Wednesday, July 16, 2025

ငလျင်ဒဏ်သင့် ဥတ္တရသီရိရေလှောင်တမံအား ပြန် လည်ပြုပြင်နေ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်၊ ဥတ္တသီရိမြို့နယ်၊ ကျောက်အိုးချောင်းပေါ်ရှိ ဥတ္တရသီရိရေလှောင်တမံအား ပြန်လည်ပြုပြင်လျက်ရှိရာ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ယနေ့ ဇူလိုင် ၁၅...

အမိမြေကို ရွှေတံဆိပ်(၁၀)ဆုအထိ ရယူပေးနိုင်ခဲ့သည့် မြန်မာလှေလှော်အဖွဲ့...

စင်ကာပူနိုင်ငံတွင် ယခုလ ဇူလိုင်၁၂ရက်နေ့ မှ ၁၃ရက်နေ့အထိ ကျင်းပ‌ခဲ့သော စင်ကာပူ တာတိုဖလား ကနူး /ကယက်လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint...

ကချင်ပြည်နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုနည်းသင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုနည်းသင်တန်းအား ယနေ့ ဇူလိုင် ၁၅ ရက်ကစတင်ဖွင့်လှစ်ရာ ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်တက်ရောက်ခဲ့သည်။ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲပေးစက်များစနစ်တကျသယ်ယူပို့ ဆောင်နိုင်ရေး၊ စနစ်တကျထိန်းသိမ်းထားသိုနိုင်ရေး၊...

ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ၆ လအတွင်း ပြည်တွင်းပြည်ပမှ...

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ၂၀၂၅ ခုနှစ်၏ပထမ ၆ လတာအတွင်းပြည်တွင်း၊ ပြည်ပမှဘုရားဖူးဧည့်သည် ၃ ဒသမ ၅ သန်းကျော် လာရောက်ဖူးမြော်ခဲ့ကြောင်း စေတီတော်ကြီး၏...
HomeCelebrities' Newsအချစ်သီချင်း ချိုချိုလေးတွေ ဆိုတတ်တဲ့...

အချစ်သီချင်း ချိုချိုလေးတွေ ဆိုတတ်တဲ့ အဆိုတော် Jewel ရဲ့ ချစ်သူများနေ့ အပေါ်အမြင်

အသံချိုချိုလေးကြောင့် သူမရဲ့သီချင်းကိုတစ်ခါနားထောင်လိုက်တာနဲ့ စွဲလမ်းသွားစေနိုင်တဲ့ အဆိုတော် မလေး၊ မှတ်မှတ်ထင်ထင်ပြော ရမယ်ဆိုရင် ‘Message’ သီချင်း လေးပေါ့။ သူမနာမည်ကတော့Jewel။ ဖြိုးပြည့်စုံနဲ့ အတူတူ သီချင်းတွေဆို၊ ရှိုးတွေသွားဖြစ်တော့ သူတို့ ၂ယောက်ကို အတွဲလို့ထင် ကြသူ တွေလည်းရှိတယ်။ ဒါပေမဲ့ သူတို့ဟာ သိပ်ကိုရင်းနှီးကြတဲ့ သူငယ်ချင်း၊ မောင်နှမတွေပါ။

ဒီနှစ် Valentine’s Day အတွက် ပရိသတ်ကို သူတို့ပေးတဲ့လက်ဆောင် ကတော့ =မောင်အရင်ထိုး+ လို့ အမည်ပေးထားတဲ့ သီချင်းလေးပါ။

“သီချင်းခွေထွက်ရှိလာတဲ့အချိန်မှာ အများကြီးShare ကြပါတယ်။ အဲဒီအတွက်လည်း ကျေးဇူးအများ ကြီး တင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က အရင်ကတည်းက ပြောတော့ပြောထားပြီးသား။ အရမ်းကြီးHit ဖြစ်အောင်လည်း လုပ်ထားတာ မဟုတ်ပါဘူး။ အဲဒါလေးကို သီချင်းနားထောင်ပြီး သွားရင် သိသွားမှာပါ။ သီချင်း လေးထွက်လာနိုင်တဲ့အတွက် အများကြီးဝမ်းသာ ပါတယ်။ ကျွန်တော့် မှာတော့ အများကြီးပြောစရာတော့မရှိပါဘူး” လို့ ပြောတဲ့ Jewel ရဲ့ အပြော ထဲမှာတင်သူမဟာ ယောက်ျားလေးဆန်ဆန်နေ တတ်တယ် ဆိုတာ ပေါ်လွင်လို့နေပါတယ်။ ဒီနှစ် “Valentine ကို ဘယ်လိုဖြတ်သန်းမ လဲလို့ မေးတော့Valentine ကတော့ ကျွန်တော် သီချင်းဆိုပြီးဖြတ်သန်း ဖြစ်မယ်ဗျ” လို့ သူမကပြောပြီးValentine’s Day အပေါ်သူမရဲ့ အမြင်က…..

“Valentine’s Day ကတော့ ချစ်သူရည်းစားရယ်မှ မဟုတ်ပါဘူး။ ကိုယ်ချစ်တဲ့သူ ဘယ်သူပဲမဆို အဲဒီလို အပြန်အလှန် လက်ဆောင် လေးတွေပေးကြတာပေါ့”လို့ပြောပြပါတယ်။

အဲဒီနေ့ ရောက်ရင်ပရိသတ်ဆီကဖြစ်ဖြစ်၊ သူငယ်ချင်းဆီက ဖြစ်ဖြစ်၊ ချစ်သူဆီကဖြစ်ဖြစ် လက်ဆောင်တွေရတာရှိလားလို့ မေးဖြစ်ပြန်တော့….

“အမှန်အတိုင်းပြောရရင်တော့ သိပ်မရှိ ပါဘူး(ရယ်လျက်)။ ကိုယ့်ကိုချစ်တဲ့သူတွေ တော့ရှိ တာပေါ့။ သူတို့ လည်း အကြောင်းကြောင်း ကြောင့် ပို့ဖြစ်တဲ့သူလည်းရှိတယ်။ မပို့ဖြစ်တဲ့ သူလည်းရှိတယ်။ အများကြီးတော့ မရှိဘူးဗျ။ အဲဒီအပေါ်မှာလည်း ဘာမှတော့ မဖြစ်ပါဘူး။ ဒါပေမဲ့ ပို့တဲ့သူတွေလည်းရှိတော့ရှိပါတယ်။ အနည်းအကျဉ်းပေါ့။ အဲဒီနေ့ ကျလို့ရှိရင် ချောကလက်ကတော့ မပါမဖြစ်ပေါ့။ ချောက လက်တော့ စားရပါတယ်။ မစားရရင်တော့ သူငယ်ချင်းတွေဆီက လိုက်စားတာ ပေါ့” လို့ Jewel ကပြောပါတယ်။

   ပရိသတ်တွေစောင့်မျှော်နေကြတဲ့ Jewel ရဲ့ အခွေအကြောင်းကိုလည်း မေးမြန်းဖြစ် တဲ့ အခါ…..

“၂ဝ၁၈ခုနှစ်ထဲမှာ ကျွန်တော့်ရဲ့ Solo လေး လုပ်ဖို့ကြိုး စားနေပါတယ်။ အခုလည်း လုပ်တော့ လုပ်နေ ပါပြီ။ သီချင်းတွေကတော့ ရနေပါပြီ။ ၂ဝ၁၈ ခုနှစ်မှာကျွန်တော့်ရဲ့ Solo လေးထွက်ရှိနိုင်အောင် ကြိုးစားသွားပါမယ်” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071