Friday, May 23, 2025

ရုရှားနှင့်အကျဉ်းသားလဲလှယ်ရေးပြင်ဆင်ဆောင်ရွက်နေ–ယူကရိန်း

ကိဗ်၊မေ ၂၂ ယူကရိန်းသမ္မတဇယ်လန်းစကီးက ရုရှားနှင့် အကျဉ်းသား (၁,၀၀၀) လဲလှယ်ရန်အတွက် ပြင်ဆင်ရန်အစည်းအဝေးကျင်းပခဲ့ကြောင်း ကြာသပတေးနေ့တွင် ကြေငြာလိုက်သည်။ အဆိုပါအစည်းအဝေးအပြီး၌ ယူကရိန်းသမ္မတက ကာကွယ်ရေးဝန်ကြီးသည် မေလ ၁၆...

MNL League Cup-2025 ပြိုင်ပွဲ...

ရတနာပုံ FC အသင်းသည် MNL League Cup-2025 အုပ် စုပွဲစဉ် (၃)ပွဲကစားပြီးနောက် ရမှတ်(၉)မှတ်ဖြင့် Quarter Final အဆင့်သို့...

ကျောင်းအပ်နှံရေး သီတင်းပတ်၏ ပထမဆုံးနေ့တွင် ကျောင်းအပ်နှံသူ...

ကျောင်းအပ်နှံရေး သီတင်းပတ်၏ ပထမဆုံးနေ့ဖြစ်သည့် ယမန်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျောင်းအပ်နှံသူဦးရေ ၁,၂၄၈,၁၂၃ ဦးရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။ ၂၀၂၅ -၂၀၂၆...

တရုတ်ဝန်ကြီးချုပ် အင်ဒိုနီးရှား၊ မလေးရှားသွားမည်၊ အာဆီယံ–ဂျီစီစီ–တရုတ်...

ပေကျင်း၊ မေ ၂၂ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆုဘီယန်တို၏ ဖိတ်ကြားချက်အရ တရုတ်ဝန်ကြီးချုပ် လီကျွင်းသည် မေလ ၂၄ ရက်‌နေ့မှ ၂၆ ရက်...
HomeNewsLocal Newsအခွန်ရှောင်သူများနှင့် အခွန်လျှော့ဆောင်သူများကို အခွန်...

အခွန်ရှောင်သူများနှင့် အခွန်လျှော့ဆောင်သူများကို အခွန် ဥပဒေ အပြင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေဖြင့်ပါ အရေးယူတော့မည်

အခွန်ရှောင်ခြင်း၊ အခွန်လျော့နည်းပေးဆောင်ခြင်း၊ အခွန်နှင့်ပတ်သက်သည့် အချက်အလက် အမှားပေးသူများကို လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁) ရက်မှ စတင်ကာ အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှု ဥပဒေအပြင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေဖြင့်ပါ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခွန်ရှောင်တိမ်းခြင်းနှင့် စပ်လျဉ်း၍ ပြည်သူအား အသိပေး ကြေညာချက်ကို ပြီးခဲ့သည့် နိုဝင်ဘာ (၁၆) ရက် ကတည်းက ထုတ်ပြန် ကြေညာထားခြင်းဖြစ်ပြီး နိုဝင်ဘာ (၂၁) ရက်က ထပ်မံအသိပေးထားခြင်းလည်း ဖြစ်သည်။

အခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ရရန်ပိုင်ခွင့် ၊ ပစ္စည်း၊ဝန်ဆောင်မှု သို့မဟုတ် အကျိုးခံစားခွင့် တစ်ခုခုကို ပြင်ပပေါက်ဈေးအတိုင်း မဖော်ပြခြင်း၊ နယ်စပ်ဖြတ်ကျော် ဈေးလွှဲပြောင်းခြင်းတွင် လက်တစ်ကမ်း မဟုတ်သည့် လွှဲ ပြောင်းခြင်း ၊ ဝင်ငွေအပေါ်ပေးဆောင်ရန်ရှိသည့် စုစုပေါ င်းအခွန်ကို လျှော့နည်းစေရန် ရည်ရွယ်ချက်ဖြင့် အခွန်ထမ်းနှင့် တွဲဖက်လုပ်ကိုင်သူများအကြား အခွန်ကို စိတ်ပိုင်းခြင်း၊ အခွန်ဆိုင်ရာအကျိုးခံစားခွင့် ရရှိစေရန် ပုဂ္ဂိုလ်စုများ၏ ဖွဲ့စည်းပုံကို ပြင်ဆင်ခြင်း ၊ပြည်ထောင်စုအချင်းချင်းချုပ်ဆိုသည့် အခွန်ဆိုင်ရာ သဘောတူ စာချုပ်များအား အလွဲသုံးစားပြု၍ အခွန်ရှောင်ခြင်းတို့သည် အခွန်တိမ်းရှောင်မှု ဖြင့်ညှိစွန်းနိုင်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ကြိုတင်ကြံရွယ်ချက်ဖြင့် ကာလရှည်ကြာစွာ ကြေညာလွှာတင်သွင်းရန် ပျက်ကွက်ခြင်း ၊ ဝင်ငွေ ၊ ရငွေ၊ ရောင်းရငွေများကို ‌ လျှော့နည်းတင်ပြခြင်း၊ သက်သာ ခွင့်များကို လိမ်လည်တောင်းခံခြင်း၊ တန်ဖိုးလျှော့ငွေများကို မရိုးဖြောင့်သော နည်းများဖြင့် တောင်းခံခြင်း၊ စာရင်းအထောက်အထားများ မှားယွင်းဖော်ပြခြင်း ၊ ပေးဆောင် ခဲ့ရသည့် အခွန်များကို မမှန်မကန် ခုနှိမ်ခွင့်တောင်းခြင်း ၊ ပေးဆောင်ရမည့် အခွန်ကို ထိန်ချန်ခြင်း ၊အခွန်အမှတ်တံဆိပ်ကပ်ရန် ပျက်ကွက်ခြင်းစသည်တို့သည် မရိုးဖြောင့်သောနည်းဖြင့် အခွန်ကိုလျှော့နည်း ပေးဆောင်သည့် ပြစ်မှုနှင့် ငြိစွန်းကြောင်းလည်း ဖော်ပြထားသည်။

ထို့အပြင် ကုန်ပစ္စည်းများ တရားမဝင် တင်သွင်းခြင်း သို့ မဟုတ် တင်ပို့ခြင်း ၊ အခွန်ကောက်ခံမှုကို ရှောင်လွှဲနိုင်ရန် ပိုင်ဆိုင်မှုများကို လွှဲပြောင်းခြင်း ၊ ဘဏ်စာရင်းဖွင့်လှစ်ထားခြင်းကို ထိမ်ချန်ထားခြင်း ၊ ဘဏ္ဍာရေး ရှင်းတမ်းများကို တစ်ခုထက် ပိုမို ထားရှိခြင်းတို့သည်လည်း အခွန်ဆိုင်ရာ အချက်အလက်များကို မှားယွင်းစွာ သို့မဟုတ် လမ်းလွှဲ ဖော်ပြရာရောက်သည်ဟု အခွန်ဦးစီးဌာနက ဖော် ပြသည်။

အဆိုပါ အချက်များကို မည်သူမဆို တမင်ကြံရွယ်၍ ဖောက်ဖျက်ပါက အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှု ဥပဒေပုဒ် မ (၇၇) အရ အခွန်ရှောင်တိမ်းမှုမြောက်သော ကျူးလွန်မှုအဖြစ် သတ်မှတ်ကာ ရာဇဝတ်ကြောင်းအရ အရေးယူခြ င်း ခံရမည့်အပြင် ငွေဒဏ်ပါ ပေးဆောင်ရမည် ဖြစ်ကြော င်း သိရသည်။

ထို့အပြင် အဆိုပါ အခွန်ရှောင်တိမ်းမှုဖြင့် အရေးယူခြင်း ခံရသူသည် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေဖြင့်ပါ ထပ်မံအရေးယူခြင်းခံရမည်ဖြစ်ကြောင်းလည်း ပြည်တွင်း အခွန်များ ဦးစီဌာနက အသိပေး ကြေညာထားခြင်း ဖြစ်သည်။

အဆိုပါ ကြေညာချက်ကို ပြည်တွင်းအခွန် ဦးစီးဌာနက ပြီးခဲ့သည့် နိုဝင်ဘာ (၁၆) ရက်က ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁) တွင် စတင်အ သက်ဝင်မည် ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရုရှားနှင့်အကျဉ်းသားလဲလှယ်ရေးပြင်ဆင်ဆောင်ရွက်နေ–ယူကရိန်း

ကိဗ်၊မေ ၂၂ ယူကရိန်းသမ္မတဇယ်လန်းစကီးက ရုရှားနှင့် အကျဉ်းသား (၁,၀၀၀) လဲလှယ်ရန်အတွက် ပြင်ဆင်ရန်အစည်းအဝေးကျင်းပခဲ့ကြောင်း ကြာသပတေးနေ့တွင် ကြေငြာလိုက်သည်။ အဆိုပါအစည်းအဝေးအပြီး၌ ယူကရိန်းသမ္မတက ကာကွယ်ရေးဝန်ကြီးသည် မေလ ၁၆ ရက်နေ့က အစ္စတန်ဘူလ်၌ပြုလုပ်ခဲ့သည့် သုံ့ပန်းလဲလှယ်မှုဆိုင်ရာသဘောတူညီချက်ကိုအကောင်အထည်ဖော်‌ရေးကို ကြီးကြပ်နေသည်ဟု ပြောကြားခဲ့သည်။ သမ္မတရုံး၊ စစ်ထောက်လှမ်းရေးနှင့် လုံခြုံရေးဌာန အပါအဝင် ယူကရိန်းရှိဌာန အများအပြားသည် အကျဉ်းသားဖလှယ်မှု လုပ်ငန်းစဉ်အတွက် ပါဝင်ကြောင်း ၎င်းကမှတ်ချက်ပြု ပြောကြားခဲ့သည်။ "ရုရှားဖက်ကတင်သွင်းလာတဲ့ စာရင်းမှာပါရှိတဲ့လူတစ်ဦးချင်းစီအတွက် အသေးစိတ်အချက်အလက် တွေကို ကျွန်တော်တို့ စိစစ်နေပါတယ်" ဟုလည်း ဇယ်လန်းစကီးကပြောကြားခဲ့သည်။ ရုရှား၌ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ယူကရိန်းနိုင်ငံသားများ နိုင်ငံသို့ပြန်လာနိုင်ရေးသည် ယူကရိန်း၏ ထိပ်တန်းဦးစားပေးများထဲမှ...

MNL League Cup-2025 ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်သွားပြီဖြစ်သည့် ရတနာပုံ FC အသင်း

ရတနာပုံ FC အသင်းသည် MNL League Cup-2025 အုပ် စုပွဲစဉ် (၃)ပွဲကစားပြီးနောက် ရမှတ်(၉)မှတ်ဖြင့် Quarter Final အဆင့်သို့ တက်ရောက်ခဲ့ပြီဖြစ်သည်။ MNL League Cup-2025 အုပ်စုပွဲစဉ်တစ်လျှောက် ရာမညအသင်းအား(၂) ဂိုး(၆)ဂိုး ၊ ဆေလ်းဗားစတား အသင်းအား (၂)ဂိုးပြတ်၊ ဒဂုံစတားအသင်းအား(၃)ဂိုး(၁)ဂိုးတို့ဖြင့် အနိုင်ရရှိပြီး ရမှတ်(၉)မှတ်၊ အုပ်စုပထမနေရာသို့ ရောက်ရှိကာ ကွာတားဖိုင်နယ်အဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ အသင်းအနေဖြင့် ကျန်ရှိနေသေးသည့် အုပ်စုပွဲစဉ် တစ်ပွဲကို မြဝတီအသင်းနှင့် လာမည့် ဇွန်လ(၁၄)ရက်တွင် ယှဉ်ပြိုင်ကစားသွားကြရမည် ဖြစ်သည်။

ကျောင်းအပ်နှံရေး သီတင်းပတ်၏ ပထမဆုံးနေ့တွင် ကျောင်းအပ်နှံသူ ၁ ဒသမ ၂၄၈ သန်းရှိ

ကျောင်းအပ်နှံရေး သီတင်းပတ်၏ ပထမဆုံးနေ့ဖြစ်သည့် ယမန်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျောင်းအပ်နှံသူဦးရေ ၁,၂၄၈,၁၂၃ ဦးရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီ တင်းပတ်အဖြစ် မေလ (၂၂) ရက်မှ ဇွန်လ (၁) ရက်အထိ သတ်မှတ်ထားကာ ဇွန် (၂) ရက်မှစတင်၍ အခြေခံပညာဦးစီး ဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းများကို စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းအပ်နှံရာတွင်လည်း မည်သည့် အခကြေးငွေမျှ ပေးစရာမလိုကြောင်းနှင့် ကျောင်းသား၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071