Friday, February 14, 2025

ရွှေကုက္ကိုလ်က အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကို ကရင်နယ်ခြားစောင့်တပ် က...

ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ ရွှေကုက္ကိုလ်မြို့သစ်တွင် ခြေကုတ်ယူကာ လုပ်ဆောင်နေသည့် အွန်လိုင်းငွေလိ-မ်လည်သည့် ကျားဖျန့်လုပ်ငန်းများအား ကရင်နယ်ခြားစောင့်တပ် (BGF) က ဝင်ရောက် ဖမ်းဆီးမှုများကို...

Myanmar National League 2024-25...

Myanmar National League 2024-25 ပွဲစဉ် Week-19 ပွဲစဉ်များ ပြီးဆုံးချိန်အထိ အများဆုံး သွင်းဂိုး(၁၃)ဂိုးဖြင့် ဆက်လက် ဦးဆောင်နေသူမှာ ရန်ကုန်ယူနိုက်တက်အသင်း...

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ထိန်းထားနိုင်ရန် တရုတ်ကြိုးပမ်းနေ

ပေကျင်း၊ဖေဖော်ဝါရီ ၁၂ ပြင်းထန်လာသည့် တရုတ်-အမေရိကန်ကုန်သွယ်ရေးအားပြိုင်မှုများအကြား ၌ မြေစာပင်ဖြစ်မည့်အရေးကို စိုးရိမ်ပူပန်နေကြသည့်ကမ္ဘာ့စီးပွားရေးခေါင်းဆောင်များကို သိမ်းသွင်းနိုင်ရန်အတွက် တရုတ်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို တည်ငြိမ်စေမည့်အစီအစဉ်ကို အတည်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။ တနင်္လာနေ့က ဝန်ကြီးချုပ်လီချင်ဦးဆောင်သည့် နိုင်ငံတော်ကောင်စီအစည်းအဝေးတွင်...

ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၇...

တောင်တရုတ်ပင်လယ်ပြင်၊ ၎င်းနှင့်တစ်ဆက်တည်းရှိသော အရှေ့ဗီယက်နမ်ကမ်းလွန်ပင်လယ်ပြင်တို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေသည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)၏ ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ယင်း လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဖေဖော်ဝါရီ...
HomeInternationalအင်ဒိုနီးရှားက Brics အဖွဲ့၏...

အင်ဒိုနီးရှားက Brics အဖွဲ့၏ တင်းပြည့်အဖွဲ့ဝင်ဖြစ်လာ

အင်ဒိုနီးရှားနိုင်ငံသည် Brics အဖွဲ့၏ တင်းပြည့်အဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင်ပူးပေါင်းခဲ့ပြီဖြစ်ကြောင်း ဘရာဇီးအစိုးရက ဇန်နဝါရီ ၆ ရက်နေ့ကသတင်း ထုတ်ပြန်ချက်တွင် ပြောဆိုခဲ့ပြီး ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကတို့လည်းပါဝင်သော ထွန်းသစ်စစီးပွားရေးနိုင်ငံများအုပ်စုကို ပိုမိုတိုးချဲ့လိုက်ခြင်းဖြစ်သည်။

ကမ္ဘာ့စတုတ္ထလူဦးရေအများဆုံး အင်ဒိုနီးရှားနိုင်ငံသည် ထွန်းသစ်စနိုင်ငံများ အားကောင်းစေရေးနှင့် တောင်ကမ္ဘာခြမ်းဟုခေါ်တွင်သော ဒေသ၏ အကျိုးစီးပွားများ ပိုမိုတိုးတက်ရေးအတွက် အဖွဲ့သို့ ပါဝင်လိုသည်ဟု ယခင်ကတည်းက ထုတ်ဖော်ပြောဆိုထားခဲ့သည်။

၂၀၂၃ ခုနှစ်တွင် တောင်အာဖရိကနိုင်ငံ၌ ပြုလုပ်ခဲ့သော ထိပ်သီးအစည်းအဝေး၌ အဖွဲ့ကို တိုးချဲ့ရေးတွန်းအားပေးမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် အဖွဲ့ဝင်နိုင်ငံများသည် အင်ဒိုနီးရှားနိုင်ငံကို ဝင်ရောက်ခွင့်ပြုရန် ကနဦးအတည်ပြုခဲ့ကြသည်ဟု အဖွဲ့၏ ၂၀၂၅ ခုနှစ် ဥက္ကဌနေရာကို ရယူထားသည့် ဘရာဇီးက ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၏ ကမ်းလှမ်းမှုကို ၂၀၂၃ ခုနှစ်တွင် အဖွဲ့က မီးစိမ်းပြခဲ့သော်လည်း အာရှနိုင်ငံသည် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲအပြီးမှသာ ပူးပေါင်းရန် တောင်းဆိုခဲ့သည်ဟု ဘရာဇီးအစိုးရက ပြောဆိုသည်။

အောက်တိုဘာလတွင် ပရာဘိုဝို ဆူဘီယန်တို အင်ဒိုနီးရှားသမ္မတအဖြစ် တက်လာခဲ့သည်။

Brics အဖွဲ့တွင် အီဂျစ်၊ အီသီယိုပီးယား၊ အီရန်နှင့် ယူအေအီးနိုင်ငံများလည်း ပါဝင်သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရွှေကုက္ကိုလ်က အွန်လိုင်းငွေလိ-မ်ဂိုဏ်းများကို ကရင်နယ်ခြားစောင့်တပ် က ဝင်ရောက်ဖမ်းဆီးမှုစတင်

ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ ရွှေကုက္ကိုလ်မြို့သစ်တွင် ခြေကုတ်ယူကာ လုပ်ဆောင်နေသည့် အွန်လိုင်းငွေလိ-မ်လည်သည့် ကျားဖျန့်လုပ်ငန်းများအား ကရင်နယ်ခြားစောင့်တပ် (BGF) က ဝင်ရောက် ဖမ်းဆီးမှုများကို ယနေ့ နံနက်ပိုင်းတွင် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း အဆိုပါတပ်၏ တာဝန်ရှိသူများထံမှ သိရသည်။ ယနေ့ ဖေဖေါ်ဝါရီ (၁၄) ရက် နံနက် (၆) နာရီအချိန်မှစတင်ကာ ရွှေကုက္ကိုလ်ဒေသရှိ ကျားဖျန့်လုပ်ငန်းများအား ဝင်ရောက်စီးနင်းကာ စစ်ဆေးဖမ်းဆီးခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ကရင်နယ်ခြားစောင့်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ " မနက် (၆) နာရီလောက်မှာ စလုပ်တာပါ"...

Myanmar National League 2024-25 ပွဲစဉ်တလျှောက် သွင်းဂိုး(၁၃)ဂိုးဖြင့် ဆက်လက် ဦးဆောင်နေသည့် တိုက်စစ်မှူး ရန်ကျော်ထွေး

Myanmar National League 2024-25 ပွဲစဉ် Week-19 ပွဲစဉ်များ ပြီးဆုံးချိန်အထိ အများဆုံး သွင်းဂိုး(၁၃)ဂိုးဖြင့် ဆက်လက် ဦးဆောင်နေသူမှာ ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မှူး ရန်ကျော်ထွေးဖြစ်ကြောင်း မြန်မာနေရှင်နယ်လိဂ်ကော်မတီ၏ ဖေဖေါ်ဝါရီ (၁၃) ရက်တွင် အသိပေးထားသည်။ ရန်ကျော်ထွေးသည့် ပြီးခဲ့သည့် Week -18 ပွဲစဉ် ပြီးဆုံးချိန်မှစတင်၍ သွင်းဂိုး (၁၃)ဂိုးဖြင့် ဦးဆောင်နေခြင်းဖြစ်ပြီး၊ လာမည့် Week -20 ပွဲစဉ်ကို ဖေဖော်ဝါရီ (၁၄)ရက်၌ စတင်ယှဉ်ပြိုင်သွားမည်ဖြစ်ကာ အသင်းများအလိုက်လက်ကျန်ပွဲစဉ် သုံးပွဲစီ ကစားရန်သာ ကျန်ရှိသည်။ အလားတူ...

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ထိန်းထားနိုင်ရန် တရုတ်ကြိုးပမ်းနေ

ပေကျင်း၊ဖေဖော်ဝါရီ ၁၂ ပြင်းထန်လာသည့် တရုတ်-အမေရိကန်ကုန်သွယ်ရေးအားပြိုင်မှုများအကြား ၌ မြေစာပင်ဖြစ်မည့်အရေးကို စိုးရိမ်ပူပန်နေကြသည့်ကမ္ဘာ့စီးပွားရေးခေါင်းဆောင်များကို သိမ်းသွင်းနိုင်ရန်အတွက် တရုတ်၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို တည်ငြိမ်စေမည့်အစီအစဉ်ကို အတည်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။ တနင်္လာနေ့က ဝန်ကြီးချုပ်လီချင်ဦးဆောင်သည့် နိုင်ငံတော်ကောင်စီအစည်းအဝေးတွင် တရုတ်ခေါင်းဆောင်များက နိုင်ငံခြားကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မည့် မက်လုံးအသစ်များကို ဖန်တီးသွားမည်ဟုလည်းကတိပြုခဲ့ကြသည်။ "ပြည်ပရင်းနှီးမြှုပ်နှံသူတွေ တရုတ်နိုင်ငံတွင်းမှာလာရောက်ရင်းနှီးမြှုပ်နှံဖို့၊အဲ့ဒီကုမ္ပဏီတွေကိုကူညီဖို့နဲ့စည်းစနစ်တကျရင်းနှီးမြှုပ်နှံနိုင်ဖို့အတွက် တာဝန်ရှိသူတွေကကူညီပေးရမှာပါ" ဟုလည်း သတင်းထုတ်ပြန်ကြေငြာခဲ့သည်။ ကုန်ထုတ်လုပ်မှုကဏ္ဍရှိ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဆိုင်ရာအကန့်အသတ်များကို အလုံးစုံဖယ်ရှားပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကိုအားပေးသည့် လုပ်ငန်းအရေအတွက်ကိုပါတိုးချဲ့မည်ဖြစ်ကြောင်းကိုလည်း တရုတ်အစိုးရအဖွဲ့ကပြောကြားခဲ့သည်။ ပြည်ပသာမက ပြည်တွင်းမှရန်ပုံငွေထောက်ပံ့ပေးထားသည့် စီးပွားရေးလုပ်ငန်းများအားလုံးကို အစိုးရကတန်းတူညီမျှဆက်ဆံကာ နိုင်ငံခြားစီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးထောက်ပံ့မှုလမ်းကြောင်းများ တိုးတက်လာစေရန်ဆောင်ရွက်မည်ဟုလည်းဆိုသည်။ ထို့အပြင် အစိုးရက တရုတ်နိုင်ငံ၌နိုင်ငံခြားခရီးသည်များ ခရီးသွားခြင်း၊နေထိုင်အလုပ်လုပ်ကိုင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071