သရုပ်ဆောင် စည်သူမောင်က လတ်တလောမှာ ဘာသာရေးတွေ ဆက်တိုက်လုပ်နေပြီး ဘဝကိုအေးချမ်း စွာဖြတ်သန်းနေ တာပဲဖြစ်ပါ တယ်။
ဘာသာရေးတွေနှစ်ရှည်ကြာအောင် လုပ်ပေမယ့်လည်း တခါတလေ အခက်အခဲတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ အကြောင်းကို သူ့ရဲ့ဖေ့ဘုတ်စ် စာမျက်နှာမှာ အခုလိုပဲရေးသားထားပါတယ်။
“ 2005/6 လောက်ကစပီး မေတ္တာသုတ် တနေ့ကို ၁၀၈ ခေါက် အတတ်နိုင်ဆုံးမပျက်မကွက် ခုချိန်ထိ ရွတ်ခဲ့တယ် တရက်တလေ ပျက် တာလဲ ရှိတာပေါ့.. 2008/9 လောက်ကစပြီး မဟာပဌာန်းအကျယ်ကို တရက်မပျက် ခုထိရွတ်ဖတ်ပူဇော်ခဲ့တယ်.. သာသနာ့ဘောင် ဝင်ပြီး ရဟန်း ဝတ်ခဲ့တာ အကြိမ်ကြိမ် မှတ်တောင် မမှတ်မိတော့ဖူး.. ငါးပါးသီလ လုံအောင် အတတ်နိုင်ဆုံး ထိန်းတယ်.. သူများအပေါ် ဒုက္ခရောက်အောင် ဘယ်တော့မှ မလုပ်ခဲ့ဘူး ကိုယ့်အပေါ် ကွယ်ရာမကောင်းပြော လိုတမျိုး မလိုတမျိုး လုပ်သူတွေကိုတောင် အပြုံးမပျက် မေတ္တာ နဲ့ ဆက်ဆံပေးခဲ့တယ်.. ခြေလေးချောင်းသား မစားတာနဲ့ အရက်သောက်တာကို ရာသက်ပန်ရှောင်ကျဉ်ခဲ့တယ် တခါတလေ social အရ ဝိုင်တို့ထန်းရည် တို့တော့သောက်ပါတယ် .. မိဘအပေါ် အမြဲ ဦးထိပ်ထားတယ် ဉာဏ်မှီသလောက် ကုသိုလ် သီလ ဒါန ဘာဝနာ ကြိုးစား အားထုတ်ခဲ့တယ်.. အဲ့ဒါတောင် လူမှုရေး စီးပွါးရေးတွေ အခက်ခဲတွေ ကြုံလာနေရတော့ တခါတလေ $ရွဲ့တိုက်ချင်လာတယ် ငယ်တုန်းက ဆိုးသွမ်း တေပေ ပွေရှုပ် မူးရူး ဆေးချ သောင်းကျန်းတုန်းကတောင် အဆင်ပြေနေသေးတယ် .. မတွေးကောင်းတွေးကောင်း (ကန်တော့ပါရဲ့) ငါ ကိုးကွယ်တဲ့ဘာသာက မှားနေလားလို့တောင် သံသယဝင်ချင်လာတယ် ” လို့ရေးသားထားပါတယ်။