Thursday, September 17, 2026

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့်...

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန် တို့ ယနေ့ စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည်...

Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်...

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင်(၂၈)ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက စက်တင်ဘာ ၂ ရက်တွင်...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန်မွန်းတည့်ချိန်အထိ...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန် စက်တင်ဘာ ၁၇ ရက်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်ကြောင်း မိုးဇလက အသိပေးခဲ့သည်။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊...

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးကို ထိုင်းအလုပ်သမားဝန်ကြီးနှင့် မြန်မာသံအ...

ထိုင်းနိုင်ငံတွင်ရောက်ရှိ​နေသည့် မြန်မာအလုပ်သမားများအရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးဦးဇော်ဇော်စိုးမှ ထိုင်းအလုပ်သမားဝန်ကြီး H.E. Mr. Julapun Amornvivat တို့ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် ယနေ့ စက်တင်ဘာ...
HomeActivitiesသံလွင်မြစ်ရေတဖွေးဖွေး ကိုလူချောတို့လုပ်အားပေး

သံလွင်မြစ်ရေတဖွေးဖွေး ကိုလူချောတို့လုပ်အားပေး

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ အရင်(လူကြမ်းများ)အခု (ကိုလူချောအဖွဲ့)ကို ဦးဇော်မှိုင်းနဲ့ ဦး အောင်ခိုင်တို့ ဦးဆောင်ပြီးတော့ အ ဖွဲ့သား (၅ဝ)နဲ့ ကရင်ပြည်နယ် ဘား အံမြို့နယ်မှာ ရေဘေးဒဏ်ဆိုးဆိုး ရွားရွား ခံစားနေရတဲ့ရွာတွေကို ရေ ဘေးကယ်ဆယ်ရေးဆောင်ရွက်ဖို့ ဆန်အိတ်ကြီး(၁ဝဝ)၊ စားဖွယ် သောက်ဖွယ် ပစ္စည်းများစွာနဲ့ အထည် အဝတ်၊ ရော်ဘာဖိနပ်၊ ကျောင်းဝတ် စုံနှင့် သောက်ရေသန့်၊ ဆေးပစ္စည်း အလုံအလောက်ပေးဝေဖို့ ကား ၅ စီး ပေါ်တင်ပြီး ၁၉-၈- ၂ဝ၁၈ နေ့ နံနက် ၄ နာရီမှာ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးကကရင်ပြည်နယ်၊ ဘားအံမြို့ ဆီ ခရီးထွက်ခဲ့ကြပါတယ်။

လမ်းမှာ တာပေါ်ရေ ကျော်နေတာမို့ ဘားအံ မြို့ကို နေ့လယ် ၂ နာရီထိုးမှ ရောက် ရှိခဲ့ပါတယ်။ ဘားအံမြို့မှ ရပ်ကွက် အချို့ရေမြုပ်နေလို့ ကျွန်တော်တို့ ကားတွေ နောက်ပြန်ဆုတ်ရေလွတ် ရာဘက်မှ ကွေ့ပတ်ကာဘားအံမြို့ အထွက် ပေတစ်ရာပေါ်မှလှေဆိပ် တစ်ခုကိုရောက်ရှိပါတယ်။ ကားပေါ် မှ ပစ္စည်းတွေချ ပဲ့ထောင်စက်လှေ လေးတွေ ပေါ်တင်ဆောင်ပြီး ရွာ ချင်းဆက်ပြီး ရေနစ်မြုပ်နေတဲ့ ကော် ကူးနဲ့ မိဇံရွာကိုဦးတည်ပြီးသွားပါ တယ်။ ဘယ်ကြည့်ကြည့် မြင်ကွင်း တွေရှင်းနေတဲ့ ရေပြင်ကြီးကိုသာ မြင်နေရပါတယ်။

မိုးက ရွာလိုက်၊ လေကတိုက်လိုက်၊ လှိုင်းတွေ ရိုက် ပုတ်နေတဲ့ သံလွင်မြစ်ရဲ့ ကြမ်းတမ်း တဲ့ ရေပြင်ကြီးမှာ အန္တရာယ်ဘေးကို မတွေးဘဲ ကယ်ဆယ်ရေးအတွက် သံလွင်မြစ်ရေကို အံတုပြီး ရေပြင်နဲ့ တစ်ထွာလောက်ပေါ်တဲ့ လှေကလေး တွေနဲ့ သွားနေကြပါတယ်။ တစ်ခါတ လေသွားနေရင်း “ဒုံး”ခနဲဆောင့်မိ ပြီး လှေမှောက်လုမတတ် အကြိမ် ကြိမ်ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်တာလဲလို့ မေးကြည့်တော့ပဲ့ထောင်မောင်းတဲ့ သူက

“ရေအောက်မှာမြုပ်နေတဲ့ အိမ် ခေါင်မိုးတွေ၊ သစ်ပင်သစ်ကိုင်းတွေနဲ့ တိုက်မိလို့ပါတဲ့”။

ရေတွေက နောက် ကျိနေတော့ သူလည်းဘယ်မြင်ပါ့မ လဲ။ ဒီလိုနဲ့ ကော်ကူးရွာ၊ မိဇံရွာသူရွာ သားတွေ ရေဘေးရှောင်ခိုကပ်နေတဲ့ တောင်ပေါ် ဘုန်းကြီးကျောင်းအနား ကို လှေတွေဆိုက်ကပ်လို့ ရပါတယ်။

ကုန်းပေါ်က မိန်းမကြီးတစ်ယောက် က ကျွန်တော်တို့ကို သေသေချာချာ ကြည့်ပြီး လူဆိုးတွေ လူဆိုးတွေဆိုပြီး အသကုန် အော်ဟစ်ပါလေရော …။

သူအော်ဟစ်တာက အား ရဝမ်းသာစွာနဲ့ အော်ဟစ်တာပါ။ သူမှ ကျွန်တော်တို့နာမည်ကို မသိ တာ။ ရုပ်ရှင်ထဲမှာမြင်ဖူးတဲ့ လူဆိုး တွေလို့ပဲအော်တာပေါ့…

ရွာသူ ရွာသားတွေနဲ့ ကိုလူချောအဖွဲ့သား တွေပစ္စည်းတွေချပြီး နီးစပ်ရာရွာ တွေကို ကယ်ဆယ်ရေးပစ္စည်းများ ညီတူညီမျှခွဲဝေပေးလိုက်ပါတယ်။

ရေဘေးဒဏ်ခံနေရတဲ့ အမိုး တစ်ယောက်က ရုပ်ရှင်သမားတွေကို သံယောဇဉ်ကြီးစွာနဲ့ မေးရှာပါတယ်။

“ရုပ်ရှင်မင်းသမီး – မင်းသားတွေ မလာကြဘူးလားတဲ့”။

“အမိုးတို့မုန်း တဲ့ ကျွန်တော်တို့ လူကြမ်းတွေတောင် လာသေးတာပဲ၊ အမိုးတို့ချစ်တဲ့ မင်း သားမင်းသမီးတွေ အမိုးတို့ဆီကို လာကြမှာပါ”လို့ နှစ်သိမ့်စကားလေး ပြောကာ အားပေးနှစ်သိမ့်စကားဆို ခဲ့ရပါတယ်။ ကရင်ပြည်နယ်ဒေသ အသီးသီးမှာ ကျွန်တော်တို့ ရုပ်ရှင် ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ပါ တယ်။

ရိုက်ကူးတဲ့နေရာတိုင်းမှာ ဒေ သခံ ရွာသူရွာသားတွေက အစွမ်း ကုန်ကူညီကြပြီး ရုပ်ရှင်ဇာတ်ကားတွေ ကိုလည်း ပိုက်ဆံပေးပြီး အမြဲတမ်း ကြည့်ရှုအားပေးကြတယ်လေ။ ကျွန် တော်တို့ရဲ့ ကျေးဇူးရှင်တွေပါ။ ဒုက္ခ ရောက်နေတဲ့ ကျေးဇူးရှင်တွေကို တတ်နိုင်သလောက် လာရောက်ကူညီ ရတာ အင်မတန်မှဝမ်းသာလှပါတယ်။

သဘာဝဘေးကျရောက်တဲ့နေ ရာတိုင်း အခုလိုပဲ ကိုလူချောအဖွဲ့ တွေ အမီပြေးပြီး အကူအညီပေးခဲ့ပါ တယ်။ ကိုလူချောတို့ ဒီလူမှုရေးမီး အိမ်လေးကို စေတနာ၊ မေတ္တာအား တွေနဲ့ အမြဲတမ်းထွန်းညှိထားပါတယ်။ လိုအပ်ရင် ခေါ်ကြပါ။

မီးအိမ်ကလေး ကတော့ မာကျူရီမီး၊ ဆလိုက်မီးကြီး တွေရဲ့ အလင်းရောင်တွေနဲ့တော့ မ ယှဉ်သာပါဘူး။ ကိုလူချောတို့ အင် အား မီးအိမ်မှိန်မှိန်လေးကတော့ လမ်းမှားလမ်းပျောက် ဒုက္ခရောက်နေ သူတွေကို နွေးထွေးစွာကြိုဆိုအားပေး ပြီး လိုရာခရီးကို လမ်းပြပို့ဆောင်ပေး မှာပါ။

ရေကြမ်းနေတဲ့ သံလွင်မြစ်တစ် ဖက်ကမ်းမှာ တော်ဝင်ထွန်းရုပ်ရှင်မှ ဒါရိုက်တာ ဦးထွန်းမြင့်ထွန်း၊ ဒါရိုက် တာတင်အောင်မြင့်ဦး၊ အကယ်ဒမီ ဒေါ်ခင်လေးသိမ့်၊ မင်းသမီး ခင်သီ တာထွန်း၊ ဒါရိုက်တာ ကြည်ဖြူသျှင် တို့ရဲ့ “ဝက်ကြီး”ဆိုတဲ့ ရွာကလေးကို လည်း အရောက်သွားချင်ပါတယ်။ မှောင်ရီပျိုးလို့ သံလွင်မြစ်ရေတွေ တိုးပြီး လှိုင်းအော်သံတွေ ကြားနေရ ပါတယ်။

လှိုင်းကြီးလှေအောက်ဆိုပေ မဲ့ လှေမှောက်ရင်တော့ ကိုလူချော အဖွဲ့သားတွေအတွက်”The River of No Return” ဇာတ်လမ်းကို ဒါ ရိုက်တာ ကြည်ဖြူသျှင်ကို ရိုက်ကူး ခိုင်းရမှာပဲ။

ရေဘေးသင့်နေတဲ့သူတွေကို ကူညီလှူဒါန်းခဲ့ပြီး တောင်ကျရေတွေ နဲ့ သံလွင်မြစ်ရေပြင်ကြီးကျော်လွှား လို့ ဘားအံမြို့ကို ပြန်ခဲ့ပါပြီ …။ ရှေးယခင်သမိုင်းကြောင်းအရ ဒီဒေ သဟာ ပင်လယ်ပြင်ကြီး ရေအပြည့်ရှိ နေပါတယ်။

‘ဗန္ဓဝဂီရိ’အမည်ရှိတဲ့ ဇွဲ ကပင် တောင်မှာ ကုန်ရောင်းကုန်ဝယ် ကုန်သည်တွေရဲ့ လှေသင်္ဘောတွေ ဆိုက်ကပ်ချည်နှောင်ခဲ့တဲ့ တိုင် ဟောင်း နေရာတွေ ရှိခဲ့တယ်လို့ သိရ ပါတယ်။ ဖြစ်နိုင်ပါတယ်။ အခုလည်း သံလွင်မြစ်ကြီးက ဘားအံမြို့ကို ဦး တိုက်ပြီး စီးဆင်းနေတယ်လေ ..။

မီးရောင်ပျပျလေးမြင်နေရတဲ့ ဇွဲက ပင်တောင်ပေါ်က ဆံတော်ရှင်စေတီ ကို ခုတ်မောင်းနေတဲ့ စက်လှေပေါ်မှ ဖူးမြော်ရင်း ဆုတောင်းမိပါတယ်။ နယ်သူ နယ်သား၊ ရွာသူရွာသားများ၊ သဘာဝဘေးအန္တရာယ်မှ လွတ် မြောက်၍ သံလွင်မြစ်ရေကြည်လင် အေးမြပြီး ငြိမ်းချမ်းရေး အမြန်ဆုံး ရရှိကြပါစေလို့ …။

‘ကိုလူချောအဖွဲ့’

ဦးဇော်မှိုင်း

Ads Space Available


Continue reading

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်တို့ဆွေးနွေး

မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာတင်းရွှယ်ရှန် တို့ ယနေ့ စက်တင်ဘာ ၁၆ ရက်မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည် တရုတ်နိုင်ငံ၊ နန်နင်းမြို့၊ လိယွမ် နိုင်ငံ တော်ဧည့်ဂေဟာ၌တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံသို့ချစ်ကြည် ရေးခရီးရောက်ရှိစဉ် နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးခဲ့မှုများနှင့် သဘောတူစာချုပ်များလက်မှတ်ရေးထိုးခဲ့မှုတို့အပေါ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် တရုတ်-မြန်မာစီးပွားရေးစင်္ကြံအောက်မှ စီမံ ကိန်းများအကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး၊ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံကြား အွန်လိုင်းလိမ်လည်မှုအ ပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးလုပ် ငန်းများနှင့်...

Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ် လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင် (၂၈)ဦးကို မဟာအောင်မြေမြို့နယ်၌ဖမ်းမိ

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် Online အသုံးပြု၍ ကျောက်မျက်ရတနာများ လိမ်လည်ရောင်းချသည့် တရုတ်နိုင်ငံသားများအပါအဝင်(၂၈)ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့ဝင်များက စက်တင်ဘာ ၂ ရက်တွင် မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအရှေ့ရပ်ကွက်ရှိ နေအိမ်တစ်လုံးအ တွင်းမှ Online အသုံးပြု၍ ကျောက်မျက်ရတနာများအားလိမ်လည်ရောင်းချလျက်ရှိသော တရုတ်နိုင်ငံသား Mr.Chen Xiao Dai(ချိန်ရှောင်းတိုက်)ဦးဆောင်သည့် တရုတ်နိုင်ငံသား(၂)ဦး၊ အင်ဒိုနီးရှားနိုင်ငံသား(၄)ဦး၊ မလေးရှားနိုင်ငံသား(၁)ဦး၊ မြန်မာနိုင်ငံသား(၁၃)ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ပြင် စက်တင်ဘာလ ၃ ရက်တွင်လည်း မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်ရှိ "မက်ဒါလီနမွန်(Magdalenamoom)ကျောက်မျက်ရတနာရောင်း ဝယ်ရေး"နေအိမ်မှ အင်ခွန်ခါးတောမ်ပါ...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၆)ခုတွင် မ နက်ဖြန် စက်တင်ဘာ ၁၇ ရက်မွန်းတည့်ချိန်အထိ နေရာကျဲကျဲမိုးရွာသွန်းနိုင်ကြောင်း မိုးဇလက အသိပေးခဲ့သည်။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲမိုးရွာသွန်းနိုင်ကာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေသည်ဟုလည်း အ သိပေးခဲ့သည်။ ထို့ပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်း ရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်းလည်း မိုးဇလကအသိပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071