့် အထိမ်းအမှတ်တံဆိပ်ကို ပြင်ဆင်အတည်ပြုအာဆီယံ၏ (၁၁) ခုမြောက် အဖွဲ့ဝင်နိုင်ငံဖြစ်လာသည့် တီမောလက်စတီး နိုင်ငံ (အရှေ့တီမော) သည် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ပြီး ၄ နှစ်အကြာ ၂၀၂၉ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို စတင်ထမ်းဆောင်မည်ဖြစ်ကြောင်း...

(၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ ထူးခြားချက်များ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသည့် အာဆီယံ ထိပ်သီးအစည်းအဝေး၌ အာဆီယံခေါင်းဆောင်များသည် ၂၀၀၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အာဆီယံပဋိညာဉ် ပြင်ဆင်ချက်တစ်ရပ်ကို အတည်ပြုခဲ့ကြသည်။ အမှတ်တံဆိပ် ပြင်ဆင်ခြင်းတီမောလက်စတီး နိုင်ငံ က အဖွဲ့ဝင်ဖြစ်လာမှုကို ထင်ဟပ် ဖေါ်ပြနိုင်စေရန် အာဆီယံအလံနှင့် အထိမ်းအမှတ်တံဆိပ်  တို့ကို အသစ်ပြင်ဆင် သတ်မှတ်ခဲ့သည်။ ပံ့ပိုးကူညီမှုတီမောလက်စတီး အနေဖြင့် ဒေသတွင်း သဘောတူညီချက်များတွင် အပြည့်အဝ ပါဝင်လာနိုင်ရေးနှင့် အဖွဲ့ဝင်အဖြစ် ပေါင်းစည်းရေး လုပ်ငန်းစဉ်များကို အာဆီယံနိုင်ငံများက ဆက်လက်ပံ့ပိုးကူညီသွားရန် အတည်ပြုခဲ့ကြသည်။ လက်ရှိ အာဆီယံမူဘောင်အတွင်း အခြေအနေယခု (၄၈)...

အာဆီယံနိုင်ငံအချို့၏ ခွဲခြားဆက်ဆံမှုများသည် မြန်မာပြည်သူများ၏ ဆန္ဒကို လျစ်လျူရှုရာရောက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်မြန်မာနိုင်ငံအပေါ် အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့၏ ခွဲခြားဆက်ဆံသည့် လုပ်ရပ်များသည် ဒီမိုကရေစီနည်းလမ်းတကျ ဆန္ဒမဲပေးခဲ့ကြသော မြန်မာပြည်သူများ၏ သဘောထားကို လျစ်လျူရှုရာရောက်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (မေလ ၁၀ ရက်) တွင် သဘောထားထုတ်ပြန်လိုက်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် အောက်ပါအချက်များကို အလေးထားဖော်ပြထားပါသည် - စိတ်ရှည်သည်းခံမှုလွန်ခဲ့သည့် (၅) နှစ်တာအတွင်း အာဆီယံနိုင်ငံအချို့က မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုများ ပြုလုပ်ခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ တာဝန်ဝတ္တရားများနှင့်အညီ စိတ်ရှည်သည်းခံကာ ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ပြည်သူ့ဆန္ဒကို လျစ်လျူရှုမှုအဆိုပါ အပြုသဘောမဆောင်သည့် လုပ်ရပ်များကို အစိုးရသစ်လက်ထက်တွင် ဆက်လက်လုပ်ဆောင်ရန် ကြိုးပမ်းခြင်းသည် ပြည်သူတို့၏ ဒီမိုကရေစီဆန္ဒကို စော်ကားရာရောက်သည်။ ပြည်တွင်းရေး စွက်ဖက်မှုအာဆီယံအဖွဲ့ဝင် အချို့နိုင်ငံများသည် အာဆီယံပဋိညာဉ်စာတမ်း အခန်း (၁)၊ အပိုဒ် (၂) ပါ အခြေခံမူများကို ဖောက်ဖျက်၍ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း၊ ဖိအားပေးခြင်းနှင့်...

လာမည့် ၄၈ နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အ နောက်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် လာမည့် ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ မေ၁၀ရက်ထုတ်ပြန်ချက်အရသိရသည်။ ထို့ပြင် မနက်ဖြန်မေ ၁၁ ရက်မွန်းတည့်ချိန်အထိ ရန် ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင်နေရာကွက်၍မိုးကြီးနိုင်ကာ နေပြည်တော်၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းတို့တွင်လည်း ဒေသအလိုက်မိုးကြီးနိုင်သည်ဟု မိုးဇလကသတိပေးခဲ့သည်။ ထို့အတူ နေပြည်တော်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ကရင် ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိသည်ဟု အသိပေးခဲ့သည်။ ယင်း မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071