အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်အပြင်ဘက်၌ ဆန္ဒပြမှုများ ၃ရက်ဆက်တိုက်ဖြစ်ကာ ပြင်းထန်လာပြီး လူအေ-သအပျောက် ၅ ဦးထိရှိလာသောကြောင့် အင်ဒို နီးရှားသမ္မတ ပရာဘိုဝိုကညတရုတ်ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပြီဖြစ်သည်။
ပရာဘိုဝိုသည် တရုတ်တွင်ကျင်းပမည့်ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် စက်တင်ဘာလ ၃ ရက် နေ့၌ ပေကျင်းတွင်ကျင်းပမည့် ‘အောင်ပွဲနေ့’ ချီတက်ပွဲသို့ တက်ရောက်ရန်စီစဥ်ထားခဲ့သည်။
အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုသည် မြို့တော်ဂျကာတာအပြင်ဘက်တွင် ဒေသဆိုင်ရာပါလီမန်အဆောက် အအုံအချို့ မီးရှို့ခံရပြီး၊ ဆန္ဒပြပွဲများ ရက်ကြာရှည်လာသဖြင့် တရုတ်နိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားသည့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြောင်းသိရသည်။
ပရာဘိုဝို ၏သက်တမ်းတစ်နှစ်နီးပါးရှိအစိုးရအတွက်ပထမဆုံးသောစမ်းသပ်မှုဖြစ်သည့် လွှတ်တော် အမတ်များ၏ လစာ နှင့်ပတ်သက်၍ ဆန္ဒပြမှုများဖြစ်သည်။
ထိုစဉ် ဂျကာတာတွင်ရဲကားနှင့် ဆိုင်ကယ်တိုက်မိရာ ဆိုင်ကယ်စီးနင်းသူသေဆုံးပြီးနောက် ဆန္ဒပြမှုများသည် ပိုမိုဆိုးရွားလာခဲ့သည်။
“သမ္မတက အင်ဒိုနီးရှားရဲ့ အခြေအနေကို တိုက်ရိုက်စောင့်ကြည့်ပြီး အကောင်းဆုံးဖြေရှင်းချက်တွေကို ရှာချင်တယ်” ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ Prasetyo Hadi က စနေနေ့တွင် ဗီဒီယိုထုတ်ပြန်ချက်တစ်ခု၌ ပြောကြားခဲ့သည်။
“ဒါကြောင့် သမ္မတက ဖိတ်ကြားချက်ကို မတက်ရောက်နိုင်ခဲ့တဲ့အတွက် တရုတ်အစိုးရကို သမ္မတက တောင်းပန်ပါတယ်။”
ထို့အတူစက်တင်ဘာလတွင် ပြုလုပ်မည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ အစည်းအဝေးခရီးစဉ်ကိုပါ ဖျက်သိမ်းဖို့ စဉ်းစားနေသည်ဟု Prasetyo က ပြောကြားခဲ့သည်။
Ref:scmp.com




