Wednesday, June 17, 2026

ဖလမ်းမြို့တွင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ပြန်လည်လည်ပတ်၊ ကာကွယ်ဆေးထိုးနှံမှုများ...

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို ပြန်လည်စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ကလေးငယ်များအား အသက်အရွယ်အလိုက် သတ်မှတ်ထားသည့် ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးလျက်ရှိပြီး တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများကိုလည်း ပုံမှန်ပြန်လည်ဆောင်ရွက်နေကြောင်း...

ဖလမ်းမြို့နယ်၌ Placement Test အထူးအစီအစဉ်တွင်...

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၌ ကျင်းပလျက်ရှိသော Placement Test အထူးအစီအစဉ်တွင် ကျောင်းသား၊ ကျောင်းသူ ၃,၀၀၀ ကျော် ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ အဆိုပါ Placement...

မက်ဆီ၏ ပထမဆုံး Hat-trick ဖြင့်...

ယခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီသည် ပြိုင်ပွဲ၏ ပထမဆုံး Hat-trick ကို သွင်းယူနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးစံချိန်ကိုလည်း လိုက်မီသွားခဲ့ကြောင်း သိရသည်။ Ballon...

ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ရေး ရခိုင်ပြည်နယ်တွင် ကလေးငယ်...

ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများကို စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်များတွင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။ ရခိုင်ပြည်နယ်အတွင်းရှိ အသက် (၁၅) နှစ်အောက်...
HomeCelebrities' Newsအကယ်ဒမီကို ဘယ်နှစ်မှ မမျှော်လင့်ခဲ့ပါဘူး...

အကယ်ဒမီကို ဘယ်နှစ်မှ မမျှော်လင့်ခဲ့ပါဘူး ပြေတီဦး

Pyay-Ti-Oo

ပြေတီဦးက ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ရိုက်ကူးပုံဖော်ခဲ့တဲ့ ‘ ရာဇဝင်ရိုင်းသူများ’ ရုပ်ရှင်ဇာတ်ကားမှာ မြင့်မိုရ်ဆိုတဲ့ ဇာတ်ကောင်နာမည်နဲ့ ပါဝင်သရုပ်ဆောင်ထားတာကို တွေ့ရ ပါတယ်။ ဒီဇာတ်ကားမှာ အတ္တနဲ့ သံသယ လွန်ဆွဲရတဲ့ ဇာတ်ဝင်ခန်းတွေအများကြီးပါတာကို တွေ့ ပါတယ်။ အဲဒီအခန်းတွေအတွက် ပြင်ဆင်မှုပိုင်းကိုတော့ ပြေတီဦးက “ကျွန်တော်တို့က ဇာတ်လမ်း ကို နားလည်အောင်ဖတ်ရတယ်။ ပြီးတော့ တစ်ခန်းချင်းရိုက်မယ့်ဟာမှာ ဘယ်လိုမုဒ်ဖြစ်မလဲ ဆိုတာပေါ့နော်။ အဲဒီ စိတ်ခံစားချက်ကို သေချာနားလည်အောင် လုပ်ရတယ်။ ပြီးရင် အဲဒီခံစား ချက်အတိုင်း ဖြစ်အောင် ရိုက်ကွင်းပေါ်မှာ သရုပ်ဆောင်ရတယ်။ နောက်တစ်ခါကျတော့ မရိုက်ခင် မှာ ဘယ်လို အိုက်တင်လေးတွေ လုပ်လို့ရလဲဆိုတာ တစ်ခါတည်း စဉ်းစားရတယ်။

တကယ်ရိုက် ပြီဆိုတဲ့ အခါ ကျရင် သရုပ်ဆောင်တစ်ယောက်ရဲ့ မုဒ်က ရင်ထဲမှာ ဖြစ်လာတယ်။ ရင်ထဲမှာဖြစ် လာတဲ့ မုဒ်ကို ခုနကိုယ်စဉ်းစားထားတဲ့ သရုပ်ဆောင်ချက်လေးတွေနဲ့ ပေါင်းပြီး လုပ်လိုက်တယ်။ အဲဒီလိုမျိုးလေးပေါ့”လို့ ပြောပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာဆိုရင် ပြေတီဦးနဲ့ မြင့်မြတ်တို့ အပြိုင် သရုပ်ဆောင်ထားတာကိုလည်း တွေ့ရပါတယ်။ မြင့်မြတ်သရုပ်ဆောင်ထားတာ တအား ကောင်းတဲ့ အခန်းတွေလည်းပါတာကြောင့် မြင့်မြတ်အတွက် အကယ်ဒမီရမယ်ဆိုလည်း ရနိုင်ကြောင်း ပြောပြ ပြီး သူ့အတွက်တော့ အကယ်ဒမီဆိုတာ မမျှော်လင့်ပါဘူးလို့ ပြေတီဦးက ပြောပြလာပါတယ်။

“ကျွန်တော်ကတော့ မမျှော်လင့်ဘူဗျ။ မမျှော်လင့်ဘူးဆိုတာက ပထမဆုံး တစ်နှစ်တုန်း ကတော့ အကယ်ဒမီ တအားလိုချင်တာပေါ့နော်။ မရဖူးသေးတော့လေ။ နောက်ပိုင်း နှစ်တွေက တော့ ရတာ၊ မရတာ သိပ်ပြဿနာမရှိဘူးပေါ့နော်။ ကိုယ့်အတွက်ကိုတော့ ဘယ်နှစ်မှ မမျှော်လင့် ခဲ့ပါဘူး။ အခု ဒီဇာတ်ကားမှာဆိုရင် မြင့်မြတ်လည်း တအားကောင်းတယ်။ ရမယ်ဆိုလည်း ရနိုင်ပါတယ်။ သူသရုပ်ဆောင်တာ တအားကောင်းတဲ့ အခန်းလေးတွေ တော်တော်များများ ပါတယ်လေ” လို့ပြောပါတယ်။

အခု လတ်တလောမှာတော့ ပြေတီဦးက ဒါရိုက်တာ ကျော်ဇောလင်း ရိုက်ကူးနေတဲ့ ‘Voting အများဆုံး အချစ်’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို မင်းမော်ကွန်း၊ ကျော်ကျော်ဗိုလ်၊ ဝတ်မှုံရွှေရည်၊ စိုးနန္ဒာကျော် တို့နဲ့အတူ ချောင်းသာမှာ သွားရောက် ရိုက်ကူးနေပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ- အောင်ဇော်မင်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071