Thursday, May 7, 2026

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ခြင်းအပေါ် ဖိလစ်ပိုင်နိုင်ငံ၏...

မနီလာမြို့၊ ၂၀၂၆ ခုနှစ် မေလ ၆ ရက် ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသား ၁,၅၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အား...

ဖလမ်းမြို့၌ အစိုးရ၏အုပ်ချုပ်ရေးယန္တရားများပြန် လည်စတင်တော့မည်

တပ်မတော်စစ်ကြောင်းများက ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီး၍ အစိုးရ၏အုပ် ချုပ်ရေးယန္တရားများပြန်လည်စတင်တော့မည်ဖြစ်ရာ ယနေ့ မေ ၅ ရက်ညနေပိုင်းတွင် သက်ဆိုင်ရာဌာနဆိုင် ရာအဖွဲ့အစည်းများက ထောက်ပံ့ရေးပစ္စည်းများနှင့်အ တူရောက်ရှိလာခဲ့ကြကြောင်း...

ပင်လယ်ပြင်တွင် သောင်တင်နေသည့် အိန္ဒိယသင်္ဘောကို ပါကစ္စတန်ရေတပ်...

အာရေဗျပင်လယ်တွင် ဆိုးရွားသော နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပွားခဲ့သည့် အိန္ဒိယသင်္ဘောတစ်စင်း၏ အကူအညီတောင်းခံမှုကို ပါကစ္စတန်ရေတပ်က ကူညီခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က မေလ ၅ ရက်နေ့တွင်...

ဒီဇယ်ဆီ၊ ဓာတ်မြေသြဇာ၊ သဘာဝဓာတ်ငွေ့ရည်တင်သွင်းခြင်းများအတွက် အခွန်ကင်းလွတ်ခွင့်ကာလကို...

ပြည်ပမှတင်သွင်းနေရသည့် ဒီဇယ်ဆီ၊ ဓာတ်မြေသြဇာ၊ သဘာဝဓာတ်ငွေ့ရည်တင်သွင်းခြင်းများအတွက် အခွန်ကင်းလွတ်ခွင့်ကာလကို မေ ၃၁ ရက်အထိထပ်မံတိုးမြှင့်ပေးခဲ့ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ယနေ့ မေ ၆ ရက်ကထုတ်ပြန်ခဲ့သည်။ ဒီဇယ်ဆီ...
HomeInternationalသြစတြေးလျကမ်းလွန်တွင် တရုတ်ရေတပ်ကစစ်ရေး လေ့ကျင့်နေ၍...

သြစတြေးလျကမ်းလွန်တွင် တရုတ်ရေတပ်ကစစ်ရေး လေ့ကျင့်နေ၍ လေကြောင်းလိုင်းများကို သတိပေးထား

သြစတြေးလျနိုင်ငံ အရှေ့ပိုင်ကမ်းလွန်တွင် တရုတ်ရေတပ်အုပ်စုတစ်ခုက ကျည်အစစ်သုံးပစ်-ခတ်မှုလုပ်နေသည်ဆိုသော သတင်းများကို သြစတြေးလျနိုင်ငံ လေကြောင်းထိန်းချုပ်ရေးအေဂျင်စီက လေကြောင်းလိုင်းများအား ဆက်သွယ်သတိပေးထားသည်ဟု အေဂျင်စီနှင့် သြစတြေးလျ အရာရှိများက ပြောကြားသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ်၏ ဖရီးဂိတ်သင်္ဘော၊ တိုက်သင်္ဘော နှင့် လောင်စာဆီဖြည့် သင်္ဘောတို့သည် ပြီးခဲ့သည့် သီတင်းပတ်တွင် သြစတြေးလျ၏ ရေကြောင်းချဉ်းကပ်လမ်းအတွင်း ဝင်ရောက်ခဲ့ကြောင်း၊ ယင်းနောက် ယခုသီတင်းပတ်တွင် သြစတြေးလျ၏ အရှေ့ဘက်ကမ်းရိုးတန်းသို့ ထွက်ခွာလာခဲ့ပြီး သြစတြေးလျနှင့် နူးဇီလန် ရေတပ်၊ လေတပ်များက စောင့်ကြည့်ခဲ့ကြောင်း သိရသည်။

“ရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့နဲ့ သြစတြေးလျ လေကြောင်းဌာနက နိုင်ငံတကာရေပြင်မှာ ကျည်အစစ်သုံးပ-စ်ခတ်မှု သတင်းတွေကို သတိပြုမိပါတယ်” ဟု လေကြောင်းထိန်းချုပ်ရေးအေဂျင်စီ သြစတြေးလျ လေကြောင်း ဌာန က သောကြာနေ့က သတင်း ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

“ကြိုတင်ကာကွယ်မှုအနေနဲ့ အဲဒီဧရိယာမှာ ပျံသန်းကြမယ့် လေကြောင်းလိုင်းတွေကို ကျွန်တော်တို့ အကြံပြုသတိပေးထားပါတယ်” ဟု သတင်းထုတ်ပြန်ချက်တွင်ပြောကြားထားသည်။

Qantas လေကြောင်းလိုင်းနှင့် ယင်း၏ လက်ခွဲ စရိတ်နည်းလေကြောင်းလိုင်း Jetstar တို့သည် ဝေဟင်ပိုင်နက်ကို စောင့်ကြည့်နေလျက်ရှိပြီး သြစတြေးလျနှင့် နူးဇီလန်အကြားရှိ Tasman ပင်လယ်ကို ဖြတ်သန်းမည့် ခရီးစဉ်အချို့ကို ယာယီအပြောင်းအလဲလုပ်ထားသည်ဟု ဆိုခဲ့သည်။

စစ်ရေးလေ့ကျင့်မှုအတွင်း စနေနေ့တွင် တရုတ်ရေတပ် ခရုဇာသင်္ဘောက ကျည်အစစ်သုံး ပ-စ်ခတ်မှုလုပ်ခဲ့သည်ဟု နူးဇီလန်အစိုးရ အရာရှိများကလည်း ပြောဆိုခဲ့ပြီး အရပ်ဖက်လေကြောင်းလိုင်းများကို သတိပေးထားသည်ဟု ဆိုသည်။

ကြိုတင်သတိပေးချက်မရှိသော ပစ်-ခတ်လေ့ကျင့်မှုများအတွက် ကင်ဘာရာနှင့် ဝယ်လင်တန်တို့မှ စိုးရိမ်ပူပန်မှုများ ရှိသော်လည်း တက်စ်မန်ပင်လယ် နိုင်ငံတကာရေပြင်တွင် တရုတ်စစ်သင်္ဘောများက ဒုတိယမြောက်နေ့အဖြစ် လေ့ကျင့်ပစ်-ခတ်မှုများ လုပ်ခဲ့ခြင်းဖြစ်သည်။

Ref: ဘန်ကောက်ပို့စ်၊ ဖရန့်စ်24

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ခြင်းအပေါ် ဖိလစ်ပိုင်နိုင်ငံ၏ ထုတ်ပြန်ချက်

မနီလာမြို့၊ ၂၀၂၆ ခုနှစ် မေလ ၆ ရက် ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသား ၁,၅၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ခြင်းနှင့် ပြစ်ဒ-ဏ်အချို့လျှော့ပေါ့ပေးခဲ့သည့် သတင်းများအပေါ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြိုဆိုပါသည်။ ဤဖြစ်ပေါ်တိုးတက်မှုများသည် မြန်မာနိုင်ငံ၏ ရေရှည်တည်ငြိမ်ရေးအတွက် လိုအပ်သော ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် အရေးပါသည့် ခြေလှမ်းများဖြစ်သည်ဟု ကျွန်ုပ်တို့ ရှုမြင်ပါသည်။ နိုင်ငံတကာ၏ ယုံကြည်မှုကို ပိုမိုခိုင်မာစေရန်အတွက် ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ မိသားစုနှင့် ဆက်သွယ်ခွင့်ပြုခြင်းဖြင့် ဤပြောင်းရွှေ့မှုအပေါ် ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်ရန် မြန်မာနိုင်ငံကို ကျွန်ုပ်တို့...

ဖလမ်းမြို့၌ အစိုးရ၏အုပ်ချုပ်ရေးယန္တရားများပြန် လည်စတင်တော့မည်

တပ်မတော်စစ်ကြောင်းများက ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီး၍ အစိုးရ၏အုပ် ချုပ်ရေးယန္တရားများပြန်လည်စတင်တော့မည်ဖြစ်ရာ ယနေ့ မေ ၅ ရက်ညနေပိုင်းတွင် သက်ဆိုင်ရာဌာနဆိုင် ရာအဖွဲ့အစည်းများက ထောက်ပံ့ရေးပစ္စည်းများနှင့်အ တူရောက်ရှိလာခဲ့ကြကြောင်း သိရသည်။ ထို့ပြင် တပ်မတော်စစ်ကြောင်းများမှလည်း အကြမ်း ဖက်အဖွဲ့များမီးရှို့ဖျက်ဆီးခဲ့သည့် ရုံး/ဌာန အဆောက် အအုံများ၊ လူနေအဆောက်အအုံများ၊ ဘာသာရေး၊ ပ ညာရေး၊ ကျန်းမာရေးဆိုင်ရာအဆောက်အအုံများပြန် လည်ပြုပြင်နိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့အတူ ဒေသခံများ မြေမြုပ်မိုင်းအန္တရာယ်မှကင်းရှင်းစေရန် မြို့/ရွာများအတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် လိုအပ်သောလုံခြုံရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပင်လယ်ပြင်တွင် သောင်တင်နေသည့် အိန္ဒိယသင်္ဘောကို ပါကစ္စတန်ရေတပ် ကူညီ

အာရေဗျပင်လယ်တွင် ဆိုးရွားသော နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပွားခဲ့သည့် အိန္ဒိယသင်္ဘောတစ်စင်း၏ အကူအညီတောင်းခံမှုကို ပါကစ္စတန်ရေတပ်က ကူညီခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က မေလ ၅ ရက်နေ့တွင် ပြောကြားခဲ့သည်။ “အမ်ဗီဂူတမ်” အမည်ရှိ သင်္ဘောသည် အိန္ဒိယနိုင်ငံသား ခြောက်ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား တစ်ဦး အပါအဝင် သင်္ဘောသား ခုနစ်ဦးကို တင်ဆောင်လာခဲ့ပြီး အိုမန်မှ အိန္ဒိယသို့ ဦးတည် ခုတ်မောင်းနေစဉ် ကြီးမားသော နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပွားခဲ့သဖြင့် ပင်လယ်ထဲတွင် သောင်တင်နေခဲ့ကြောင်း ပါကစ္စတန်စစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပါကစ္စတန်ရေတပ်သည် “ကက်ရှ်မီးယား” အမည်ရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071