Wednesday, July 29, 2026

ဒီဇယ်ဆီနှင့် သဘာဝဓာတ်ငွေ့ရည်(LNG)အပေါ် အခွန်ကင်းလွတ်ခွင့် သုံးလ...

နေပြည်တော်၊ ဇူလိုင် ၂၉ ဒီဇယ်ဆီ နှင့် သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas) အပေါ်  အခွန်ကင်းလွတ်ခွင့် သုံးလထပ်မံတိုးမြှင့်ရန် ဇူလိုင် ၂၈...

တရုတ်နိုင်ငံ ကျင်းဟိုင်ပြည်နယ်တွင် ငလျင်များလှုပ်ခတ်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျင်းဟိုင်ပြည်နယ်ရှိ ဝေးလံခေါင်းပါးသော ရှင်းဟိုင်းကောင်တီတွင် ဇူလိုင်လ ၂၈ ရက် နေ့ နံနက် ၁၁း၁၆ နာရီက ပြင်းအား...

​EU ဆီကနေ ပိုက်ဆံ ပိုရဖို့အတွက်...

​ဗလာဒီမီယာ ဇယ်လန်းစကီးဟာ ဥရောပဆီကနေ ပိုက်ဆံရဖို့ နည်းလမ်းမျိုးစုံ သုံးနေတာဖြစ်ပြီး အီရန်ကြောင့် ယူကရိန်းအတွက် ခြိမ်းခြောက်မှုဖြစ်နေတယ်ဆိုတဲ့ သူ့ရဲ့ လတ်တလော ပြောဆိုချက်တွေဟာလည်း ဒီရည်ရွယ်ချက်ပါပဲလို့...

ဂျပန်တောင်ပိုင်း ငလျင်ကြောင့် ‌ေ-သဆုံးသူ ၁၃...

တိုကျို၊ ဇူလိုင် ၂၉ ဂျပန်နိုင်ငံတောင်ပိုင်းတွင် လှုပ်ခတ်ခဲ့သော အင်အား ၇ ဒသမ ၁ ရှိ ငလျင်ကြောင့် ‌ေ-သဆုံးသူ ၁၃ ဦးအထိ...
HomeMoviesအစိုးရငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီနှင့် ALP ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ...

အစိုးရငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီနှင့် ALP ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်ဖော်ဆောင်ရေး ဆွေးနွေး

နေပြည်တော်၊ ဇူလိုင် ၂၈

အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (Arakan Liberation Party-ALP) တို့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖော်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဇူလိုင် ၂၇ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် မည်သည့်အဖွဲ့အစည်းနှင့်မဆို တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း၊ NCA-S EAO ဆွေးနွေးညှိနှိုင်းရေးအဖွဲ့နှင့်သာမက အဖွဲ့တစ်ဖွဲ့ချင်းစီနှင့်လည်း နှစ်ဖက် (Bilateral) ဆွေးနွေးမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ALP ဥက္ကဋ္ဌ စောမြရာဇာလင်းကလည်း ပြည်သူများ ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးကို ရည်ရွယ်၍ ယခုကဲ့သို့ ဆွေးနွေးနေခြင်းဖြစ်ကြောင်း၊ ALP အနေဖြင့် ၂၀၁၀ ခုနှစ်မှစတင်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လာခဲ့ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လုပ်ငန်းစဉ်တွင်လည်း ဆက်တိုက်ပါဝင်ခဲ့ကြောင်း ပြောကြားသည်။

ထို့ပြင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေးဆွေးနွေးပွဲများမှ ရရှိလာသည့် သဘောတူညီချက်များအပေါ် အခြေခံ၍ ဆက်လက်အကောင်အထည်ဖော်သင့်သည့် အချိန်ဖြစ်ကြောင်းလည်း ၎င်းက အလေးပေးပြောကြားခဲ့သည်။

ဆွေးနွေးပွဲအတွင်း နှစ်ဖက်သည် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ နိုင်ငံတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ အပြန်အလှန်ယုံကြည်မှုတည်ဆောက်ရေး၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးရှိ ပြည်သူများ၏ စားဝတ်နေရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က အစိုးရသစ်၏ ငြိမ်းချမ်းရေးမူဝါဒများ၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် ALP အနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းကူညီဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲအပြီးတွင် နှစ်ဖက်သဘောတူညီချက်များကို မှတ်တမ်းတင်၍ လက်မှတ်ရေးထိုးအတည်ပြုခဲ့ကြပြီး အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ကာ အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒီဇယ်ဆီနှင့် သဘာဝဓာတ်ငွေ့ရည်(LNG)အပေါ် အခွန်ကင်းလွတ်ခွင့် သုံးလ ထပ်မံတိုးမြှင့်ရေး ပြည်ထောင်စုလွှတ်တော် အတည်ပြု

နေပြည်တော်၊ ဇူလိုင် ၂၉ ဒီဇယ်ဆီ နှင့် သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas) အပေါ်  အခွန်ကင်းလွတ်ခွင့် သုံးလထပ်မံတိုးမြှင့်ရန် ဇူလိုင် ၂၈ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် အတည်ပြုဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ အဆိုပါအစည်းအဝေးတွင် ဒီဇယ်ဆီ HSD (500 ppm) အပေါ် အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်နှင့် သဘာဝဓာတ်ငွေ့ရည် (LNG) အပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်တို့အား ၂၀၂၆ ခုနှစ် ဇွန်၊ ဇူလိုင်နှင့်...

တရုတ်နိုင်ငံ ကျင်းဟိုင်ပြည်နယ်တွင် ငလျင်များလှုပ်ခတ်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျင်းဟိုင်ပြည်နယ်ရှိ ဝေးလံခေါင်းပါးသော ရှင်းဟိုင်းကောင်တီတွင် ဇူလိုင်လ ၂၈ ရက် နေ့ နံနက် ၁၁း၁၆ နာရီက ပြင်းအား ၅ ဒဿမ ၇ ပမာဏရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ၁၈ မိနစ်အကြာတွင် ပြင်းအား ၅ ဒဿမ ၈ ပမာဏရှိ ဒုတိယမြောက် ငလျင်ထပ်မံလှုပ်ခတ်ခဲ့ကြောင်း တရုတ်နိုင်ငံ မြေငလျင်ကွန်ရက်စင်တာက ပြောကြားခဲ့သည်။        ထို့အပြင် မွန်းလွဲပိုင်းတွင် ပြင်းအား ၅ ရှိသည့် နောက်ထပ်ငလျင်တစ်ခု သည် ထိုဒေသတွင် လှုပ်ခတ်ခဲ့ကြောင်းလည်း စင်တာက...

​EU ဆီကနေ ပိုက်ဆံ ပိုရဖို့အတွက် အီရန်အရေးကိစ္စကို ဇယ်လန်းစကီးအသုံးချနေဟုဆို

​ဗလာဒီမီယာ ဇယ်လန်းစကီးဟာ ဥရောပဆီကနေ ပိုက်ဆံရဖို့ နည်းလမ်းမျိုးစုံ သုံးနေတာဖြစ်ပြီး အီရန်ကြောင့် ယူကရိန်းအတွက် ခြိမ်းခြောက်မှုဖြစ်နေတယ်ဆိုတဲ့ သူ့ရဲ့ လတ်တလော ပြောဆိုချက်တွေဟာလည်း ဒီရည်ရွယ်ချက်ပါပဲလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အထူးသံတမန် Rodion Miroshnik က ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။ ​Miroshnik က TASS သတင်းဌာနနဲ့ အင်တာဗျူးမှာ "လက်ရှိအခြေအနေမှာ ဇယ်လန်းစကီးဟာ ဒါတွေအားလုံးကို PR(ပုံရိပ်မြှင့်တင်ရေး)ကိစ္စအတွက် သုံးနေတာပါ။ ဒါပေမဲ့ ဒီလို PR လုပ်တာဟာ ဘာရည်ရွယ်ချက်လဲဆိုတာ သိပ်ကို ပေါ်လွင်ပြီး ပိုက်ဆံအဖြစ် ပြောင်းလဲလို့ရမယ့် ကိစ္စလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071