Monday, July 13, 2026

ကျောက်တံခါးမြို့ကိုဗဟိုပြု၍ ယနေ့ ဇူလိုင် ၁၂...

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့ကိုဗဟိုပြု၍ ယနေ့ ဇူလိုင် ၁၂ ရက်အတွက် ဒုတိယမြောက်ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ ပဲခူးမြေငလျင်စခန်းမှတိုင်းထွာရရှိချက်အရ မွန်းလွဲ ၂ နာရီ...

ဝင်းသိင်္ဂီထွန်းကို ပင်နယ်တီဘေးကန်ခဲ့မှုကြောင့် တစ်ပွဲပယ်၊ ဒဏ်ကြေး...

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီက မြန်မာအမျိုးသမီးလိဂ် ပွဲစဉ် (၄) တွင် ပင်နယ်တီကို ရည်ရွယ်ချက်ရှိရှိ ဘေးကန်ခဲ့သည့် ရတနာပုံအသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်းအား...

ပြန်သုံးလို့ရတဲ့ ဒုံးပျံပုံစံငယ်ကို ဂျပန်အောင်မြင်စွာ လွှတ်တင်၊...

ဂျပန်အာကာသအေဂျင်စီက စမ်းသပ်နေတဲ့ အကြိမ်ကြိမ်ပြန်လည်အသုံးပြုနိုင်မယ့် ဒုံးပျံရှေ့ပြေးပုံစံငယ်တစ်ခုဟာ အမြင့် ၁၀ မီတာလောက်အထိ တက်သွားခဲ့ပြီးနောက်မှာ အောင်မြင်စွာ ပြန်လည်ဆင်းသက်နိုင်ခဲ့ပါတယ်။ ဒီပျံသန်းမှုဟာ စက္ကန့် ၄၀...

မိုးသည်းထန်စွာရွာသွန်း၍ ပုသိမ်-ကြံခင်းရထားလမ်းပိုင်း၌ အမြန်ရထားလမ်းချော်မှုဖြစ်ပွား

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ပုသိမ်-ကြံခင်းရထားလမ်းပိုင်း၌ အမြန်ရထားလမ်းချော်ခဲ့မှု ယနေ့ ဇူလိုင် ၁၂ ရက်ညနေ ၄ နာရီ ၂၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်...
HomeInternationalဟောင်ကောင် - အမေရိကန်‌ပေါ့ပ်အဆိုတော်...

ဟောင်ကောင် – အမေရိကန်‌ပေါ့ပ်အဆိုတော် Coco Lee အသက် ၄၈ နှစ်အရွယ်၌ကွယ်လွန်

စင်္ကာပူ၊ဇူလိုင် ၅

ထင်ရှားသည့် ဟောင်ကောင် – အမေရိကန် ပေါ့ပ်အဆိုကျော် Coco Lee သည် မိမိကိုယ်ကိုယ်မိမိအဆုံးစီရင်ရန်ကြိုးပမ်းပြီးနောက် ဇူလိုင်လ ၅ ရက်နေ့တွင်ကွယ်လွန်သွားပြီဖြစ်ကြောင်းသိရှိရသည်။

Coco Lee ၏အစ်မများဖြစ်သည့် နန်စီနှင့်ကာရိုတို့ကမူ အသက် ၄၈ နှစ်အရွယ်ရှိသည့် Coco Lee သည် စိတ်ကျရောဂါခံစားနေရပြီး တနင်္ဂနွေနေ့က မိမိကိုယ်ကိုယ်မိမိအဆုံးစီရင်ခဲ့ခြင်းဖြစ်သည်ဟုဆိုကြသည်။

Coco Lee သည် ၁၉၉၀ ပြည့်နှစ်မှစကာ ဂီတလောကသို့ဝင်ရောက်လာခြင်းဖြစ်ပြီး ယခု ၂၀၂၃ ခုနှစ်သည် ၎င်း၏ဂီတသက်တမ်းနှစ် ၃၀ ပြည့်သည့်နှစ်လည်းဖြစ်သည်။

Coco Lee ၏ပေါ့ပ်သီချင်းများသည် မြန်မာပရိသတ်များကြား၌လည်း ရေပမ်းစားခဲ့ပြီး မြန်မာတေးသံရှင်များကလည်း မြန်မာမှုပြုကာ ပြန်လည်သီဆိုခဲ့ကြသဖြင့်ကျော်ကြားသည်။

မစ္စ Coco Lee သည် Disney ၏နာမည်ကြီးရုပ်ရှင် Mulan ၌လည်း တရုတ်ဘာသာဖြင့်နောက်ခံတေးသီချင်း “Reflection” အားသီဆိုခဲ့သူဖြစ်သည့်အပြင် ၂၀၀၁ ခုနှစ်၏အော်စကာဆုရ Crouching Tiger, Hidden Dragon ၏ “A Love Before Time” ဇာတ်ဝင်တေးအားသီဆိုသူလည်းဖြစ်သည်။

Source : CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘီးလင်းမြို့နယ်တွင် ယာယီရေဘေးကယ်ဆယ်ရေးစ ခန်း(၉)ခုဖွင့်လှစ်ကာ ရေဘေးသင့်သူ(၁,၅၀၀)ဦးကျော်ကိုနေရာချထားပေးရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ဘီးလင်းမြစ်ရေမြင့်တက်လာမှုကြောင့် ရပ် ကွက်(၄)ခုနှင့် ကျေးရွာအုပ်စု(၂)စုမှ မြေနိမ့်ပိုင်းနေရာရှိ နေအိမ်များ၌ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ရပ်ကွက်/ကျေးရွာအုပ်စု(၆)ခုမှ ရေဘေးသင့်အိမ်ထောင်စု(၄၂၇)စုမှ လူဦးရေ(၁,၆၂၆)ဦးတို့ကို လုံ ခြုံရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ယာယီရေ ဘေးကယ်ဆယ်ရေးစခန်း(၉)ခုသို့ ရွှေ့ပြောင်းနေရာချ ထားပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ရေဘေးသင့်သူများအတွက် ဆန်၊ ရေသန့်၊ ကြက်ဥ၊ မုန့်ခြောက်နှင့် ခေါက်ဆွဲခြောက်များပေးအပ်ကူညီနိုင်ရေးတို့ကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ဘီးလင်းမြစ်ရေသည် ယနေ့ ဇူလိုင် ၁၂...

ကျောက်တံခါးမြို့ကိုဗဟိုပြု၍ ယနေ့ ဇူလိုင် ၁၂ ရက်အတွက် ဒုတိယမြောက်ငလျင်လှုပ်ခတ်

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့ကိုဗဟိုပြု၍ ယနေ့ ဇူလိုင် ၁၂ ရက်အတွက် ဒုတိယမြောက်ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ ပဲခူးမြေငလျင်စခန်းမှတိုင်းထွာရရှိချက်အရ မွန်းလွဲ ၂ နာရီ ၃၇ မိနစ် ၃၆ စက္ကန့်က ကျောက်တံခါးမြို့၏ အနောက်တောင်ဘက်(၂၈)မိုင်ခန့်အကွာ၊ အနက်(၁၂)ကီ လိုမီတာကိုဗဟိုပြု၍ အင်အား မဂ္ဂနီကျူ့(၃ ဒသမ ၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ဝင်းသိင်္ဂီထွန်းကို ပင်နယ်တီဘေးကန်ခဲ့မှုကြောင့် တစ်ပွဲပယ်၊ ဒဏ်ကြေး ကျပ်နှစ်သိန်းချမှတ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီက မြန်မာအမျိုးသမီးလိဂ် ပွဲစဉ် (၄) တွင် ပင်နယ်တီကို ရည်ရွယ်ချက်ရှိရှိ ဘေးကန်ခဲ့သည့် ရတနာပုံအသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်းအား အနီးဆုံးတစ်ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ကြေး ကျပ်နှစ်သိန်း ချမှတ်လိုက်ကြောင်း ထုတ်ပြန်သည်။ အဆိုပါဖြစ်စဉ်မှာ ရတနာပုံအသင်းနှင့် မြဝတီအသင်းတို့ ယှဉ်ပြိုင်သည့် ပွဲစဉ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဝင်းသိင်္ဂီထွန်းက ပင်နယ်တီကန်သွင်းခွင့်ရရှိခဲ့သော်လည်း ဂိုးသွင်းရန် မကြိုးစားဘဲ ဘေးသို့ကန်ထုတ်ခဲ့ခြင်း ဖြစ်သည်။ MFF ၏ ထုတ်ပြန်ချက်အရ ဝင်းသိင်္ဂီထွန်းသည် အဆိုပါလုပ်ရပ်မှာ မိမိတစ်ဦးတည်း၏ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဝန်ခံကာ အသင်းအား တောင်းပန်ထားသည်ဟု ဆိုသည်။ သို့သော်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071