Wednesday, September 2, 2026

ရန်ကုန်မြို့နယ်အချို့၌ Online မီတာလျှောက်ထားမှုများနှင့် QR...

ရန်ကုန်၊ စက်တင်ဘာ ၂ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် စက်တင်ဘာ ၁ ရက်က ဒဂုံမြို့နယ် လျှပ်စစ်မန်နေဂျာရုံးသို့ သွားရောက်၍ ဩဂုတ်လအတွက်...

ချင်းတွင်းနှင့် မြစ်သာမြစ်ရေ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သဖြင့်...

မုံရွာ၊ စက်တင်ဘာ ၂ ချင်းတွင်းမြစ်နှင့် မြစ်သာမြစ်ရေတို့သည် လာမည့်ရက်များအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သဖြင့် မင်းကင်း၊ မုံရွာနှင့် ကလေးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ...

ကျိုင်းတုံ-တောင်ကြီးသွားကားလမ်းတွင် အဝေးပြေးခရီးသည်တင်ကား ဘရိတ်ပေါက်ပြီးချောက်ထဲထိုးကျတိမ်းမှောက် (၁)ဦးသေဆုံး...

ရှမ်းပြည်နယ်၊ မိုင်းပျဥ်းမြို့နယ်၊ ကျိုင်းတုံ-တောင်ကြီးသွားလမ်းတွင် အဝေးပြေးခရီးသည်တင်(Express) ကားတစ်စီး ဘရိတ်ပေါက်ပြီးချောက်ထဲထိုးကျတိမ်းမှောက်ခဲ့မှု စက်တင်ဘာ ၁ ရက်ည ၉ နာရီ ၁၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း...

ယူရီးယားနှင့် DAP အခြေခံ မြေဩဇာများအတွက်...

ရန်ကုန်၊ စက်တင်ဘာ ၂ တောင်သူများ အဓိကအသုံးပြုသည့် ယူရီးယားနှင့် DAP အခြေခံ မြေဩဇာများအတွက် စက်တင်ဘာလအတွင်း ရန်ကုန်အထိုင် လက္ကားရည်ညွှန်းဈေးနှုန်းများကို မြန်မာနိုင်ငံ မြေဩဇာ၊...
HomeCelebrities' Newsအကယ်ဒမီပေးပွဲကို မတ်လ...

အကယ်ဒမီပေးပွဲကို မတ်လ ၁၈ရက်နေ့ ပြည်သူ့ရင်ပြင်တွင် ကျင်းပနိုင်ရန် ရည်ရွယ်ထား ရုပ်ရှင်ဥက္ကဋ္ဌ ဦးလူမင်းနှင့် တွေ့ဆုံခြင်း

Lu-Min၂ဝ၁၆ ခုနှစ် အတွက် အကယ်ဒမီ ရုပ်ရှင်ထူး ချွန်ဆု ပေးအပ်ပွဲကြီးကို လာမယ့် မတ်လ ၁၈ ရက် နေ့ ညနေပိုင်းမှာ ကျင်းပပြုလုပ် သွားတော့ မှာ ဖြစ် တယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ အကယ်ဒမီ ဦးလူမင်းက အတည်ပြုပြောကြား လိုက်ပြီ ဖြစ်ပါတယ်။

မတ်လ ၁၈  ရက်နေ့မှာပြုလုပ်မယ့် အကယ်ဒမီ

အကယ်ဒမီ ဆုပေးပွဲ ကိုတော့ ပြီးခဲ့တဲ့နှစ်က ၂ နှစ် ပေါင်းပြီး ဆုပေးလိုက်ပြီ ဖြစ်တာကြောင့် အခုနှစ်တွေ မှာတော့ တစ်နှစ်ကုန်တာ နဲ့ ချက်ချင်း ဆုပေးတဲ့ စနစ်ဖြစ်သွားပါပြီ။ အခု မတ်လ ၁၈ ရက်နေ့ စနေနေ့ ကို အကယ်ဒမီ ဆုပေးပွဲ ကျင်းပ မယ့် နေ့ရက် အဖြစ် မနေ့က (ဇန်နဝါရီလ ၁၁ ရက်) ကပဲ လစဉ် အမှုဆောင် အစည်းအဝေး မှာ ဆုံးဖြတ် လိုက်ပါတယ်။ မတ်လမှာ ကျင်းပတယ် ဆိုတာက လည်း အမှန် တကယ် ဆိုရင် နှစ်ကုန်တာနဲ့ ဇန်နဝါရီ လအတွင်း ကျင်းပနိုင်ရင်တော့ တစ်နှစ်လုံးစာကို ချက်ချင်းပေးတဲ့ သဘောတော့  ။ ဒါပေမဲ့ ကျွန်တော်တို့က ဘာတွေ ပြန်ချိန်ရလဲ ဆိုတော့ အကယ်ဒမီ ဇာတ်ကားတွေကို စိစစ်တဲ့နေ ရာမှာ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ရုံတင်တဲ့ ဇာတ် ကားကိုပါ စိစစ် ရတာဖြစ်တဲ့ အတွက်က တစ်ပိုင်း၊ နောက်ပြီးတော့ ကျွန်တော်တို့ ဆီမှာက ဖေဖော်ဝါရီ လ တို့၊ မတ်လတို့ ဆိုရင် ကျောင်းသား၊ ကျောင်းသူ တို့ရဲ့ စာမေးပွဲ ကာလဖြစ်တယ်။ ဆယ်တန်း စာမေး ပွဲက ၁၅ ရက်နေ့လောက်မှာ ပြီးမယ်လို့ ကြားသိရတဲ့ အတွက် စာမေးပွဲပြီးတဲ့ ကာလ မတ်လ ၁၈ ရက်နေ့ ကို ရွေးချယ်လိုက်ခြင်းဖြစ်ပါတယ်။

အကယ်ဒမီပွဲကျင်းပမယ့် နေရာ

ကျွန်တော်တို့ရဲ့ နံပါတ်တစ် ဦးစားပေးကတော့ ပြည်သူ့ ရင်ပြင်ပါပဲ။ ပြည်သူ့ ရင်ပြင် ဆိုတာက နေရာ အကျယ်အဝန်း၊ ဝင်လမ်း၊ ထွက်လမ်း ၊ ကား ပါကင် အနေအထားကအစ အဆင်ပြေတဲ့ အပြင် အနောက်ဘက်မှာလည်း ရွှေတိဂုံ ဘုရား နောက်ခံနဲ့ တစ်နိုင်ငံလုံး က စိတ်ဝင်စားတဲ့ အကယ်ဒမီပေးပွဲ ကြီးကို ခံ့ခံ့ညားညား ကျင်းပနိုင်ခဲ့မယ် ဆိုရင်တော့ အင်မတန် ခမ်းနားပြီးတော့ ပရိသတ်တွေ အားပေး တဲ့ အခါမှာလည်း အင်မတန် နှစ်လိုဖွယ် အခမ်း အနား တစ်ခု ဖြစ်လာမှာ ဖြစ်တဲ့ အတွက် အဲဒီနေရာ ကိုတော့ ဦးစားပေး နံပါတ်တစ် အနေ နဲ့ ရွေးချယ်ပြီး စာတင်ထားပါတယ်။ အခုအထိတော့ မသိရသေးပါဘူး။ ပြည်သူ့ရင်ပြင် မှာကလည်း နိုင်ငံ တကာ ဖျော်ဖြေ ပွဲ တစ်ခုဖြစ်တဲ့ အဆိုတော် ဂျေဆင်မရက်ဇ် ရှိုးတစ်ခု လည်း ခွင့်ပြုခဲ့ဖူးတဲ့ အစဉ်အလာ လည်း ရှိခဲ့ဖူးပါတယ်။ အဲဒီ အတွက် ခွင့်ပြု၊ မပြုဆိုတာကို ဒီရက်ပိုင်း အတွင်း မှာပဲ အဖြေကို စောင့်ဆိုင်းနေပါ တယ်။ ရွေးချယ်စရာ က သုံးခု ရှိနေပါတယ်။ ပြည်သူ့ ရင်ပြင်ရယ်၊  The One Entertainment Park  ရယ်။ အရင်မြေနီကုန်းက MEP ကလည်း မင်းဓမ္မလမ်း ဘက်ကို ရွှေ့သွားပြီးတော့ အချိန်မီ ပြီးစီးမယ် ဆိုတာ သိရပါတယ်။ The One Entertainment Park ကလည်း အကယ်ဒမီကို ပံ့ပိုးပေးဖို့ အတွက် ကမ်းလှမ်းထားတာ ရှိပါတယ်။ အဲ့ဒီ၃ခုထဲ ကတစ်ခုတော့ ဖြစ်မှာပါ။

တင်ဒါခေါ်ခြင်း ၊ မခေါ်ခြင်း

တင်ဒါခေါ်ခြင်း၊ မခေါ်ခြင်း ကိစ္စဟာ လည်း ကိုယ့် အယူအဆတွေနဲ့ကိုယ် ဆွဲပြော နေကြတဲ့ သဘောပါ။ တင်ဒါ ခေါ်ခြင်းဟာ အမှန် တရား၊ မခေါ်တာမှား တယ်လို့တော့ တစ်ထစ်ချ သတ်မှတ်လို့မရပါဘူး။ ဆိုလိုတာက ကျွန်တော်တို့ရဲ့ ပွဲကျင်းပရေး ဦးစီး ကော်မတီ ရဲ့ ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်တာပါ။ နောက် တစ်ခုက ကျွန်တော်တို့က အစိုးရဌာန လည်း မဟုတ်ပါဘူး။ တင်ဒါခေါ်တိုင်း မှန်တယ်လို့ လည်း မခံယူပါဘူး။ ပြီးခဲ့တဲ့ အကယ်ဒမီပွဲ ဆို ရင်လည်း အစိုးရ အပြောင်းအလဲနဲ့ တစ်ပတ် အတွင်းမှာ နောက် ဆုံး မိန်း စပွန်ဆာတောင် ရက်ပိုင်း အလိုမှ ကပ် ရတဲ့ သဘောတွေနဲ့ အစ်ကိုတို့ ခက်ခက်ခဲခဲကို ဆောင်ရွက်ခဲ့ရတာ ဖြစ်တယ်။ အဲဒီတော့ တင်ဒါ မခေါ်ခြင်း၊ ခေါ်ခြင်း အပေါ်မှာ ပြစ်တင် ဝေဖန်တဲ့သူက တော့ အပြစ်တင်ချင်လို့ အပြစ်ရှာတယ် လို့ပဲခံ ယူတယ်။ နှစ်တိုင်း ကတော့ တင်ဒါခေါ်တာ၊ မခေါ် တာထက် စပွန်ဆာတွေ ကိုလည်း သတင်းစာကနေ ကြေညာပြီးတော့ မှ အားလုံး စုံညီရှေ့ မှာ ရွေးချယ်တာ ဖြစ်တယ်။

အကယ်၍များ ရုပ်ရှင်ဥက္ကဋ္ဌ အကယ်ဒမီ ရခဲ့ရင်

အစ်ကို ဥက္ကဋ္ဌ အဖြစ် ပထမဦးဆုံး အကယ်ဒမီကို ကျင်းပခွင့် ရခဲ့ကတည်းက ပြောခဲ့တဲ့ စကားတစ်ခွန်း ရှိပါတယ်။ ဒီနေ့ အထိလည်း အဲဒီအတိုင်း ပါပဲ။ ကိုယ့်ရဲ့ အနု ပညာ အပေါ်ကိုတော့ ရာနှုန်းပြည့် လိပ်ပြာ သန့်ပါတယ်။ အကယ်၍များ အကယ်ဒမီရ ခဲ့ရင်လည်း အဲဒီ့ စင်မြင့် ပေါ်ကို လိပ်ပြာသန့်တဲ့ ခြေလှမ်းတွေနဲ့ ကိုယ်တက်ပြီးယူရဲပါတယ်။ ယူနိုင်ပါတယ်။ ယူဝံ့ပါတယ်။

၂ဝ၁၇ ခုနှစ် အကယ်ဒမီပွဲသည် နှုတ်ဆက်ပွဲ

အကယ်ဒမီပွဲ အပြီး သင်္ကြန် နောက်ပိုင်း ကာလတွေမှာ ရုပ်ရှင် ရွေးကောက်ပွဲကို ပြန်လုပ်တော့မယ်လို့ စီစဉ် ဆုံးဖြတ်ထားပြီ ဖြစ်တဲ့ အတွက် ဒီနှစ် အကယ်ဒမီပွဲက အစ်ကို့ အတွက် နှုတ်ဆက်ပွဲတော့ ဖြစ်သွားမှာပေါ့။

နှစ်စဉ် ခေါ်နေကျ ရွှေကြို မောင်မယ် ရွေးချယ်ခြင်းကို ယခုနှစ်တွင်လည်း ခေါ်ယူမည်

မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးအနေနဲ့ မတ်လ ၁၈ ရက်နေ့မှာ ကျင်းပ ပြုလုပ်တော့မယ့် အကယ်ဒမီ ဆုပေးပွဲကြီး အတွက် ကြိုတင် ပြင်ဆင်မှုတွေလည်း ပြုလုပ်လျက်ရှိရာ အခုလ အတွင်းမှာတော့ ရွှေကြိုမောင်မယ်တို့ကို ရွေးချယ် နိုင်ရန် အတွက် လျှောက်လွှာ ပုံစံများကို ထုတ်ပေးသွားဖို့ ပြုလုပ်လျက် ရှိနေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းကတော့..

“အကယ်ဒမီ ရွှေကြိုဆိုတဲ့ ကိစ္စက ပုံမှန်လုပ်နေကျ အစီအစဉ် တစ်ခုပါပဲ။ ရွှေကြိုကို မထည့်သင့်ဘူး ဆိုတာက စိစစ်ရွေးချယ်ရေး အဖွဲ့တွေ နဲ့ အစည်းအဝေး မှာ အရင် ဥက္ကဋ္ဌဟောင်း ဖြစ်တဲ့ ဦးဇင်ဝိုင်းက တင်ပြသွားခဲ့တဲ့ အချက် တစ်ချက်ပဲ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနောက်ပိုင်း ပြန်ဆွေးနွေးတဲ့ အခါကျတော့ EC တစ်ဖွဲ့ လုံးကရော၊ တကယ် ပါဝင် ဆွေးနွေးသူတွေ အကုန်လုံးကရော ရွှေကြို ဆိုတာကို ထည့်သင့်ပါတယ် ဆိုတဲ့ ဆုံးဖြတ်ချက် ထွက်သွားပါတယ်။ အဲဒါကြောင့်မို့လို့ မူရင်းပါ နေကျ အစီအစဉ်ကို ထပ်လုပ်ခြင်း သာဖြစ် ပါတယ်။ နောက်တစ်ခု က လည်း ရွှေကြိုဆိုတာက အစ်ကိုတို့ အကယ်ဒမီပေးပွဲ ဆိုတာက အနုပညာရှင်တွေ ချည်းပဲ လုပ်တဲ့ပွဲ မဟုတ်ပါဘူး။ ပရိသတ်တွေ ကလည်း အင်မတန် စိတ်ဝင်စား ပါတယ်။ ရွှေကြို ဆိုတဲ့ နေရာလေးက ပရိသတ်တွေ အတွက် မျိုးဆက် သစ်တွေ အတွက် နေရာပေးတဲ့ နေရာလေး တစ်ခုပါ။ ရွှေကြို ခေါ်လိုက်ပြီ ဆိုတာ နဲ့ လျှောက်လွှာတွေက အံ့သြ စရာ ကောင်းလောက်အောင် တစ်ပြည်လုံးက လာ လျှောက်ကြတာ တွေ့ရတယ်။ ဒါဟာ မျိုးဆက်သစ်တွေ၊ ရွက်ပုန်းသီးလေးတွေ အတွက် အခွင့် အရေး တစ်ခုဖြစ်တယ်။ ပွဲအခြေအနေနဲ့ ကြည့်မယ် ဆိုရင်လည်း ပွဲကို အိုင်ခြင်း၊ အင်ခြင်း မရှိပါဘူး။ သူ့ရဲ့မိတ်ဆက် အစီအစဉ် က အလွန်ဆုံး ၇ မိနစ်ပဲ ရှိပါတယ်။ ပွဲကို အိုင်သွားစေမယ့် အနေအထား လုံးဝ မတွေ့ရဘူး။ နောက်တစ်ခု က ကြိုတဲ့၊ ပို့ တဲ့နေရာ မှာလည်း တစ်နိုင်ငံလုံးက စောင့်ကြည့်နေတဲ့ စင်မြင့်ကြီးမှာ လုပ်ရမှာဖြစ်တဲ့ အတွက် တွေ့တဲ့သူ ဗန်းကောက်ပေးပြီး စင်ပေါ် ကို တက်ခိုင်း လိုက်လို့ရတဲ့ အနေ အထား မဟုတ်ပါဘူး။ အဓိကကတော့ ရွှေကြို ဆိုတာ ပရိသတ် အတွက် နေရာပေးတဲ့ နေရာလေး တစ်ခု၊ ပရိသတ်ရဲ့ မျှော်လင့် ချက်လေး တစ်ခုဖြစ်ပါတယ်”လို့ ပြောပြပေးခဲ့ပါတယ်။

အကယ်ဒမီ ရွှေကြို ဆိုတဲ့ အခေါ်အဝေါ်ကို ၂ဝ၁၄ ခုနှစ်က ပြုလုပ်ခဲ့တဲ့ ၂ဝ၁၃ ခုနှစ် အတွက် အကယ်ဒမီ ဆုပေးပွဲကတည်းက (အကယ်ဒမီ ဗန်းကိုင် ဆိုတဲ့)အခေါ်အဝေါ်ကနေ ပြောင်းလဲ ခေါ်ဝေါ်ခဲ့တာဖြစ်ပြီး အခု ဆိုရင် ၃ နှစ်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ၂ဝ၁၄ ခုနှစ် နဲ့ ၂ဝ၁၅ ခုနှစ် ၂ နှစ်ပေါင်း အကယ် ဒမီ ဆုပေးပွဲကြီး မှာတော့ အကယ်ဒမီ ရွှေကြိုမောင်မယ် အမျိုးသား ၁ဝဦး၊ အမျိုးသမီး ၁ဝ ဦးစီ ရွေးချယ်ခဲ့တာ မို့ အခုနှစ်မှာလည်း ထိုနည်း လည်းကောင်း ရွေးချယ် သွားဖွယ်ရှိနေပါတယ်။

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071