ပရိသတ်ချစ်ခင်နှစ်သက်တဲ့ ဟာသသရုပ်ဆောင် ကေဗင်ဘား နက်တစ်ယောက် အသက် ၃၂ နှစ် အရွယ်မှာ လူ့လောကထဲက ထွက် ခွာသွားခဲ့ပြီလို့ Twenty-First Century Fox ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီ ကြီးက ဇန်နဝါရီ ၂၃ ရက်မှာ တရား ဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။
ကေဗင်ရဲ့ ပရိသတ်တွေ ကမ္ဘာ တစ်ဝန်းရှိနေကြပါတယ်။ သူတို့က တော့ ဝမ်းနည်းပူဆွေးနေကြမှာပါ။ ကေဗင်ဟာ ထူးချွန်တဲ့ဟာသသရုပ် ဆောင်တစ်ဦးသာမက ရုပ်သံပူးတွဲ ထုတ်လုပ်သူ၊ ဇာတ်လမ်းရေးသားသူ အဖြစ်လည်း လုပ်ကိုင်နေသူပါ။
သေဆုံးရတဲ့အကြောင်းရင်းကို အတိအကျ မထုတ်ပြန်သေးပေမယ့် ကေဗင်တစ်ယောက် အားလုံးကို နှုတ်ဆက်ခွဲခွာသွားတာကတော့ အသေအချာပါ။ ယူနိုက်တက် တဲလန့်အေဂျင်စီကလည်း ”အင်မတန်မှ နက်နက်ရှိုင်းရှိုင်းပူဆွေးရပါတယ်။ ကောင်းရာမွန်ရာရောက်ပါစေ”လို့ ဆုတောင်းလိုက်ပါတယ်။
Ref: CNN