ရန်ကုန်တိုင်း၊အင်းစိန်နှင့်မင်္ဂလာဒုံမြို့နယ်တို့တွင် Probox ကား၊နေအိမ်အတွင်းတို့မှ စိတ်ကြွဆေးပြား ၃၀၀၀၀ ပြားကျော်အား ဖေဖော်ဝါရီ ၁၆ ရက်က ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။
ယင်းနေ့ မွန်းလွဲ ၂ နာရီခန့်က မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါ၀င်သော ပူး ပေါင်းအဖွဲ့သည် အင်းစိန်မြို့နယ်၊ကြို့ကုန်း (အ ရှေ့)ရပ်ကွက်၊မင်းဓမ္မလမ်းတွင် စိုင်းဇော်ခင်(ခ) ကိုစိုင်း(၄၃)နှစ် မောင်းကာ တင်၀င်းမောင်(၄၅)နှစ် ၊ မသီတာတင်(ခ)ထက်ထက်(၂၂)နှစ်နှင့်ကိုကိုနိုင်(ခ)စောင်းစောင်း(၂၅)နှစ်တို့လိုက်လာသည့် PROBOX ကားအားစစ်ဆေးခဲ့ကြသည်။
ကားပေါ်တွင် စိတ်ကြွဆေးပြား ၃၀၀၀၀ ပြားအားဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ ည ၈ နာရီခွဲတွင် ချမ်းမြေ့ဆောင်(ခ)ကိုချမ်း(၃၁)နှစ်အား ၎င်းနေထိုင်သည့် မင်္ဂလာဒုံမြို့နယ်၊လေးထောင့်ကန်ရပ်ကွက်၊ကံ့ကော်(၁)လမ်းရှိ နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၁၄၀၀ ပြားနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။
ထို့ကြောင့် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်း ဆီးရမိသူများအား သက်ဆိုင်ရာရဲစခန်းများ၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ကာစစ် ဆေးလျက်ရှိကြောင်း သိရသည်။
