#ZawGyi
အကယ္ဒမီမို႔မို႔ျမင့္ေအာင္ရဲ့ မိခင္ရက္လည္ဆြမ္းသြတ္တရားနာ အလႉ ကို ေအာင္တိုဘာ ၆ရက္ေန႔ကျပဳလုပ္ခဲ့ပါတယ္။ အကယ္ဒမီမို႔မို႔ျမင့္ေအာင္ရဲ့မိခင္ ေဒၚသန္းရင္ ၉၉ႏွစ္ဟာ လူႀကီးေရာဂါျဖင့္ ကြယ္လြန္ခဲ့တာပါ။ မိခင္ႀကီးအတြက္ဝမ္းနည္းပူေဆြးေနတဲ့ မို႔မို႔ျမင့္ေအာင္ က”ယေန႔ ေမြးမိခင္ႀကီး ေဒၚသန္းရင္ ရဲ့ ရက္လည္ ဆြမ္းေကၽြးေလးပါ။ ရင္ထဲက အူေတြ အသဲေတြ ဆြဲထုတ္သလိုခံစားရပါတယ္။ ရင္ဘတ္ ကိုဟာေနတာပဲ ညေန႔ထမင္းခြံ့ခ်ိန္ဆို ေယာင္ေတာင္ေတာင္နဲ႔ ဘာလုပ္ရမွန္းမသိ ျဖစ္ရဦးမယ္။ ဘယ္လိုပဲခံစား ခံစားရပါ ေစ ဆြမ္းကပ္ၿပီး အမၽွေဝေတာ့ မာမီထံ ေရာက္ေအာင္ အာ႐ုံျပဳၿပီး အမၽွေဝခဲ့ပါတယ္။ စိတ္မေကာင္းျဖစ္ရတာက Lockdown အခ်ိန္ျဖစ္ေနေတာ့ ေဆြမ်ိဳး မိတ္ေဆြ အေပါင္းအသင္းေတြလည္း မလာနိုင္ အလႉျပဳရ အားမရလွပါဘူး။ တစ္ခ်ိန္ထဲမွာပဲ Mandalay We Love MMMA သားသမီးေတြ သဲသဲတုန္ေလးေတြ (သား ျပည့္ၿဖိဳးသန႔္စင္ ဦးေဆာင္ၿပီး) စစ္ကိုင္းေတာင္ရိုး ဝါးခ်က္ရြာအနီး မာဃာ့ေခ်ာင္ သီလရွင္ေက်ာင္းမွာ သီလရွင္ အပါး (၁၂၀ )ကို ဆြမ္းကပ္တာေတြ႕လိုက္ရပါတယ္။ ဝမ္းနည္း ဝမ္းသာျဖစ္ရပါတယ္။ Mandalay We Love သဲသဲတုန္ေလးေတြကို ေက်းဇူးတင္ပါတယ္ ၊ အားလည္းတကယ္ရွိပါတယ္ ၊ သာဓု သာဓု သာဓု ေခၚပါတယ္။”လို႔ ဆိုပါတယ္။
#Unicode
အကယ်ဒမီမို့မို့မြင့်အောင်ရဲ့ မိခင်ရက်လည်ဆွမ်းသွတ်တရားနာ အလှူ ကို အောင်တိုဘာ ၆ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။ အကယ်ဒမီမို့မို့မြင့်အောင်ရဲ့မိခင် ဒေါ်သန်းရင် ၉၉နှစ်ဟာ လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့တာပါ။ မိခင်ကြီးအတွက်ဝမ်းနည်းပူဆွေးနေတဲ့ မို့မို့မြင့်အောင် က”ယနေ့ မွေးမိခင်ကြီး ဒေါ်သန်းရင် ရဲ့ ရက်လည် ဆွမ်းကျွေးလေးပါ။ ရင်ထဲက အူတွေ အသဲတွေ ဆွဲထုတ်သလိုခံစားရပါတယ်။ ရင်ဘတ် ကိုဟာနေတာပဲ ညနေ့ထမင်းခွံ့ချိန်ဆို ယောင်တောင်တောင်နဲ့ ဘာလုပ်ရမှန်းမသိ ဖြစ်ရဦးမယ်။ ဘယ်လိုပဲခံစား ခံစားရပါ စေ ဆွမ်းကပ်ပြီး အမျှဝေတော့ မာမီထံ ရောက်အောင် အာရုံပြုပြီး အမျှဝေခဲ့ပါတယ်။ စိတ်မကောင်းဖြစ်ရတာက Lockdown အချိန်ဖြစ်နေတော့ ဆွေမျိုး မိတ်ဆွေ အပေါင်းအသင်းတွေလည်း မလာနိုင် အလှူပြုရ အားမရလှပါဘူး။ တစ်ချိန်ထဲမှာပဲ Mandalay We Love MMMA သားသမီးတွေ သဲသဲတုန်လေးတွေ (သား ပြည့်ဖြိုးသန့်စင် ဦးဆောင်ပြီး) စစ်ကိုင်းတောင်ရိုး ဝါးချက်ရွာအနီး မာဃာ့ချောင် သီလရှင်ကျောင်းမှာ သီလရှင် အပါး (၁၂၀ )ကို ဆွမ်းကပ်တာတွေ့လိုက်ရပါတယ်။ ဝမ်းနည်း ဝမ်းသာဖြစ်ရပါတယ်။ Mandalay We Love သဲသဲတုန်လေးတွေကို ကျေးဇူးတင်ပါတယ် ၊ အားလည်းတကယ်ရှိပါတယ် ၊ သာဓု သာဓု သာဓု ခေါ်ပါတယ်။”လို့ ဆိုပါတယ်။