Saturday, July 11, 2026

အာဆီယံ-ရုရှားဆက်ဆံရေး(၃၅) နှစ်ပြည့် အထိမ်းအမှတ်ပွဲသို့ မြန်မာသံအမတ်ကြီး...

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအ မတ်ကြီး ဦးကျော်စိုးမင်းသည် ဇူလိုင် ၉ ရက်တွင် ဖနောင်ပင်မြို့ရှိ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းသံအ မတ်ကြီး Mr. Anatoly...

မြန်မာ့စာပေလောက၏ ကြယ်တစ်ပွင့် ကြွေလွင့်ခြင်း –...

မြန်မာနိုင်ငံ၏ စာပေလောကနှင့် ပညာရေးလောကတွင် ထင်ရှားကျော်ကြားလှပြီး နိုင်ငံတော်အဆင့် စာပေဆုကြီးများကို ဆွတ်ခူးခဲ့သည့် စာရေးဆရာမကြီး ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) (ရေနံချောင်း) သည် ၂၀၂၆ခုနှစ်၊...

ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုအားလုံး ဖယ်ရှားနေခြင်းမဟုတ်၊ အချိုးအစားနှင့် ပုံသဏ္ဍာန်မမှန်သည့်...

လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြနေသကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း၏ အထိမ်းအမှတ်ရုပ်ထုများအားလုံးကို ဖယ်ရှားနေခြင်းမဟုတ်ဘဲ အချိုးအစား၊ ပုံသဏ္ဍာန်နှင့် အနုပညာဖော်ပြမှုများ သင့်လျော်မှုမရှိသည့် ရုပ်ထုများကိုသာ ဥပဒေနှင့်အညီ စိစစ်ပြင်ဆင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၂၆...

ဆီကန်များမှ စားသုံးဆီဖြန့်ဝေမှု စနစ်တကျဖြစ်ရေးနှင့် ဆီလက်ကျန်စာရင်း...

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (MITS) ၏ ဆီကန်ကြီးကြပ်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၉ ရက်က ကျင်းပခဲ့ပြီး ဆီကန်များမှ စားသုံးဆီနှင့်...
HomeCelebrities' Newsဟိန်းဝေယံ စိုးပြည့်သဇင် ပြောတဲ့...

ဟိန်းဝေယံ စိုးပြည့်သဇင် ပြောတဲ့ ပညာရေး ရည်မှန်းချက် ဘဝပန်းတိုင်

hs

ဆယ်တန်းစာမေးပွဲ အောင်စာရင်းထွက်ချိန်ဟာ လူငယ်တိုင်းအတွက် စိတ်အလှုပ်ရှားဆုံးရင်အခုန်ရဆုံး နေ့ဖြစ်သလို ဘဝအတွက်အမှတ်တရ ဖြစ်စေတယ်ဆိုပြီး ပြောသူကတော့ သရုပ်ဆောင် ဟိန်းဝေယံနဲ့ စိုးပြည့် သဇင်တို့ပဲ ဖြစ်ပါတယ်။ ဆယ်တန်းကျောင်းသားဘဝ ပညာရေးအတွက် ကြိုးစားစွမ်းဆောင်ခဲ့ပုံရော ဆယ်တန်း အောင်စာရင်းထွက်ချိန် ကျော်ဖြတ်သန်း ရင်ခုန်စိတ်လှုပ်ရှားခဲ့ရပုံများပါ အပါအဝင် စာမေးပွဲအောင်မြင်လို့ ပျော်ရွှင်ဂုဏ်ယူမိခဲ့သလို တက္ကသိုလ်ပညာရေးအတွက် ရှေ့ဆက်ဖို့ တက်ရောက်သင်ယူမယ့် အထူးပြုဘာသာရပ်ကို ရွေးချယ်ခဲ့ရချိန် စိတ်ကြည်နူးရမှုတို့အကြောင်း သူတို့နှစ်ဦးရဲ့ ပြောစကား အသံများ စုစည်းဖော်ပြလိုက်ပါတယ်။

ဟိန်းဝေယံ

ဆယ်တန်းအောင်စာရင်းနဲ့ အမှတ်တရ

ဆယ်တန်းက ကျွန်တော့်အတွက် တော်တော်လေးအမှတ်တရ ရှိခဲ့ပါတယ်။ အဲဒီတုန်းက အောင်စာရင်းမထွက်ခင် တစ်လ လောက်အလိုမှာ အောင်လား၊ မအောင်လားဆိုတာ ကြည့်လို့ရတဲ့ အနေအထားရှိတယ်။ အဲဒီတုန်းက ကြည့်တဲ့အခါ ကျွန်တော့်ကို စာမေးပွဲကျတယ်လို့ပြောတယ်။ ကျတယ်လို့ပြောတော့ နောက်နှစ်ထပ်ပြီး ဖြေရ တော့မယ်လို့ တွေးထားတာ။ ဒါပေမဲ့ အဲဒီချိန်မှာ အောင်စာရင်းထွက်တဲ့နေ့မှာသွားကြည့်တဲ့အချိန်မှာ ကျွန်တော်အောင်သွားတယ်။ နှစ်ချင်းပေါက်အောင်တယ်ဆိုတာ သိတဲ့အချိန်မှာ တော်တော်လေးလည်း ဝမ်းသာတယ်။

မြန်မာစာကို စိတ်ဝင်စားတဲ့အတွက် မြန်မာစာမေဂျာ ရွေးချယ်ဖြစ်ပုံ

ကျွန်တော်တို့ဆယ်တန်းတုန်းက မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဝိပ္ပံ ဘာသာရပ် ၆ဘာသာမှာ တစ်ဘာသာပဲ ၆ဝ ကျော်လောက်ရတယ်။ ကျန်တဲ့ဘာ သာတွေက ၄၅ မှတ်တို့၊ ၅ဝတို့နဲ့ အောင်သွားတာ။ အမှတ်စာရင်း ထွက်လာတော့ ကိုယ့်စိတ်ကြိုက်လိုင်းကို ကိုယ် ရွေးချယ်ခဲ့တာ။ မြန်မာစာကို ကျွန်တော်သဘောကျတယ်။ ငယ်ငယ်လေးကတည်းက ပုဂံသွားတဲ့ အခါမှာ ပါဠိစာတွေ တွေ့လို့ရှိရင်စိတ်ဝင်စားတယ်။ မြန်မာစာကို အဲဒီအတွက် ရွေးချယ်ခဲ့တယ်။ အမှတ်များတယ်လို့ဆိုလို့ရှိ ရင်လည်း မြန်မာစာကိုပဲ ရွေးချယ်မှာပဲ။ မြန်မာစာက ကျောက်စာတွေ၊ ပါဠိတွေလည်း သင်ရတယ်။ မြန်မာစာကို စိတ်ဝင်စားမှုရှိတဲ့အတွက် ရွေးချယ်ဖြစ်ခဲ့တယ်။

hs2

စိုးပြည့်သဇင်

ဆယ်တန်းအောင်တဲ့အတွက် ပျော်ရွှင်မှု

ဆယ်တန်းအောင်ပြီဆိုတော့ တအားပျော်တာ။ အလုပ်တစ်ခုကို အောင်မြင်သွားတယ်ဆိုတော့ တအားဝမ်းသာ ပျော်ရွှင်ရပါတယ်။ အောင်စာရင်းထွက်တော့ စိုးပြည့်က မော်လမြိုင်မှာ ဇာတ်ကား ရိုက်ကူးနေရတာ။ ဆရာမက ဖုန်းဆက်ပြောတော့မှ သိရတယ်။ တအားပျော်ခဲ့တယ်။

အဝေးသင်မြန်မာစာ တတိယနှစ် တက်နေတယ်

အခုတော့ အဝေးသင်မြန်မာစာယူထားတယ်။ တတိယနှစ်တက်နေပါတယ်။ မြန်မာစာကတော့ သမီးလည်း ဝါသနာပါတော့ ပိုကောင်းပါတယ်။ ဘုရားဟောအကြောင်း အရာတွေ၊ ပါဠိတွေကို စိတ်ဝင်စားတယ်။ အဲဒီအတွက်ကြောင့် ယူဖြစ်တယ်။ မိဘတွေကလည်း ညီမသဘောအတိုင်းပါပဲ။ စိုးပြည့်က ဆယ်တန်းနှစ်မှာ အလုပ်တွေများပြီး စာကို လှည့်မကြည့်နိုင်ခဲ့ဘူး။ ဂုဏ်ထူးသိပ်လိုချင်ပေမယ့် ဆယ်တန်းပါကျခဲ့တယ်။ စိတ်ဓာတ်ကျတယ်။ ရှက်တယ်။ ဒါပေမဲ့ ပြန်ဖြေမယ်။ ဒီတစ်ခါ ဖြေရင်တော့ မကျချင်ဘူးဆိုပြီး ပြန်ဖြေခဲ့ပါတယ်။ အောင်သွား တယ်ပေါ့နော်။ ကိုယ်လိုချင်တာတွေတော့ ဖြစ်မလာဘူးပေါ့။ ပြော ချင်တာက အခုဆယ်တန်းဖြေကြတဲ့ မောင်လေးတွေ၊ ညီမလေးတွေ ရိုးရိုး အောင်တာလည်းရှိမယ်။ ဂုဏ်ထူးတွေနဲ့အောင်တာလည်း ရှိမယ်။ ကျတာလည်းရှိမယ်။ တချို့ ဂုဏ်ထူးတွေနဲ့ အောင်တယ်။ ဒါပေမဲ့ ဆရာဝန်လုပ်ဖို့ ဝါသနာမပါသူတွေလည်းရှိမှာပဲ။ ကိုယ်ဝါသနာမပါတာကို စိတ်မပါတာကို အသက်မွေး ဝမ်းကျောင်းအဖြစ်လုပ်ရမှာသိပ်ကို စိတ်ပင်ပန်းမှာပဲလေ။ အဲဒီတော့ လုပ်ချင်တဲ့ လိုင်းမျိုးကို ကိုယ်ကိုယ်တိုင် ရွေး ချယ်ပေါ့နော်။ အမှတ်မမီခဲ့ရင်လည်း ဒီထက်ကောင်း တဲ့ အခွင့်အလမ်းတွေ ရှိလာမှာပဲ။ အဲဒါကြောင့် စိတ်ကိုမလျှော့ပါနဲ့။ ကိုယ်နဲ့ကိုက်ညီတဲ့၊ ကိုယ် ပျော်ရမယ့် ဘဝလမ်းကြောင်းကိုသာ ရွေး ချယ်ပါ။ အခွင့်အရေးတွေက ကြိုးစားသလောက်ရလာမှာပါ။

ဇင်မာနွယ်၊ တွယ်တာ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071