Friday, November 7, 2025

မြန်မာနိုင်ငံနှင့် UNOPS ကြားလက်ရှိပူးပေါင်းဆောင်ရွက်နေမှုများကိုဆွေးနွေး

မြန်မာနိုင်ငံနှင့် UNOPS ကြားလက်ရှိပူးပေါင်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး(UNOPS) ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး၊ ညွှန်ကြားရေးမှူး Mr. Sanjay Mathur...

ဝန်ကြီးဌာန(၃)ခုအတွက် ဒု-ဝန်ကြီးများခန့်အပ်တာဝန်ပေး

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးမှ ယ နေ့ နိုဝင်ဘာ ၆ ရက်က အမိန့်အမှတ် ၄၈ /၂၀၂၅ ဖြင့် ဝန်ကြီးဌာန(၃)ခုအတွက် ဒု-ဝန်ကြီးများကို ခန့်အပ်တာဝန်ပေးခဲ့ကြောင်း...

ပဲခူးတန်ဆောင်တိုင်ပွဲတော် ပထမနေ့တွင် နေ့အရုပ်မီးပုံးပျံ (၇)...

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောဘုရား၏ ယာဥ်ရပ်နားဝင်းအတွင်း၌ ယနေ့ နိုဝင်ဘာ ၆ ရက်မှစတင်ကျင်းပသည့် တန်ဆောင်တိုင်ပွဲတော် (ပထမနေ့) ညနေ ၄ နာရီတွင်...

ကံတလူတိုးဂိတ်အနီးတွင် ယာဥ်တို-က်မှုဖြစ် (၁)ဦးဒ-ဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ကံတလူတိုးဂိတ်အနီးတွင် ယနေ့ နိုဝင်ဘာ ၆ ရက်နေ့လည် ၃ နာရီကျော်ခန့်က ယာဥ်တို-က်မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။ စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးသွားကားလမ်းမကြီး၏...
HomeNewsLocal Newsအင်ဒိုနီးရှားနှင့်ကန်မည့် မြန်မာယူ ၁၇...

အင်ဒိုနီးရှားနှင့်ကန်မည့် မြန်မာယူ ၁၇ အမျိုးအသမီးအသင်း ခြေစစ်ပွဲ တိုက်ရိုက်ထုတ်လွှင့်မည်

ယနေ့ (အောက်တိုဘာ ၁၇) တွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ အင်ဒိုနီးရှားအသင်းနှင့် ကန်ရမည့် မြန်မာအမျိုးသမီး ယူ ၁၇ ခြေစစ်ပွဲကို နိုင်ငံပိုင်ရုပ်သံလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်သည်။

ကြည့်ရှူလိုသူများသည် MRTV HD Channel, MRTV Entertainment Channel နှင့် မြန်မာ့အသံရေဒီယိုတို့မှ ကြည့်ရှူ နားဆင်နိုင်မည် ဖြစ်သည်။

မြန်မာယူ ၁၇ အမျိုးသမီးအသင်းသည် ၂၀၂၆ အမျိုးသမီး ယူ-၁၇ အာရှဖလားခြေစစ်ပွဲစဉ်အတွက် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းတွင် အိမ်ရှင်အဖြစ်လက်ခံကစားနေခြင်းလည်း ဖြစ်သည်။

လက်ရှိ၌ မြန်မာယူ ၁၇ အမျိုးအသမီးအသင်းသည် မကာအိုအသင်းကို အသင်းခေါင်းဆောင်ပင်မြင့်ယံက(၂)ဂိုး၊ ရှင်းသန့်ဖြူစင်ပြုံးက (၃)ဂိုး၊ အယ်လိစိုင်ထွယ်နန်းက (၁)ဂိုးနဲ့ ခိုင်ဇင်မြင့်က (၁)ဂိုး အသီးသီး သွင်းယူပြီးအနိုင်ရရှိထားကာ ခြေစစ်ပွဲအောင်ရန်အတွက် အင်ဒိုနီးရှားအသင်းကို ကျော်ဖြတ်ရန်ရှိနေသေးသည်။

ဓာတ်ပုံ – Jogarbola Facebook Page

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံနှင့် UNOPS ကြားလက်ရှိပူးပေါင်းဆောင်ရွက်နေမှုများကိုဆွေးနွေး

မြန်မာနိုင်ငံနှင့် UNOPS ကြားလက်ရှိပူးပေါင်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး(UNOPS) ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး၊ ညွှန်ကြားရေးမှူး Mr. Sanjay Mathur တို့ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် ယနေ့ နိုဝင်ဘာ ၆ ရက်နံနက် ၁၀ နာရီ ၄၅ မိနစ်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရုံး၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ UNOPS ၏ မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူးနှင့် ကိုယ်စားလှယ် Ms. Sara Austin Netzer တို့တက်ရောက်ခဲ့ကြသည်။ 

ဝန်ကြီးဌာန(၃)ခုအတွက် ဒု-ဝန်ကြီးများခန့်အပ်တာဝန်ပေး

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံးမှ ယ နေ့ နိုဝင်ဘာ ၆ ရက်က အမိန့်အမှတ် ၄၈ /၂၀၂၅ ဖြင့် ဝန်ကြီးဌာန(၃)ခုအတွက် ဒု-ဝန်ကြီးများကို ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇၊ ပုဒ်မခွဲ(ခ)အရ ဗိုလ် ချုပ်အောင်မျိုးသန့်အား ကာကွယ်ရေးဝန်ကြီးဌာန၊ ဦးသန့်စင်လွင်အား ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဦးသိုက်စိုးအား သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့၏ ဒု-ဝန်ကြီးများအဖြစ်ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။

ပဲခူးတန်ဆောင်တိုင်ပွဲတော် ပထမနေ့တွင် နေ့အရုပ်မီးပုံးပျံ (၇) ခုလွှတ်တင်ပူဇော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောဘုရား၏ ယာဥ်ရပ်နားဝင်းအတွင်း၌ ယနေ့ နိုဝင်ဘာ ၆ ရက်မှစတင်ကျင်းပသည့် တန်ဆောင်တိုင်ပွဲတော် (ပထမနေ့) ညနေ ၄ နာရီတွင် နေ့အရုပ်မီးပုံးပျံများကို လွှတ်တင်ပူဇော်ခဲ့ကြသည်။ နွား၊ သိန်းငှက်၊ ကြက်၊ ဆင်၊ ငန်း၊ ဘဲ စသည့်နေ့အရုပ်မီးပုံးပျံ (၇) ခုအားလွှတ်တင်ပူဇော်ခဲ့ကြပြီး ညပိုင်းတွင်လည်း မီးစင်္ကြာလှည့်လည်ပူဇော်ပွဲ၊ တန်ဆောင်တိုင်ဖွင့်ပွဲ၊ မီးပုံးပျံအကြီး၊ အသေးလွှတ်တင်ပူဇော်ခြင်းနှင့် တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများဖြင့်ကျင်းပလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071