Tuesday, February 3, 2026

သက်တော် ၉၀ အရွယ် ဆရာ‌တော်ကြီး...

သက်တော် ၉၀ အရွယ် တိဗက်ဘာသာ‌ရေးအကြီးအကဲ ဆရာ‌တော်ကြီးဒလိုင်းလားမားသည် တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် ဂရမ်မီဆုပေးပွဲတွင် "အကောင်းဆုံး အသံထွက်စာအုပ် နောက်ခံစကားပြောဆု" (Best Audiobook...

မန္တလေးမြို့တွင် ငလျင်ထပ်လှုပ်

မန္တလေးမြို့၌ ယနေ့ (ဖေဖော်ဝါရီ သုံးရက်) နေ့လည်ပိုင်း၌ အင်အားသိသာသည့် ငလျင်လှုပ်ခတ်မှု ဖြစ်ခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။ “မတ်လက လှုပ်တဲ့ ငလျင်လိုကို ခံစားလိုက်ရတယ်၊...

ဇူလိုင်လတွင် JLPT စာမေးပွဲဖြေဆိုရန် တစ်ဦးချင်းလျှောက်ထားသူများအနေဖြင့်...

၂၀၂၆ခုနှစ်၊ ဇူလိုင်လတွင် စာမေးပွဲဝင်ရောက်ဖြေဆိုရန် တစ်ဦးချင်းအနေဖြင့် လျှောက်ထားမည့် မည်သည့်စာဖြေသူများမဆို (ယခင်ကလျှောက်ထားပြီး သူများအပါအဝင်) Registration အဆင့်အား ပြန်လည်ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း JLPT...

အထည်ချုပ်စက်ရုံဖယ်ရီကားနှင့် မီနီဘတ်စ်ကားတိုက် (၄) ဦး...

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ အမှန်(၂)လမ်းမကြီးပေါ်တွင် ယနေ့ ဖေဖော်ဝါရီ ၃ ရက်နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က အထည်ချုပ်စက်ရုံဖယ်ရီကားနှင့် မီနီဘတ်စ်...
HomeNewsEntertainment Newsအကယ်ဒမီ ပန်းချီစိုးမိုးက ထက်ထက်မိုးဦး...

အကယ်ဒမီ ပန်းချီစိုးမိုးက ထက်ထက်မိုးဦး အတွက် ဘာပြောခဲ့သလဲ

ပြည်သူ့အချစ်တော် ထက်ထက်မိုးဦးရဲ့ ငယ်နာမည်က မှုံရွှေရည်ဖြစ်ပါတယ်။ ဒီနာမည်လေးအစား ထက်ထက်မိုးဦးဆိုတဲ့ နာမည်ကို ပေးခဲ့တဲ့သူ၊ နောက်သူမရဲ့လက်ဦးဆရာတစ်ဦးဖြစ်တဲ့ အကယ်ဒမီပန်းချီစိုး မိုးက အခုအချိန်အနုပညာလောကထဲကို အသစ်တဖန် ပြန်လည် ဝင်ရောက်လာတဲ့ ထက်ထက်မိုးဦးကို သတိစကားတစ်ခု ပြောကြားခဲ့ပါတယ်။ ဒီစကားကတော့ “သူ့မှာ အနုပညာချမ်းသာတယ်။ အဲဒီချမ်းသာတဲ့ အနုပညာကို မှန်ကန်စွာအသုံးချ တက်ဖို့လိုပြီလို့ ကျွန်တော် ဒီအချိန်မှာပြောချင်ပါတယ်။ အရင်တုန်းက တော့ ငယ်ရွယ်ခြင်း၊ နုပျိုခြင်းအတွက် ကျော်ကြားခြင်းဖြစ်လာခဲ့တယ်။ အခုအချိန်မှာကျတော့ တော်တဲ့အတွက် ကျော်ကြားခြင်းဆိုတာ ဖြစ်လာမယ်။ဘယ်နေရာမှာပဲဖြစ်ဖြစ် တကယ်တော်မှ တကယ်ကျော်ကြားတာ။ကျွန် တော် ထက်ထက်ကို အဓိကပြောချင်တာက သူ့ကို ပရိသတ်အကုန်သိပြီးသားပါ။ အရင်တုန်းက ပရိသတ်တွေကလည်း သူ့ကို ခုထိချစ်နေကြတုန်းလို့ ကျွန်တော် ထင်ပါတယ်။ ဘာလို့ဆို သူ့မှာ ဘဝပေးကောင်းတဲ့ မျက်နှာလေးရှိနေတာကိုး။

အဲဒါကို သေသေချာချာလေးအသုံးချနိုင်ပါ စေလို့ ကျွန်တော်ဆုတောင်းပါတယ်။ အရင်တုန်းက သူနဲ့မီဒီယာနဲ့ စကားများခဲ့တယ်ဆိုတဲ့ကိစ္စ အဲဒီကိစ္စမျိုးလည်း နောင်ရှိလာမယ်လို့ ကျွန်တော်မထင်ပါဘူး။ နောင်ကိုလည်း မရှိစေချင်ပါ ဘူး။ မီဒီယာနဲ့ အနုပညာသမားက အထင်လွဲစရာဖြစ်ရင်တော့ ရှင်းလို့ရပါ တယ်။ ကျွန်တော် ဆိုရင် အင်မတန်ပြဿနာများတဲ့ အထဲမှာပါပါတယ်။ ကျွန်တော်ဘယ် သူ့မှမကြောက်ပါဘူး။ ပြဿနာ ပေါင်းစုံလည်း ရှင်းရဲပါတယ်။ သို့ သော်ကျွန်တော်ကြောက်တာ တစ်ခုပဲရှိပါတယ်။ အဲဒါက မဟုတ်တာ လုပ်မိတာက ကြောက်စရာအကောင်းဆုံးပါ။ လောကမှာမဟုတ်တာ ပြောမိတာ ရေးမိတာလုပ်မိရင်သွားပြီ အဲဒါက ဘယ်တော့မှ ဖျောက်ဖျက်လို့မရတော့ဘူး။ ဒီနေ့ခေတ်က ပိုဆိုးပါတယ်။ မှတ်တမ်းတွေအားလုံးက ရှိတယ်။ စကား တစ်လုံးမှားရင် ဘဝတစ်ခုလုံးက သုံးမရတော့ဘူးဖြစ်တဲ့ အတွက် ကျွန်တော့်တပည့်ထက်ထက် သည် အနု ပညာအလုပ်လုပ်တဲ့အခါမှာ အားလုံးကို ချိုးနှိမ်ပြီးဆက်ဆံပါ။ ရိုကျိုးပြီး ဆက်ဆံပါ။ ဆောင့်ြ<ွကာြး<ွကားမဖြစ်ပါနဲ့။ စကားလည်း မမှားပါနဲ့လို့ ပြောချင်ပါတယ်။ ဘာလို့ဆိုတော့ လူချစ် လူခင်များတဲ့အလုပ်မို့ပါ။လူချစ်အောင် ကြိုးစားတဲ့သူက လူ ချစ်အောင်နေပါ။ လူချစ် အောင်လုပ်ပါ။ လူချစ်အောင် ဆက်ဆံပါ”လို့ ဧပြီလအတွင်းက ပြုလုပ်ကျင်းပခဲ့တဲ့ ‘ထက်ထက်မိုးဦး ပြန်လာပြီ’ဆိုတဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲမှာ အကယ်ဒမီပန်းချီစိုးမိုးက ချစ်တပည့်ထက်ထက်မိုးဦးအတွက် ပြောကြား သွားတာဖြစ်ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071