Thursday, February 13, 2025

သံချောင်းများတင်လာသည့်တွဲကား ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ အခြားကားအချို့နှင့်...

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် သံချောင်းများတင်လာသည့်တွဲကား ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ အ ခြားကားအချို့နှင့် မိန်းကလေးငယ်တစ်ဦးကိုတိုက်မိခဲ့မှု ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့လည် ၃...

ရုရှားသည်၅နှစ်အတွင်းဥရောပတွင်စစ်ပွဲဆင်နွှဲနိုင်ကြောင်းဒိန်းမတ်သတိပေး

ဖေဖော်ဝါရီ ၁၁ အကယ်၍ မော်စကိုသည် နေတိုးကို အားနည်းသည်ဟု ယူဆပါက မော်စကိုသည် ဥရောပတွင် ငါးနှစ်အတွင်း “အကြီးစားစစ်ပွဲ” တစ်ခုကိုဆင်နွှဲရန် အသင့်ဖြစ်နိုင်သည်ဟု ဒိန်းမတ်...

ရုရှားကအမေရိကန်နိုင်ငံသား မက်ဖိုဂယ်လ်ကိုပြန်လွှတ်ပေး

မော်စကို၊ဖေဖော်ဝါရီ ၁၂ ရုရှားနိုင်ငံ၌ မူ-းယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုနှင့် လက်ဝယ်တွေ့ရှိမှုများဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အမေရိကန်နိုင်ငံသား မက်ဖိုဂယ်လ်ကို အမေရိကသို့ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဒေသဆိုင်ရာမီဒီယာများတွင်ဖော်ပြခဲ့သည်။ "လွှတ်ပေးလိုက်တာတော့သေချာပါတယ်။ဒါပေမဲ့ ဘယ်လမ်းကနေဘယ်လိုပြန်ပို့သွားတယ်၊ခေါ်သွားတယ်ဆိုတာတော့ကျွန်တော်တို့လဲမသိရပါဘူး" ဟု ဖိုဂယ်လ်၏ရှေ့နေကပြောကြားခဲ့ပြီး...

တရုတ်နှင့်အာဆီယံအကြီးတန်းအရာရှိများ ဆွေးနွေးပွဲကျင်းပမည်

ပေကျင်း၊ဖေဖော်ဝါရီ ၁၁ ဖေဖော်ဝါရီ လ ၁၂ ရက် နေ့မှ ၁၄ ရက် နေ့အထိကျင်းပမည့် ၃၁ ကြိမ်မြောက် တရုတ်-အာဆီယံ အကြီးတန်းအရာရှိများ...
HomeNewsLocal Newsအင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများတွင် ယခင်နှစ်က...

အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများတွင် ယခင်နှစ်က မတွေ့ရှိခဲ့သည့် ရေပျော်မျိုးစိတ်(၄)မျိုးကို ယခုနှစ်တွင် ပြန်လည်တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ် ဒေသများတွင် ယခင်နှစ်က မတွေ့ရှိခဲ့သည့် ဒုံးမြီးကွက်ငှက် (၃)ကောင်၊ ဘဲကျားလေး (၁၃ ဝ)ကောင်၊ အမောက်ပါတစ်တီးတူး (၁၀)ကောင်နှင့် ဂေါ်ပြားနှုတ်သီးပုံဘဲ (၃၀)ကောင်စသည့် ရေပျော်မျိုးစိတ်(၄)မျိုးကိုပါ ယခုနှစ်တွင် ပြန်လည်တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။

အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများတွင် ဇန်နဝါရီလအတွင်း အာရှရေပျော်ငှက်စာရင်း ကောက်ယူရာ၌လည်း ရှားပါးဆောင်းခိုရေပျော်ငှက်မျိုးစိတ်များနှင့် ဒေသရင်းရေပျော်ငှက်မျိုးစိတ်များ စုစုပေါင်း(၄၆)မျိုး၊ ကောင်ရေ (၂၀၂၀၇)ကောင်ကို စာရင်းကောက်ယူနိုင်ခဲ့ကြောင်း အင်းတော်ကြီး ဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

အင်းတော်ကြီးအိုင်သို့ နှစ်စဉ်ဆောင်းရာသီ ပွင့်လင်းရာသီသို့ ရောက်ရှိလာတိုင်း အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ဆောင်းခိုငှက်မျိုးစိတ်များနှင့် ဒေသရေပျော်ငှက်မျိုးစိတ်များ ကျင်လည်ကျက်စားလျက်ရှိကြကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီလအတွင်း အာရှရေပျော်ငှက်စာရင်း ကောက်ယူချက်များအရ ရှားပါးဆောင်းခိုရေပျော်ငှက်မျိုးစိတ် (၂၈)မျိုး၊ ကောင်ရေ (၁၆၂၁၅)ကောင်နှင့် ဒေသရင်းရေပျော်ငှက်မျိုးစိတ် (၁၈)မျိုး၊ ကောင်ရေ (၃၉၉၂)ကောင် စုစုပေါင်းကောင်ရေ (၂၀၂၀၇)ကောင်ကို အင်းတော်ကြီးအိုင်၏ အရှေ့ဘက်၊ အနောက်ဘက်နှင့် အင်းတော်ချောင်းတလျှောက် ချောင်းဘေးဝဲ/ယာနှင့် ဆက်စပ်ရေဝပ်ဒေသများရှိ ကိုင်းတောများအတွင်းသို့ တာဝန်ရှိသူများက အဖွဲ့များခွဲ၍ စာရင်းကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ငှက်မျိုးစိတ်များသည် ဇန်နဝါရီလအတွင်း တွေ့ရှိရသည့် ရှားပါးဆောင်းခို ရေပျော်ငှက်မျိုးစိတ်များနှင့် ဒေသရင်းရေပျော်ငှက်မျိုးစိတ်များသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ငှက်မျိုးစိတ်(၁)မျိုးနှင့် ကောင်ရေ(၁၂၀၀)ကျော် လျော့နည်းတွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းငှက်မျိုးစိတ်များ အများဆုံးကျက်စားလေ့ရှိသည့် ငှက်စာရင်းကောက် လမ်းကြောင်းတစ်ခုဖြစ်သော အင်းတော်ချောင်းအတွင်း စက်လှေဖြင့် ငှက်စာရင်းများ ကောက်ယူရာ၌ ရေမှော်နှင့် ဒိုက်များ ပိတ်မိနေခြင်းကြောင့် သွားလာရာတွင် အခက်အခဲများရှိနေခဲ့ကြောင်း သိရသည်။ 

ထို့ပြင် ရာသီဥတုအခြေအနေနှင့် အချို့နေရာများတွင် ကိုင်းတောများ ထူထပ်နေခြင်းတို့ကြောင့် ငှက်မျိုးစိတ်များကို မြင်တွေ့နိုင်ရန်နှင့် အကောင်ရေများ ရေတွက်ရာတွင် ခက်ခဲသဖြင့် ငှက်မျိုးစိတ်နှင့် အကောင်ရေများ မှတ်တမ်းတင်ရာ၌ အနည်းငယ် တိမ်းစောင်းမှုများလည်းရှိကြောင်း သိရသည်။

အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ အများဆုံးတွေ့ရှိရသည့် ရှားပါးဆောင်းခို ရေပျော်ငှက်မျိုးစိတ်များမှာ ကြိုးကြာခေါင်းမဲ (၄၂၉၄)ကောင်၊ ဘဲဖြူနက် (၃၅၄၀) ကောင်၊ ရေကြက်ဒုံ (၂၈၄၀)ကောင်၊ စင်ရော်ခေါင်းညို (၉၃၅) ကောင်၊ ခရုစုပ်အနက် (၉၂၄)ကောင်၊ ပို့ချဘဲ (၆၅၀)ကောင်၊ တောငန်း (၆၅၀)ကောင်၊ အော်ရော (၆၅၀)ကောင်၊ ဘဲနီစပ် (၅၂၀)ကောင်၊ စင်ရော်ခေါင်းမဲ (၃၂၅)ကောင်နှင့် ဘဲမဲ (၂၁၄)ကောင်စသည်တို့ ပေါများစွာတွေ့ရှိရကြောင်း သိရသည်။ 

အဆိုပါ ရေပျော်ငှက်မျိုးစိတ်များ စာရင်းကောက်ယူခြင်းကို အင်းတော်ကြီးအိုင်၏ အရှေ့ဘက် လမ်းကြောင်း၊ အနောက်ဘက်လမ်းကြောင်း၊ အင်းတော်ချောင်း တလျှောက် ချောင်းဘေးဝဲ/ယာနှင့် ဆက်စပ်ရေဝပ်ဒေသများရှိ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သံချောင်းများတင်လာသည့်တွဲကား ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ အခြားကားအချို့နှင့် မိန်းကလေးငယ်တစ်ဦးကိုတိုက်မိ မိန်းကလေးငယ်သေဆုံး

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် သံချောင်းများတင်လာသည့်တွဲကား ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ အ ခြားကားအချို့နှင့် မိန်းကလေးငယ်တစ်ဦးကိုတိုက်မိခဲ့မှု ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့လည် ၃ နာရီ ၁၆ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် အခင်းဖြစ်နေရာအနီးနေသူများထံမှ သိရသည်။ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ အောက်မင်္ဂ လာဒုံလမ်းမကြီးအတိုင်း သံချောင်းများတင်၍ မောင်းနှင်လာသည့်တွဲကားသည် အခင်းဖြစ်နေရာအရောက် ရှေ့မှကားတစ်စီးအားကျော်တက်စဥ် ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ အခြားကားအချို့နှင့် မိန်းကလေးငယ်တစ်ဦးကိုဝင်တိုက်မိခဲ့ကြောင်း သိရသည်။ " ကောင်မလေးက ကျောင်းသူလေးပါ။ တိုက်မိတဲ့အရှိန်နဲ့ တွဲကားအောက်ထဲမှာညပ်ပြီး သေဆုံးသွားတာပါ။ Body ကအတော်အခြေအနေဆိုးဆိုးဖြစ်သွားတယ်" ဟု...

ရုရှားသည်၅နှစ်အတွင်းဥရောပတွင်စစ်ပွဲဆင်နွှဲနိုင်ကြောင်းဒိန်းမတ်သတိပေး

ဖေဖော်ဝါရီ ၁၁ အကယ်၍ မော်စကိုသည် နေတိုးကို အားနည်းသည်ဟု ယူဆပါက မော်စကိုသည် ဥရောပတွင် ငါးနှစ်အတွင်း “အကြီးစားစစ်ပွဲ” တစ်ခုကိုဆင်နွှဲရန် အသင့်ဖြစ်နိုင်သည်ဟု ဒိန်းမတ် တပ်မတော်ထောက်လှမ်းရေးဌာန (DDIS) က ပြောကြားခဲ့သည်။ "ရုရှားသည် နေတိုး ကို စစ်ရေးအရအားနည်းသည်ဟု သတ်မှတ်မိပါက သို့မဟုတ် နိုင်ငံရေးအရ ကွဲပြဲ နေသည်ဟု မြင်မိပါက ဥရောပ နေတိုး အဖွဲ့ဝင် တစ်နိုင်ငံ သို့မဟုတ် တစ်ခုထက်ပိုသော နိုင်ငံများကိုဒေသတွင်းစစ်ပွဲတွင် စစ်အင်အားသုံးရန် ရုရှားက ပိုမိုဆန္ဒရှိလိမ့်မည်" ဟု အင်္ဂါနေ့က ထုတ်ပြန်ခဲ့သည့်...

ရုရှားကအမေရိကန်နိုင်ငံသား မက်ဖိုဂယ်လ်ကိုပြန်လွှတ်ပေး

မော်စကို၊ဖေဖော်ဝါရီ ၁၂ ရုရှားနိုင်ငံ၌ မူ-းယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုနှင့် လက်ဝယ်တွေ့ရှိမှုများဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အမေရိကန်နိုင်ငံသား မက်ဖိုဂယ်လ်ကို အမေရိကသို့ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဒေသဆိုင်ရာမီဒီယာများတွင်ဖော်ပြခဲ့သည်။ "လွှတ်ပေးလိုက်တာတော့သေချာပါတယ်။ဒါပေမဲ့ ဘယ်လမ်းကနေဘယ်လိုပြန်ပို့သွားတယ်၊ခေါ်သွားတယ်ဆိုတာတော့ကျွန်တော်တို့လဲမသိရပါဘူး" ဟု ဖိုဂယ်လ်၏ရှေ့နေကပြောကြားခဲ့ပြီး အသေးစိတ်ကိုထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။ အမေရိကန်နိုင်ငံလုံခြုံရေးအကြံပေး မစ္စတာမိုက်ခ်ဝေါ့ဇ်ကမူ ထရမ့်ပ်၏အရှေ့အလယ်ပိုင်းအထူးသံတမန် မစ္စတာစတိဗ်ဝစ်တော့ဖ်သည် ဖိုဂယ်လ်ပြန်လွတ်ရေးအတွက်မော်စကိုသို့လာရောက်ခဲ့ပြီး ဖိုဂယ်လ်သည် ၎င်းနှင်အတူပြန်လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အသက် ၆၁ နှစ်အရွယ်ရှိဖိုဂယ်လ်သည် မော်စကိုမြို့ရှိ အင်္ဂလိပ်-အမေရိကန် ကျောင်းတွင် သမိုင်းဆရာအဖြစ် ဆယ်စုနှစ်တစ်ခုနီးပါး အလုပ်လုပ်ခဲ့ကြောင်းလည်း CNN သတင်းဌာနကဖော်ပြခဲ့သည်။ ဖိုဂယ်လ်နှင့်၎င်း၏ဇနီးတို့ကို ၂၀၂၁ ခုနှစ်က နူးယော့ခ်မှရုရှားသို့အဝင်တွင် ခရီးဆောင်အိတ်အတွင်းမှမူ-းယစ်ဆေးများနှင့်အတူဖမ်းမိခဲ့ခြင်းဖြစ်သည်ဟုလည်းသိရသည်။၎င်း၏ဇနီးကို ပြန်လွှတ်ပေးခဲ့ပြီး အဆိုပါအမျိုးသမီးက နေအိမ်ရှိမူ-းယစ်ဆေးများကိုအချိန်မီဖယ်ရှားနိုင်ခဲ့သည်ဟုလည်းသိရသည်။ ၂၀၂၁ ခုနှစ်တွင်ဖမ်းမိပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071