ကုသိုလ်ကံကောင်းတဲ့ အလှည့်လေးတစ်ကွက်ကြုံလို့ ခေတ္တ ခဏ လာရောက်ပြီး အပန်းဖြေသလိုဟာမျိုးဖြစ်တယ်။
အဲဒီအပန်းဖြေရတဲ့အချိန်လေးမှာ ‘ကုသိုလ်ကောင်းမှု’ ရဲ့ အရှိန်အဝါလေးကို ဆက်ပြီး မထိန်းနိုင်ဘူးဆိုလို့ရှိရင် လူတွေ အားလုံးဘယ် ကိုပြန်ကြရတုန်းဆိုရင် (စာပေကျန်းဂန်ထဲမှာ ဆိုထားသလို) လူတွေအားလုံးဟာ ကာမဂုဏ်အာရုံစိတ်တွေနဲ့ မေ့မြောပြီးတော့ ပျော်စရာ ကိုသာကြံတွေးပြီး အပျော်အပါးထဲ မှာသာ စိတ်စိုက်ပြီးနေကြတဲ့အတွက်ကြောင့် ‘အပါယ်ဘုံ’ ကိုပဲ ပြန်ကြရတယ်။
အပါယ်လေးဘုံဟာ ကိုယ့်အိမ်လိုပဲတဲ့။
သူတို့အဖို့ ကိုယ့်အိမ်ဟာ အပါယ်လေးဘုံပဲတဲ့။
အပါယ်လေးဘုံသွားပြီး ဒုက္ခခံကြရတယ်။
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ