Monday, February 2, 2026

အက်ပ်စတိန်း ၏ ကျွန်းသို့ သွားရောက်ခဲ့သည်ဆိုသည့်...

ကာမရာဇဝတ်မှုများဖြင့် စွပ်စွဲခံခဲ့ရသူ ဂျက်ဖရီအက်ပ်စတိန်း ၏ ပုဂ္ဂလိကပိုင်ကျွန်းသို့ တစ်ကြိမ်တစ်ခါမျှ မသွားရောက်ခဲ့ဖူးကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထပ်လောင်းပြောကြားလိုက်သည်။ ထရမ့် နှင့် သမ္မတဟောင်း ဘီလ်ကလင်တန်...

အာဆီယံ ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးကို မြန်မာပါဝင်တက်ရောက်

အာဆီယံ အပေါင်း ၃ (တရုတ်၊ဂျပန်၊ကိုးရီးယား) ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း အစီအစဉ်များကို အတည်ပြု ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉...

YBS ယာဉ် မတော်တဆမှုကြောင့် တနှစ်တာအတွင်း...

ပြီးခဲ့သည့်နှစ်အတွင်း YBS ယာဥ်မတော်တဆမှုကြောင့် အသ-က်ဆုံးရှုံးသူ (၃၂) ဦး ရှိခဲ့ကာ ထိခိုက်ဒ-ဏ်ရာရသူ (၅၄) ဦး ရှိခဲ့ကြောင်း သိရသည်။ အဆိုပါအချက်အလက်များကို ရန်ကုန်တိုင်းဒေသကြီး...

ရန်ကုန်-ပုသိမ်လမ်းတွင် လမ်းပိုင်းအလိုက် ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ...

ရန်ကုန်-ပုသိမ်လမ်းတွင် လမ်းပိုင်းအလိုက် ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ယခုဘဏ္ဍာနှစ် မတိုင်ခင်အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း ဧရာ၀တီတိုင်းဒေသကြီး၊လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးရန်နိုင်ဇော်က ပေါ်ပြူလာနယူစ်းသို့ ပြောပြခဲ့သည်။ ရန်ကုန်-ပုသိမ်လမ်းပိုင်းသည် ရန်ကုန်တိုင်းနှင့်ဧရာ၀တီတိုင်းအစပ်ဖြစ်သည့် မိုင်တိုင် ၁၇/၄...
HomePoemအက္ခရာထဲများက အမေ့မေတ္တာတရား

အက္ခရာထဲများက အမေ့မေတ္တာတရား

က လလရည်ကြည် သန္ဓေတည် ကတည်းက
ခ ယဝပ်တွား မြတ်ဘုရားရှင်ထံဆုပန်
ဂ ယာမြေက မဟာဗောဓိပင်မှာ ဆုတောင်း
ဃ ရာဝါသတဏှာရာဂ မြစ်ဖျားခံစီးဆင်းခဲ့
င လျင်တော်လဲသံကြီးလို မြည်ဟည်း သကို
စ ကြဝဠာထက် မလျော့တဲ့ ဂရုစိုက် မှုတွေနဲ့
ဆ တက်ထမ်းပိုး တိုးလို့ ချစ်ရှာခဲ့ကြရတယ်
ဇ ယတုမင်္ဂလာအထွေထွေရှိကြောင်းပေါ့
ဈ မျဉ်းဆွဲရေးချနသတ်ဈာန်လို ပေါ့ပါး လွတ်လပ်ပြီ
ည နေချမ်းမှာ ပွင့်လန်းတဲ့ပန်းတစ်ပွင့်နှယ်

ဋ သန်လျင်းချိတ်လို့ နာမည်ပေးထားတဲ့အထွေးလေးပေါ့
ဌ ဝမ်းဘဲဆိုတဲ့ ညီမလေးက အလတ်မပေါ့
ဍ ရင်ကောက်ဆိုတဲ့ အစ်ကိုကြီးရဲ့ နာမည်
ဎ ရေမှုတ်က အဖေကြီးကိုယ်တိုင်
ဏ ကြီးကတော့ အမေကြီးကိုမှည့်ခေါ် တယ်
တ ကယ်တမ်းကတော့ စနေမိသားစုကြီးပေါ့ကွယ်
ထ ရံကာသွပ်မိုးအိမ်ဂေဟာလေးထဲက
ဒ လဟော စီးဆင်းနေတဲ့ မေတ္တာတွေ အနိန္တနဲ့
ဓ နဥစ္စာတွေ မကြွယ်ဝ မချမ်းသာ သော်ငြားလည်း
န ရီစည်းဝါး သံယောဇဉ်များစွာနဲ့ ခြံရံ ထားတယ်

ပ ကတိငြိမ်းချမ်းသာယာတဲ့ အမေ့ရင် ခွင်ထဲမှာ
ဖ ယောင်းသားလို နူးညံ့တဲ့ အမေ့အုပ်ထိန်းမှုအောက်မှာ
ဗ ဟုဝုစ်ကိန်းလိုများလှတဲ့ အမေ့ကရု ဏာတရား
ဘ ဝဂ်တိုင်တက်မယ့် အမေ့မုဒိတာ စိတ်ရင်း
မ ဟာဆန်တဲ့ အမေ့သီလကို ရှိခိုးဦးခိုက်ရင်း
ယ တြာချေစရာမလိုတဲ့ အမေ့ကိုယ်ကျင့်တရား
ရ တီစိန်ကျောက်ထက်မြတ်တဲ့ အမေ့သီလတရား
လ ပြည့်ဝန်းကြီးလို ပြည့်ပြည့်ဝဝသာနေခဲ့ပေါ့
ဝ ပြောသာယာတဲ့ အမေ့မေတ္တာအိမ်ကလေးမှာ
သ မုဒ္ဒရာမက နက်ရှိုင်းကျယ်ပြောလှစွာသော
ဟ ဒယနှလုံးသားကအကြင်နာတရားနဲ့ ထုံမွမ်းထား
ဠ ကြီးနဲ့ အ အက္ခရာတို့လို အဆုံးသတ်မှာမဟုတ်တဲ့
အ ကန့်သတ်မဲ့ ချစ်ခြင်းတရား၏ ပြယုဂ်အမေပါပဲ။

ဆဏ်းဝင်းအောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071