ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေး ဈေးကွက်တွင် သွင်းကုန်လုပ်ငန်းရှင်များအား တရုတ်ယွမ် (၁၀) သန်း ရောင်းချပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလတွင်လည်း ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၊ ဘတ်နှင့် ယွမ်များကို ဆက်တိုက်ထုတ်ရောင်းပေးထားသည်။
ယင်းတွင် ဗဟိုဘဏ်မှ ယခုထပ်မံထုတ်ရောင်းပေးသည့်တရုတ်ယွမ် (၁၀) သန်းအပါအဝင် သွင်းကုန်လုပ်ငန်းရှင်များနှင့် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဇန်နဝါရီလ (၂) ရက်မှ (၃၁) ရက်အထိ ဒေါ်လာ (၁၇၃) သန်းကျော်၊ ထိုင်းဘတ် (၉) သန်းနီးပါး၊ တရုတ်ယွမ် (၁၅) သန်းကျော် ထုတ်ရောင်းပေးထားသည်။
ယမန်နေ့တွင် ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း (၂၀) ထပ်မံရောင်းချပေး၍ ယခုဇန်နဝါရီလအတွင်း ဒေါ်လာ (၁၇၃) သန်းကျော်အထိ ထုတ်ရောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ထို့ပြင် ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့် ဩဂုတ်လ (၁) ရက်မှ နိုဝင်ဘာလ (၂၉) ရက်အထိ လေးလအတွင်း ဒေါ်လာ (၃၃ ၅) သန်းကျော်၊ ထိုင်းဘတ် (၁ ဒသမ ၂၇၄) ဘီလျံကျော်နှင့် တရုတ်ယွမ် (၅၆)သန်းခန့်အထိ ထုတ်ရောင်းပေးထားပြီးဖြစ်သည့်အပြင် ယခုဘဏ္ဍာနှစ် (၇)လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ(၁)ဘီလီယံ သီးသန့်ထုတ်ရောင်းပေးထားသည်။