ငလျင်လှုပ်ခတ်မှုအပြီး ပြန်လည်ထူထောင်ရေးကာလ အင်းလေးဒေသရှိ ကလေးသူငယ်များ ဝမ်းပျ-က်၊ ဝမ်းလျှေ-ာမဖြစ်ပွားစေရန် ကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်းကို ကမ္ဘောဇဖောင်ဒေးရှင်းဆောင်ရွက်နေကြောင်း သိရသည်။
ထို့ပြင် ငလျင်ဒဏ်ကြောင့် ယိုင်နဲ့သွားသော အဆောက်အဦးများ ပြန်လည်တည့်မတ်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။
အဆိုပါ လုပ်ငန်းစဉ်များကို ယမန်နေ့ မေ(၁)ရက်က အင်းလေးဒေသ ဟဲယားရွာမကျေးရွာ၊ တောင်ပို့နီ ကျေးရွာနှင့် ကြေးစားကုန်းကျေးရွာတို့တွင် ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် စေတနာ့ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများနှင့် လိုအပ်သည့် အထောက်အကူပြုပစ္စည်းများ၊ ကျေးရွာဘုန်းတော်ကြီးကျောင်းများအတွက် အထွေထွေ အသုံးပြုရန် နဝကမ္မအလှူငွေများကိုလည်း လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အင်းလေးဒေသတွင် နေထိုင်သည့်ပြည်သူများ ဝမ်းပျ-က်ဝမ်းလျှေ-ာရောဂါ ကာကွယ်နိုင်ရန် သောက်ရေသန့်ဘူး (၅၇,၀၀၀) ဘူးနှင့် ဆေးဘက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများအတွက် ကျပ်ငွေကျပ် (၂၅) သိန်းကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကမ္ဘောဇဖောင်ဒေးရှင်းသည် ငလျင်ဒဏ်တုံ့ပြန်ရေးအတွက် ငွေကျပ် (၁၅)ဘီလီယံကို ကနဦး မတည်ထားကာ မန္တလေးနှင့် စစ်ကိုင်းဒေသများရှိ ငလျင်ဒဏ်သင့် ပြည်သူများအတွက် (၁ )နှစ်မှ (၅ )နှစ်ထိ အသုံးပြုနိုင်မည့် KBZ Center Man dalay ကို အမြန်ဆုံး တည်ဆောက်လျက်သည်။