Friday, September 11, 2026

ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အဆင့်မြှင့်တင်မည်

ရန်ကုန်၊ စက်တင်ဘာ ၁၁ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ကို အဆင့်မြှင့်တင်ဆောင်ရွက်ရန်အတွက် တာဝန်ရှိသူများနှင့် ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များ စက်တင်ဘာ ၁၀...

ရွှေလီ (၁) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ အမှတ်...

ရန်ကုန်၊ စက်တင်ဘာ ၁၁ ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ ရွှေလီ (၁) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ အမှတ် (၆) ဓာတ်အားပေးစက်အား စက်တင်ဘာ ၁၁...

ဓာတ်ဆီဈေးတက်လာပြီး ဒီဇယ်တစ်လီတာ ကျပ် ၉၀...

ရန်ကုန်၊ စက်တင်ဘာ ၁၁ ကမ္ဘာ့ရေနံဈေးမှာ ရေနံစိမ်းတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၃ ဝန်းကျင်အထိ မြင့်တက်လာပြီး ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများတွင် ဓာတ်ဆီဈေး မြင့်တက်လာသော်လည်း ဒီဇယ်ဈေးမှာ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဖနောင်ပင်မြို့ Techo...

ဖနောင်ပင်၊ စက်တင်ဘာ ၁၁ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) အဖြစ် သွားရောက်သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ...
HomeNewsLocal Newsအဂတိနှင့်ပတ်သက်၍အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ်ကို...

အဂတိနှင့်ပတ်သက်၍အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ်ကို ဆက်သွယ်ရေးအော်ပရေတာများနှင့်ဆောင်ရွက်ထား

အဂတိလိုက်စားမှု တို-က်ဖျ-က်ရေးကော်မရှင်၏ ဝန်ဆောင်မှုတစ်ခုဖြစ်သည့် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ်ကို ဆက်သွယ်ရေးအော်ပရေတာများနှင့် ညှိနှိုင်းဆောင်ရွက်ထားကြောင်း အဂတိတိုက်စားမှုတို-က်ဖျ-က်ရေးကော်မရှင်က ထုတ်ပြန်ထားသည်။

အဆိုပါ အစီအစဉ်သည် အစိုးရဌာန/အဖွဲ့အစည်းများ၏ ဝန်ဆောင်မှုလုပ်ငန်းများပိုမိုကောင်း မွန်လာစေရေးနှင့် အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းစေရေးအတွက် ရည်ရွယ်၍ ဆောင်ရွက်နေ သည့် ကိစ္စရပ်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထိုအစီအစဉ်ကို Short Code နံပါတ် “1111” မှ တစ်ဆင့် SMS ဖြင့်ပေးပို့မေးမြန်းနိုင်ပြီး၊ မေးခွန်းများကို ပြည်သူများက အကြံပြုဖြေကြားပေးခြင်းဖြင့် အစိုးရဌာန/အဖွဲ့အစည်းများ၏ ဝန်ဆောင်မှု လုပ်ငန်းများ၌ လိုအပ်ချက်နှင့် အားနည်းချက်များကို သိရှိပြုပြင်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် အဂတိလိုက်စားမှု တို-က်ဖျ-က်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ရန်နှင့် ပြည်သူများက သက်သာသောနှုန်းထားဖြင့် SMSများ ပြန်လည်ဖြေကြား ပေးနိုင်ရေး ဆက်သွယ်ရေးအော်ပရေတာများနှင့် ညှိနှိုင်းဆောင်ရွက်ထားကြောင်း  အသိပေးထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အဆင့်မြှင့်တင်မည်

ရန်ကုန်၊ စက်တင်ဘာ ၁၁ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ကို အဆင့်မြှင့်တင်ဆောင်ရွက်ရန်အတွက် တာဝန်ရှိသူများနှင့် ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များ စက်တင်ဘာ ၁၀ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံပွဲတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအတွင်းရှိ မြေနေရာအချို့နှင့် အဆောက်အအုံများကို နှစ်တို၊ နှစ်ရှည် ငှားရမ်း၍ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စိတ်ဝင်စားမှုဖော်ပြခြင်း (Expression of Interest - EOI) လျှောက်ထားလိုသူများအား ဖိတ်ခေါ်ရှင်းလင်းခဲ့သည်။ ဒုတိယဝန်ကြီး ဦးစိုင်းထွန်းညိုက ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ကို အဆင့်မြှင့်တင်ရန် ရည်ရွယ်၍ ယခုကဲ့သို့...

ရွှေလီ (၁) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ အမှတ် (၆) ဓာတ်အားပေးစက် ပြုပြင်စဉ် မူဆယ်နှင့် နမ့်ခမ်းမြို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မည်

ရန်ကုန်၊ စက်တင်ဘာ ၁၁ ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ ရွှေလီ (၁) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ အမှတ် (၆) ဓာတ်အားပေးစက်အား စက်တင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ ထိန်းသိမ်းပြုပြင်မည်ဖြစ်သဖြင့် မူဆယ်နှင့် နမ့်ခမ်းမြို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ ရွှေလီ (၁) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် နမ့်ခမ်းမြို့၏ အနောက်ဘက် ၁၇ မိုင်ခန့်အကွာ ရွှေလီမြစ်ပေါ်၌ တည်ဆောက်ထားခြင်းဖြစ်ပြီး မိုးရာသီကာလ နိုင်ငံပိုင်ရေအားလျှပ်စစ်စက်ရုံများ ရေဝင်ကောင်းမွန်ချိန်တွင် စက်ပစ္စည်းများ ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများကို အဓိကဆောင်ရွက်လျက်ရှိသည်။ အမှတ် (၆) ဓာတ်အားပေးစက်အား...

ဓာတ်ဆီဈေးတက်လာပြီး ဒီဇယ်တစ်လီတာ ကျပ် ၉၀ ကျဆင်း

ရန်ကုန်၊ စက်တင်ဘာ ၁၁ ကမ္ဘာ့ရေနံဈေးမှာ ရေနံစိမ်းတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၃ ဝန်းကျင်အထိ မြင့်တက်လာပြီး ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများတွင် ဓာတ်ဆီဈေး မြင့်တက်လာသော်လည်း ဒီဇယ်ဈေးမှာ တစ်လီတာလျှင် ကျပ် ၉၀ ကျဆင်းခဲ့ကြောင်း သိရသည်။ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့ စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းများအရ ရန်ကုန်မြို့၌ တစ်လီတာလျှင် 92 Ron ဓာတ်ဆီ ၃,၈၂၅ ကျပ်၊ 95 Ron ဓာတ်ဆီ ၃,၉၅၀ ကျပ်၊ ဒီဇယ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071