Sunday, May 10, 2026

ကလေးမြို့နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ငွေကျပ် (၉)ဘီလီယံကျော်တန်ဖိုးရှိ...

​စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ငွေကျပ်(၉)ဘီလီယံကျော်တန် ဖိုးရှိ ဘိန်းဖြူ(၇၇)ကီလိုနှင့် စိတ်ကြွဆေးပြား(၄)သန်းကို ကွင်းဆက်တရားခံများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီ...

ဟင်္သာတမြို့နယ် မိုးသည်းလေပြင်း စေတီတစ်ဆူထီးတော်တိမ်း စောင်း...

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၌ မေ ၈ ရက်ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ငါးဖားကျေးရွာ၊ သဲဖြူကျေးရွာ၊ ရေကျော်ကျေးရွာတို့တွင် ယင်း မိုးသည်းထန်ပြီးလေပြင်းတိုက်ခတ်မှုကြောင့်...

အာဆီယံ ကို စည်းလုံးညီညွတ်ရန် အနူတင်...

ကြီးမားလာသောပထဝီနိုင်ငံရေး မတည်ငြိမ်မှုနှင့် စီးပွားရေး မရေရာမှုများကို ရင်ဆိုင်နေရချိန်တွင် အာဆီယံအတွင်း ပိုမိုခိုင်မာသော ဒေသတွင်းစည်းလုံးညီညွတ်မှု၊ ပြန်လည်ရုန်းထနိုင်စွမ်းရှိမှုနှင့် ကမ္ဘာတစ်ဝန်းနှင့် ဆက်စပ ပတ်သက်မှုတို့ ရှိစေရန်...

ဟန်တာဗိုင်းရပ်စ်အရေး ထိုင်းရောဂါစစ်ဆေးရေးဌာနများကို တင်းကြပ်ထား

အာဂျင်တီးနားနှင့် ကိတ်ဗာဒီအကြား သွားလာနေသော အပျော်စီးသင်္ဘောတစ်စီးပေါ်တွင် အသက်‌ေ-သဆုံးနိုင်ပြီး ကူးစက်တတ်သော ဟန်တာဗိုင်းရပ်စ် ကူးစက်မှုများနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(ဒဗ္ဗလျူအိတ်ခ်ျအို) က သတိပေးချက်ထုတ်ပြန်ပြီးနောက် ထိုင်းနိုင်ငံရှိ...
HomeCelebrities' Newsအင်းစိန်ထောင်မှာ အကျဉ်းကျနေတဲ့ ...

အင်းစိန်ထောင်မှာ အကျဉ်းကျနေတဲ့ မိုးအောင်ရင်ကို အားပေးစကားဆိုခဲ့တဲ့ နေမင်း

သရုပ်ဆောင်နေမင်းက ခန္ဓာ ကိုယ်ကြံ့ခိုင်ဖို့အတွက် လက်ဝှေ့ကစား နည်းကို နေတိုင်း ကစားဖြစ်နေပါ တယ်။ အခုဆိုရင် လက်ဝှေ့ကစားတာ တစ်နှစ်လောက် ရှိနေပါပြီ။ လက် ဝှေ့ကစားနည်းကို စိတ်ဝင်စားသွား သလို အသားကျလာပြီဖြစ်တဲ့အတွက် ရုပ်ရှင်ရိုက်ဖို့အထိလည်း တွေးထား တယ်လို့ ဆိုပါတယ်။ လက်ဝှေ့ကစား ခြင်းရဲ့ အားသာချက်နဲ့ပတ်သက်ပြီး နေမင်းက …

”လက်ဝှေ့ကစားတာ ကောင်းတယ်။ လမ်းဘေး ရန်ဖြစ်တဲ့ ပုံစံနဲ့ တစ်သားတည်းဖြစ်တယ်။ ကျွန်တော်တို့ ရုပ်ရှင်မှာ ထိုးခဲ့တာနဲ့ အခု လက်ဝှေ့နဲ့ ကြည့်တဲ့အခါ တချို့ ဟာတွေမှာ ကွက်တိဖြစ်တယ်။ တချို့ ဟာတွေမှာ ကွက်တိဖြစ်ဖို့ ပြန် train ရတာတွေ ရှိတယ်။ မတူဘူးပေါ့။ ဒါပေမဲ့ မြန်မာလူမျိုးတွေနဲ့ အနီးစပ် ဆုံး၊ အချိန်တိုတိုလေးနဲ့ ကိုယ်လက် ကြံ့ခိုင်မှု အကောင်းဆုံးဖြစ်တာ လက် ဝှေ့က ပိုပြီးဖြစ်မယ်ထင်တယ်။ ကျွန်တော် ကြားထဲမှာ ဝသွားတယ်။ အခုပြန်ပိန်သွားတယ်။ အရမ်းကြီးပိန် သွားတာမျိုးမဟုတ်ဘဲနဲ့ သူ့ဟာသူ ကျစ်ကျစ်လစ်လစ်လေး ပိန်သွား တယ်။ အဲဒါကို ကျွန်တော်သဘောကျ တယ်။ အဲဒါကြောင့် လက်ဝှေ့နေ့တိုင်း လာ ဆော့ဖြစ်တယ်။ ရန်သူစရိုက်တဲ့ အချိန် ၃ လပိုင်းထဲက စဆော့တာ အခုဆို တစ်နှစ်တောင်ပြည့်တော့ မယ်။ အဲဒီ လောက်အချိန်ဖြစ်သွား တော့ ထိုးတာလည်း တော်တော်လေး အသားကျသွားပြီ”လို့ပြောပါတယ်။

နေမင်းက သူငယ်ချင်းဖြစ်သူ မိုး အောင်ရင်ကို ဇန်နဝါရီ ၁၅ ရက်နေ့ က အင်းစိန် ဗဟိုအကျဉ်းထောင်မှာ သွားရောက်တွေ့ဆုံခဲ့ပြီး အားပေး စကားတွေလည်း ပြောဖြစ်ခဲ့ပါတယ်။ ရန်သူရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ် တွေရဲ့အားပေးမှုတွေကို တဖန်ပြန် လည် ရရှိလာတဲ့ နေမင်းက သူအခု လိုအားပေးမှု ရရှိသလိုပဲ သူငယ်ချင်း ဖြစ်သူ မိုးအောင်ရင် ထောင်က ပြန်ထွက်လာတဲ့အခါကျရင်လဲ ပရိ သတ်က အားပေးဖို့ အဆင်သင့်ရှိနေ မှာပါဆိုတဲ့ အကြောင်းကိုလဲ အား ပေးစကားဆိုခဲ့ပါတယ်။ အခုအချိန် မှာ ရန်သူဇာတ်ကားနဲ့ ပရိသတ်အား ပေးမှုရရှိတဲ့အပေါ်မှ နေမင်းက…

”ကျေ နပ်ပါတယ်။ အခုလိုမျိုး အားသွန်ခွန် စိုက်နဲ့ အနုပညာအလုပ်တွေ ပြန် လုပ်ဖို့အတွက် အင်အားဖြစ်ခဲ့တာလဲ ရန်သူကြောင့်ပါပဲ။ မိုးအောင်ရင်ကို ပြောဖြစ်တဲ့ထဲမှာလဲ အဲဒါတွေပါ တယ်။ ကျွန်တော်တို့ တကယ်ကြိုးစား ပြီး တကယ်ရပ်တည်မယ်ဆိုရင် နေရာတစ်ခုကိုပေးဖို့ ပရိသတ်က အဆင်သင့်ရှိတယ်။ ကျွန်တော်တို့သာ ကောင်းမွန်တဲ့ အနုပညာနဲ့ တကယ် အရည်အသွေးရှိတဲ့ တင်ဆက်မှုကို သာ ပရိသတ်ကိုပေးမယ်ဆိုရင် ပရိ သတ်ကလည်း ကျွန်တော်တို့အတွက် နေရာတွေ အများကြီးထားထားပါ တယ်” လို့ ပြောပါတယ်။ နေမင်းက ဇာတ်ကားတွေ အများကြီး ရိုက်ကူး သွားမှာမျိုးမဟုတ်ဘဲ တစ်ကားဆို တစ်ကား ပရိသတ်လက်ခံအားပေးမှု ရရှိအောင် စိစစ်ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- ထက်လူ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071