Home Celebrities' News အကယ်၍ ‘လက်ထပ်ကြတဲ့အခါ’ ပြီးတဲ့နောက်ဘာတွေ လာဦးမှာလဲ G-fatt

အကယ်၍ ‘လက်ထပ်ကြတဲ့အခါ’ ပြီးတဲ့နောက်ဘာတွေ လာဦးမှာလဲ G-fatt

0
567

“မကြီး၊ မကြီး”လို့ သူချစ်စနိုး ခေါ်တဲ့ ချစ်သူ နန်းဆုရတီစိုးနဲ့အတူ “အကယ်၍ လက်ထပ်ကြတဲ့အခါ” သီချင်းရဲ့ Music Video ကိုလည်းG-Fatt က ပရိသတ်ကို ချပြပြီးပြီ။ ဆိုတော့ နောက်ထပ်ဘာတွေလာ မှာလဲ။ အချစ် သီချင်းလေးတွေလား၊ ဒါမှမဟုတ် ဟစ်ဟော့ပ်ဆန်တဲ့ ပုံစံ မျိုး လား။ သူနဲ့တွေ့လို့ မေးဖြစ်တော့

“အကယ်၍ လက်ထပ်ကြတဲ့အခါကတော့ J8လည်းထွက်ခဲ့တဲ့အချိန်နဲ့ ကျွန်တော်တို့လည်း ဒီသီချင်းကို အရင် အစအဆုံးထွက် ချင်တဲ့အချိန်နဲ့ ကိုက်ခဲ့တော့ ဒါကို ထွက်ပစ်လိုက်ပြီ။ တခြားအပုဒ်တွေကတော့ ကျွန်တော်တို့ စရိုက်တော့ မယ်။ အခု သြဂုတ်လ ၂ဝကျော်ရင် ပေါ့လေ။ ဆိုတော့ 120/Bရော၊ ဂျင်အခွေရော ၂ခွေပေါင်းပြီး ကိုယ် ကြိုက်မယ်ထင်တဲ့အပုဒ်လေးတွေကို ရွေးချယ်ပြီးတော့ ကျွန်တော့်အကြိုက် ရော၊ ပရိသတ်အကြိုက်ရော မျှပြီး တော့ Music Video ရိုက်ကူးပြီးတော့ ထွက်သွားဖို့ရှိပါတယ်” လို့G-Fatt က ပြောပါတယ်။ ဖေ့စ်ဘွတ်ခ်မှာ ? သင်္ကေတလေးတွေ ပရိုဖိုင်ချိန်းထားကြတာက သူတို့တွေ ထူးထူး ခြားခြားတစ်ခုခုရှိလို့ပါပဲတဲ့။ အဲဒါကလာမယ့် ၂ပတ်အတွင်းဖြစ် လိမ့်မယ်လို့G-Fatt ကဆိုပါတယ်။ ဒါကSuprise လုပ်တဲ့သဘောပါ။ ဒီနှစ်ကG-Fatt တစ်ယောက်Suprise လုပ်တဲ့နှစ်လေလား မသိပါဘူး။ ချစ်သူ ကိုကောG-Fatt တစ်ယောက် ဘယ်လောက်တောင်Suprise လုပ်နေမလဲ စဉ်းစားသာ ကြည့်ပါတော့။ နောက်ထပ်Suprise လုပ်တဲ့အစီအစဉ် တစ်ခု လည်းရှိပါသေးတယ်။ သူ့ချစ်သူကိုတော့ မဟုတ်ပါဘူး။ ပရိသတ် ကိုပါ။

“ပရိသတ်တွေကို ကျွန်တော်နိုဝင်ဘာလ ၁၁ရက်နေ့ Note ပေးထားဖို့ တောင်းဆိုထားပါတယ်။ နိုဝင်ဘာလ ၁၁ရက်နေ့ ကျွန်တော် ဘာလုပ်မှာလဲ၊ နိုဝင်ဘာလ ၁၁ ရက်နေ့က ဘယ်လိုနေ့မျိုးဖြစ်မှာလဲဆိုတာအတွက်ကို ကျွန်တော် ကြို တင်ပြီး ကြေညာသွားပါမယ် ခင်ဗျ” လို့G-Fatt ကပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်ဇော်မင်း

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here