အကြိမ်(၆၀)မြောက် ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာလ (၁၇) ရက်မှ (၂၆) ရက်အထိ အောင်မြင်စွာကျင်းပခဲ့ပြီး ပုလဲအတွဲပေါင်း (၄၃၀) ကျော်၊ ကျောက်မျက်အတွဲ (၆၇) တွဲနှင့် ကျောက်စိမ်းအတွဲပေါင်း (၄,၁၀၀) ကျော် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
ပြပွဲအတွင်း ပြသခဲ့သည့် ပုလဲအတွဲပေါင်း (၄၈၉) တွဲအနက် (၄၄၃) တွဲ ရောင်းချနိုင်ခဲ့ပြီး ကျောက်မျက်အတွဲပေါင်း (၁၆၀) အနက် (၆၇) တွဲရောင်းချနိုင်ခဲ့သည်။
ထို့ပြင် ကျောက်စိမ်းအတွဲ အုပ်စု(A/B)တို့မှ အတွဲပေါင်း (၂, ၉၀၀) အနက် အတွဲ (၂,၁၁၀) ကို ရောင်းချနိုင်ခဲ့ပြီး အုပ်စု (C)မှ ကျောက်စိမ်းအတွဲပေါင်း (၂,၁၈၅) တွဲအနက် (၂,၀၇၃) တွဲ၊ စုစုပေါင်း ကျောက်စိမ်းအတွဲပေါင်း (၄,၁၈၃) တွဲရောင်း ချခဲ့ရကြောင်း သိရသည်။
အကြိမ်(၆၀)မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနိုင်ရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများ ရရှိနိုင်စေရေးကို ရည်ရွယ်ကာ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
