Sunday, July 5, 2026

လွန်ပရာဘန်မြို့ရှိ တော်ဝင်နန်းတော်ပြတိုက်သို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်...

လာအိုနိုင်ငံ၊ လွန်ပရာဘန်မြို့ရှိ တော်ဝင်နန်းတော်ပြတိုက် (Royal Palace Museum) သို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့သည် ယနေ့ ဇူလိုင် ၅...

မြန်မာ-လာအို မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာရေး...

လာအိုနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇူလိုင် ၄ ရက် ညနေပိုင်းက လာအိုနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့ လွန်ပရာဘန်မြို့သို့...

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့သည် ယနေ့ ဇူလိုင် ၅ ရက် နံနက်ပိုင်းက လာအိုနိုင်ငံ၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး လာအိုနိုင်ငံ လွန်ပရာဘန်မြို့သို့...

လာအိုနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်...
HomeNewsLocal Newsအင်အားပြင်း မြေငလျင်ဒဏ်ကြောင့် ပြည်မြို့နယ်၊...

အင်အားပြင်း မြေငလျင်ဒဏ်ကြောင့် ပြည်မြို့နယ်၊ မှော်ဇာကျေးရွာအုပ်စု သုံးပန်လှဘုန်းကြီးကျောင်းဝန်းရှိ ရှေးဟောင်းတိုက်ကျောင်းကြီး အရှေ့ဘက်ခြမ်း ပြိုကျပျက်စီး

အင်အားပြင်း မြေငလျင်ဒဏ်ကြောင့် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့နယ်၊ မှော်ဇာကျေးရွာအုပ်စု သုံးပန်လှဘုန်းကြီးကျောင်းဝန်းရှိ ရှေးဟောင်းတိုက်ကျောင်းကြီး အရှေ့ဘက်ခြမ်းပြိုကျပျက်စီးခဲ့ရကြောင်း ပြည်မြို့နယ်အရန်မီးသတ်တပ်ရင်းရုံး သိရသည်။

“ငလျင်လှုပ်ခတ်ပြီးချိန် နယ်မြေအတွင်း ပျက်စီးဆုံးရှုံးမှုများအား လိုက်လံစစ်တမ်းကောက်ယူရာ ငလျှင်ကြောင့် နယ်မြေအတွင်း လူထိခိုက် ဆုံးရှုံးမှုမရှိပါ။ မော်တော်ယာဉ်တစ်စီးလမ်းချော်မှုရှိပြီး သုံးပန်လှကျောင်း အဟောင်းရှေ့ဘက်ခြမ်းအနည်းငယ်ပြိုကျပျက်စီးမှုရှိပါသည်။ လက်ရှိအခြေအနေတည်ငြိမ်သွားပါပြီ။”ဟု ပြည်မြို့နယ်အရန်မီးသတ်တပ်ရင်းရုံးက ဆိုသည်။ 

ယမန်နေ့ မတ်(၂၈) ရက်၊ အင်အားရစ်(ချ်)တာစကေး ရ ဒသမ ရ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင် လှုပ်ရှားမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့ရှိ နေရာများကို အရေးပေါ် အခြေနေအဖြစ် ကြေညာထားသည်။  

လက်ရှိ ငလျင်ဒဏ်သင့် ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့များ၊ လူမှုကူညီကယ်ဆယ်ရေးအသင်းများနှင့် နိုင်ငံတကာအဖွဲ့အစည်း အသီးသီးမှလည်း ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးမှာလည်း ငလျင်ဒဏ်ဆိုးရွားစွာ ခံစားခဲ့ရပြီး ယနေ့မတ်လ (၂၉)ရက်၊ နံနက်ပိုင်းအထိ ကောက်ယူရရှိသော စာရင်းများအရ ငလျင်ဒဏ်ကြောင့် ‌ေ-သဆုံးခဲ့ရသူ (၆၉၄)ဦး၊ ဒဏ်ရာရရှိသူ (၁၆၇၀)ဦးနှင့် ပျောက်ဆုံးနေသူ(၆၈)ဦးရှိကာ အသေးစိတ်စာရင်းများအား ဆက်လက်ကောက်ယူနေပြီး ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ဓါတ်ပုံ – ပြည်မြို့နယ်အရန်မီးသတ်တပ်ရင်းရုံး

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လွန်ပရာဘန်မြို့ရှိ တော်ဝင်နန်းတော်ပြတိုက်သို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့ သွားရောက်လေ့လာ

လာအိုနိုင်ငံ၊ လွန်ပရာဘန်မြို့ရှိ တော်ဝင်နန်းတော်ပြတိုက် (Royal Palace Museum) သို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့သည် ယနေ့ ဇူလိုင် ၅ ရက် နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။ ပြတိုက်အတွင်း လှည့်လည်ကြည့်ရှုရာတွင် လွန်ပရာဘန်မြို့၏ သမိုင်းဝင်တော်ဝင်နန်းတော်၊ လာအိုဘုရင်မင်းဆက်၏ ယဉ်ကျေးမှုအမွေအနှစ်များ၊ ရှေးဟောင်းအနုပညာလက်ရာများနှင့် တန်ဖိုးကြီး ရှေးဟောင်းပစ္စည်းများကို စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြသည်။ ထို့ပြင် ပြတိုက်ဝန်းအတွင်းရှိ လာအိုနိုင်ငံ၏ အလွန်အရေးပါသော ရှေးဟောင်း "ဖဘန် (Phra Bang)" ဗုဒ္ဓရုပ်ပွားတော်အား ဖူးမြော်ကြည်ညိုခဲ့ကြပြီးနောက် တော်ဝင်နန်းတော်ပြတိုက်ရှိ ဧည့်သည်တော်မှတ်တမ်းတွင် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးခဲ့ကြောင်း...

မြန်မာ-လာအို မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာရေး သံရုံးနှင့် စစ်သံရုံးဝန်ထမ်းများ ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မှာကြား

လာအိုနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇူလိုင် ၄ ရက် ညနေပိုင်းက လာအိုနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးမှ ဝန်ထမ်းမိသားစုများနှင့် ပညာတော်သင်သင်တန်းသားများအား တွေ့ဆုံ၍ မြန်မာ-လာအို နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာစေရေးဆိုင်ရာ လမ်းညွှန်မှာကြားခဲ့သည်။ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက မြန်မာနှင့် လာအိုနိုင်ငံတို့သည် ယုံကြည်စိတ်ချရသည့် အိမ်နီးချင်းကောင်းနိုင်ငံများ၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်ကြောင်း၊ အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေးကောင်းမွန်မှုကို ဆက်လက်ထိန်းသိမ်းမြှင့်တင်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် သံရုံးနှင့် စစ်သံရုံးတို့တွင် တာဝန်ထမ်းဆောင်နေသူများအနေဖြင့် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း နှစ်နိုင်ငံဆက်ဆံရေး...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့ လွန်ပရာဘန်မြို့သို့ ရောက်ရှိ

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့သည် ယနေ့ ဇူလိုင် ၅ ရက် နံနက်ပိုင်းက လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ ဝပ်တိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် လွန်ပရာဘန်မြို့သို့ ရောက်ရှိခဲ့သည်။ လွန်ပရာဘန်မြို့ရှိ လေဆိပ်သို့ ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့အား လွန်ပရာဘန်မြို့မှ တာဝန်ရှိသူများက လေဆိပ်တွင် သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071