Thursday, May 14, 2026

မြန်မာအစိုးရ၏ မူဝါဒများကို တရုတ်ဘက်က ဆက်လက်ထောက်ခံကြိုဆိုမည်ဟု...

Chongqing မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စဝမ်းဝမ်က မြန်မာအစိုးရ၏ ဆက်လက်အကောင်အထည်ဖော်မည့် မူဝါဒများနှင့် လုပ်ငန်းစဉ်များကို တရုတ်နိုင်ငံဘက်မှ အစဉ်တစိုက် ထောက်ခံကြိုဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းပြောကြားချက်ကို...

အစိုးရသစ် ရက် ၁၀၀ စီမံချက်အတွင်း...

ဥပဒေရေးရာဝန်ကြီးဌာနလက်အောက်ရှိ မြို့နယ်ဥပဒေရုံး ၁၀ ရုံးကို အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်အတွင်း ရှေ့ပြေးဥပဒေရုံးများ (Pilot Law Offices) အဖြစ်...

အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူများ...

အကြံပြုစာများကို ပြည်ထောင်စုလွှတ်တော်ရုံးသို့ ပေးပို့နိုင် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို ယနေ့ မေလ ၁၄ ရက်နေ့တွင် ပြည်သူများ သိရှိလေ့လာအကြံပြုနိုင်ရန် နိုင်ငံပိုင်သတင်းစာကတဆင့် အသိပေးထုတ်ပြန်ထားကြောင်း...

အီရန်တွင် အသေးစားငလျင်များ ဆက်တိုက်လှုပ်ခတ်ပြီးနောက် ငလျင်ကြီးဖြစ်ပွားနိုင်ခြေအပေါ်...

Tehran မြို့တော်၏ အရှေ့ဘက် ပါဒစ်ဒေသတွင် တစ်ညအတွင်း အသေးစားငလျင် ကိုးကြိမ်ဆက်တိုက် လှုပ်ခတ်ခဲ့ကြောင်း အစိုးရတစ်ပိုင်း သတင်းဌာန Mehr က ဗုဒ္ဓဟူးနေ့တွင်...
HomeArticlesအင်းဝထိုင်သူများ

အင်းဝထိုင်သူများ

အင်းဝ။ ဒါပေမဲ့ ‘လမင်းတစ်ရာ  အင်းဝ။ ဒါပေမဲ့ ‘လမင်းတစ်ရာ  ကြီး’ရဲ့ အင်းဝမဟုတ်။ အင်းဝ ဂုဏ်ရည်ကြီးရဲ့ အင်းဝလည်းမဟုတ်။ ဒါ အင်းဝ။  ဒီအင်းဝက သပိတ်သံတိတ်၊ ငှက် သံငှက်သံဆိတ်တယ်။ လမင်းတစ်ရာ ကြီးက သူ့ဟေမန္တ ခြေမြန်တော် အဖော်ပြုရင်း ဒီအင်းဝရဲ ဧည့် သည်တော်အဖြစ် ခေတ်ပေါ်ကဗျာ ရဲ့ တခါးချပ်လို ဒီအင်းဝမှာ လှပ် ပြဖူးတယ်။  ဘာထူးလဲ။ ဒီအင်းဝမှာ ‘အင်း ဝဂုဏ်ရည်ကြီး’ကလည်း တကယ့် လေးစားလောက်တဲ့ နဖူးကြီးနဲ့ ဒီအင်းဝမှာ အမြဲတမ်း ရင်းနှီးမှု   တွေ လက်လွန်တယ်။ ကဗျာအပြင်၊ ဂီတချွန်သူများအကြောင်း တစေ့ တစောင်းရော၊ ပြောင်ရော၊ သောင်း ပြောင်းထွေလာ ထွေရာလေးပါးတွေ ကို ကရားရေမရပ်။ ဒီနေရာ၊ ဒီ အရပ်ရောက်တယ်ဆို ဣေâန္ဒဆိုတာ ဘေးကပ်။ သိက္ခာတွေဆိုတာ ရပ်၊ ခဏရပ်။ ပါးစပ်ဆိုင်း အတော်တီး တယ်။ ဒီအင်းဝမှာ။  ဒီအင်းဝမှာ နုနုရည် (အင်းဝ) ပေါ့။ သင်းကလည်း လက်အဆော့ မသေးဘူးဗျ။ ဒီရောက်ရင် ဘယ် တော့မှ အေးအေးဆေးဆေးနေတာ မဟုတ်ဘူး။ ဝတ္ထု တိုရေး ကွက်ထဲ ခဲ တစ်လုံးပစ်ချတဲ့အခါပစ်ချ၊ ထလိုက် တဲ့ဂယက်ဆိုတာ ဒီအင်းဝမှာ သွက်သွက်တောင်ခါပါတယ်။ သူမရဲ့ အဆောင်ဖြစ်တဲ့ တောင်တွင်းကြီး တစ်လွှားက မောင်မင်းကြီးသား ကိုအောင်ကျော်တိုးဆို ဖိုဆိုး မပျက် ဘူး။ ပင်မှည့်ဆေးပေါ့လိပ်ကို သူသိပ် စွဲမက်ရှာရဲ့။ ဒီအင်းဝအတွက် ဆရာမနုနုရည်က သူ့ခင်ပွန်းကို အဆစ်ပေးတဲ့ သဘောတဲ့လေ။  ဒီအင်းဝမှာ ဒါတင်လား။

မကဘူး” မောင်သစ်နီ(အင်းဝ)ဆိုတဲ့ အင်းဝသားကဗျာဆရာ။ သူ့ကို ကပ္ပိ ယကဗျာဆရာလို့လည်းခေါ်ရဲ့။ အရပ်ကူပါ စာရေးဆရာလို့လည်း ခေါ်ကြပါရဲ့။ အင်းဝရဲ့ မျိုးဆက်သစ် ကြီးပေါ့။ အဖော်သာကောင်းပေ့စေ။ ကောင်းမှုတော်လမ်း ပေါက်သလို ဒီအင်းဝ ရောက်လာတတ်သဗျ။  အင်း ဒီအင်းဝမှာ အင်းဝသား တွေ လွန့်မြူးလိုက်ပုံက ‘စာရေးဆရာ မောင်သာပို’ သူကတော့ အချောင် ရှာလိုတဲ့ သဘောမပါပါဘူး။ ခေါ်ပြီး သာ ဒကာခံလို့ကတော့ ပုဂံပါစား မယ်ထင်ရတယ်လေ။  အဲ အင်းဝအကြောင်း ပြောရင် ချန်ထားလို့မရတဲ့အကောင် တစ် ကောင်ရှိသေးတယ်။ သူက ငနီလို့ ကျွန်တော်က ချစ်စနိုးခေါ်တဲ့ ကဗျာ ဆရာနီမောင်ပေါ့။ ဟုတ် ဟိုအင်း ဝက နီမောင်ဟာ ဒီအင်းဝနဲ့ သိပ် မစိမ်းဘူး။ ငယ်ပေါင်းသူငယ်ချင်းတွေ ဆိုတော့ အကြောင်းကလည်း ကောင်းကောင်းသိပြီးသား။ သူ့ရဲ့ ကိုငြိမ်းပျောက် ရှာပုံတော်တို့၊ ကိုငြိမ်း ပျောက် စုံနံ့သာမြိုင်တို့ဆိုတာ အင်းဝ ချည်း၊ ဒီအင်းဝချည်းပါပဲ။  သူတို့တစ်တွေအားလုံးဟာ အင်းဝနေ အင်းဝကျား၊ အင်းဝမြေ၊ အင်းဝဖွားတွေချည်း ဖြစ်ပေမယ့် ဒီအင်းဝမှာတော့ သူတို့အားလုံး အာ ဂန္တုတွေချည်း။  သူတို့ဟာ သူတို့သန်လျက်ခုံ၊ ဖင် ခုထိုင်ထိုင်၊ ဧရာဝတီအကြီးတစ်လုံး ကို ဒုဠဝတီတစ်ပက်နဲ့စပ် သောက် သောက်။ ဒီအင်းဝကို အသိအမှတ် ပြုကြတာကိုတော့ ကျေးဇူးတင်ပါတယ်။

  အဲ အဲ အင်းဝဆိုတာ စပ်မိလို့ ဆက်ပြောရဦးမယ်။ သဘင်မဂ္ဂဇင်း အယ်ဒီတာကိုချစ်ဦးညိုပေါ့။ ဘယ်လို ပြောရမလဲ။ သမိုင်းကို ဖုန်ခါတဲ့ ကြား မအားရာက ရာဇဝင်ကို ဖွပ် လျှော်တဲ့ကြား မအားရာက နိပါတ် တော်ကို ခဝါချတဲ့ကြား၊ မအားရာက ဘုရားကြီးမှာနေတဲ့ ကျွန်တော့်အိမ်ကို ရောက်လာဖူးသဗျ။ သူနဲ့ကျွန်တော် ဆိုတာ အထက်တန်းကျောင်းသား ဘဝက သူငယ်ချင်းတွေပေါ့။ အဲဒီ တုန်းက မန္တလေးက စာသမားတွေ ဝင်းလိုက်နားက မုတ်ဆိတ်ကဖေးမှာ ထိုင်ကြတယ်။ ကျွန်တော်ကတော့ သိပ်မထိုင်ဖြစ်ဘူး။ ဒါနဲ့ ဗိုလ်ချစ် (ချစ်ဦးညို)က ကျွန်တော့်ကို ဘယ် ဆိုင်ထိုင်သလဲ မေးပါတယ်။ ဒါနဲ့ ကျွန်တော်လည်း သဘင်မဂ္ဂဇင်း အယ်ဒီတာကြီးကို ကျွန်တော်ဘယ် ဆိုင်ထိုင်ကြောင်း ဇာတ်လေကြီးနဲ့ ခုလို ပြောခဲ့တာကို မှတ်မိ . . .

ဗိုလ်ချစ်ရေမုတ်ဆိတ်ကို မထိုင်ဖြစ်ပေမယ့် ကလောင်ငယ်ညီငယ်ရင်းတွေနဲ့ပျော်ရင်းသာ ကျွန်တော်ထိုင်နေမိတာကမန္တလာ အရှေ့တော်ခြမ်းဆီကလက်ဖက်ရည်ကောင်းသတင်းတွေနဲ့အရမ်းပဲ သင်းမြမွှေးလှတဲ့ (ဟိုအေ) ရှမ်းပွဲ အင်းဝကဖေး။

အင်းဝလက်ဖက်ရည်ဆိုင် စာပေအုပ်စု ကလေးသို့
ကိုငြိမ်း (မန္တလေး)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071