Thursday, May 14, 2026

ခုံးကျော်တံတားများရှိ စက်လှေကားများ ပြန်လည်ပြင်ဆင်ပေးရန် ရန်ကုန်မြို့ခံများလိုလား

ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် လူကူးမျဉ်းကြားများ၊ ခုံးကျော်တံတားများနှင့် မြေအောက်လမ်းများမှ စနစ်တကျ ကူးသန်းသွားလာရေး အသိပညာပေးလုပ်ငန်းများကို ယခုလအတွင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ အသိပညာပေးအစီအစဉ်ကို မေ ၇...

သီပေါဆေးရုံ အဆင့်မြှင့်တင်ရေးအတွက် လွှတ်တော်တွင် မေးခွန်း...

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ ပြည်သူ့ဆေးရုံ၏ ကျန်းမာရေးဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာစေရေးအတွက် ပြီးခဲ့သည့် လွှတ်တော်ပထမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြ မေးခွန်း ၄ ခုနှင့် ကြယ်ပွင့်မပြ မေးခွန်း...

ORPT စနစ်ဖြင့် ကြားဘူတာ ရထားလက်မှတ်များ...

ခရီးသွားပြည်သူများ ပိုမိုအဆင်ပြေစေရန် မြန်မာ့မီးရထား၏ Online Railways Ticketing and Payment (ORPT) စနစ်မှ ရထားလက်မှတ် ကြိုတင်ဝယ်ယူနိုင်သည့် ဝန်ဆောင်မှုများကို...

ကရင်ပြည်နယ်ရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်...

ကရင်ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည့် နည်းပညာ၊ ဈေးကွက်နှင့် ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့များကို ကူညီဖြည့်ဆည်းပေးလျက်ရှိကြောင်း ကရင်ပြည်နယ်ဒေသဆိုင်ရာ အသေးစား၊ အငယ်စား၊...
HomeInternationalသူလျှိုလုပ်မှုဖြင့် တရုတ်နိုင်ငံသားတစ်ဦးကို ဖိလစ်ပိုင်...

သူလျှိုလုပ်မှုဖြင့် တရုတ်နိုင်ငံသားတစ်ဦးကို ဖိလစ်ပိုင် ဖ-မ်းဆီး

နိုင်ငံများ၏ ပထဝီနိုင်ငံရေးတင်းမာမှုများ မြင့်တက်နေချိန်တွင် ဖိလစ်ပိုင်အာဏာပိုင်များက သူလျှိုလုပ်မှုစွပ်စွဲချက်ဖြင့် တရုတ်နိုင်ငံသားတစ်ဦးနှင့် ကြံရာပါ ဖိလစ်ပိုင်နှစ်ဦးကို ဖ-မ်းဆီးလိုက်သည်ဟု တာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

မနီလာ၏ နိုင်ငံတော် စုံစမ်းစစ်ဆေးရေးဗျူရိုက တရုတ်နိုင်ငံသား ဆော့ဖ်ဝဲအင်ဂျင်နီယာကို ဇန်နဝါရီ ၁၇ ရက်တွင် ဖ-မ်းဆီးလိုက်ကြောင်း ညွှန်ကြားရေးမှုး ဂျိမ်း ဆန်တီယာဂိုက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

အဆိုပါအမှုတွင် တရုတ်နိုင်ငံသားများနှင့် သေခံများပါဝင်သော အုပ်စုတစ်ခုက စောင့်ကြည့်ထောက်လှမ်းခြင်းနှင့် စစ်ဆင်ရေးများလုပ်ဆောင်ခဲ့သည်ဟု ဆိုက်ဘာရာဇဝတ်မှုဌာနအကြီးအကဲ ဂျယ်ရီမီလိုတော့က ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ပစ်မှတ်အခြေခံအဆောက်အဦ သုံးဖက်မြင်ပုံရိပ်ဖန်တီးနိုင်သည့် ကိရိယာတစ်ခုနှင့် ရေကြောင်းသွားလာမှုစနစ်အပါအဝင် ထောက်လှမ်းရေးကိရိယာများကို သံသယရှိသူများ အသုံးပြုသော ကားတစ်စီးတွင် တပ်ဆင်ထားခဲ့သည်ဟု တာဝန်ရှိသူများက ပြောဆိုသည်။

၎င်းတို့သည် အထူးအားဖြင့် စစ်စခန်းများ၊ ဒေသန္တရအစိုးရရုံးများ၊ ဓါတ်အားပေးစက်ရုံများ၊ ရဲစခန်းများ၊ ဘူတာရုံများကဲ့သို့ အရေးကြီးသော အခြေအခံအဆောက်အဦများနှင့် ဈေးဝယ်စင်တာများကိုပင် မကြာခဏ ထောက်လှမ်းခဲ့သည်ဟု လိုတော့က ပြောကြားခဲ့သည်။

ယခုသတင်းနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုကို မနီလာရှိ တရုတ်သံရုံးက တုန့်ပြန်ဖြေကြားခြင်းမရှိကြောင်း သိရသည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ခုံးကျော်တံတားများရှိ စက်လှေကားများ ပြန်လည်ပြင်ဆင်ပေးရန် ရန်ကုန်မြို့ခံများလိုလား

ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် လူကူးမျဉ်းကြားများ၊ ခုံးကျော်တံတားများနှင့် မြေအောက်လမ်းများမှ စနစ်တကျ ကူးသန်းသွားလာရေး အသိပညာပေးလုပ်ငန်းများကို ယခုလအတွင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ အသိပညာပေးအစီအစဉ်ကို မေ ၇ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီးနောက် ယနေ့ မေ ၁၄ ရက်တွင် နောက်ထပ် တစ်ပတ် ထပ်မံတိုးမြှင့်ဆောင်ရွက်နေကြောင်း သိရသည်။ ယင်းသို့ အသိပညာပေးမှုများအပြင် လူကူးခုံးကျော်တံတားများတွင် တပ်ဆင်ထားသည့် စက်လှေကားများကို ပြန်လည်ပြင်ဆင်ပေးပါက သက်ကြီးရွယ်အိုများနှင့် လမ်းကူးသွားလာသူများ ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း ရန်ကုန်မြို့ခံများက ပြောဆိုသည်။ “ခုံးကျော်တံတားလှေကားတွေက မတ်ပြီး မြင့်တာတွေရှိတော့ သက်ကြီးရွယ်အိုတွေက အလွယ်တကူ လမ်းကူးလိုက်တာများတယ်။ တချို့ခုံးကျော်တံတားတွေမှာ...

သီပေါဆေးရုံ အဆင့်မြှင့်တင်ရေးအတွက် လွှတ်တော်တွင် မေးခွန်း ၆ ခု တင်သွင်းထား

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ ပြည်သူ့ဆေးရုံ၏ ကျန်းမာရေးဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာစေရေးအတွက် ပြီးခဲ့သည့် လွှတ်တော်ပထမပုံမှန်အစည်းအဝေးတွင် ကြယ်ပွင့်ပြ မေးခွန်း ၄ ခုနှင့် ကြယ်ပွင့်မပြ မေးခွန်း ၂ ခု တင်သွင်းထားကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။ လက်ရှိတွင် တင်ပြထားသည့် ကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။ ထို့ပြင် သီပေါပြည်သူ့ဆေးရုံအတွင်းရှိ လမ်းညွှန်ဆိုင်းဘုတ်များကို ဒေသခံပြည်သူများ ပိုမိုအဆင်ပြေစေရန် မြန်မာဘာသာနှင့် ရှမ်းဘာသာ နှစ်မျိုးစလုံးဖြင့် ထည့်သွင်းဖော်ပြရန် လမ်းညွှန်ထားကြောင်း သိရသည်။ “သီပေါဒေသခံပြည်သူများ ဆေးရုံတက်ရောက်ရာတွင် ပိုမိုအဆင်ပြေစေရေးနှင့် ထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရေးအတွက်...

ORPT စနစ်ဖြင့် ကြားဘူတာ ရထားလက်မှတ်များ (၅) ရက်ကြိုတင် ဝယ်ယူနိုင်ပြီ

ခရီးသွားပြည်သူများ ပိုမိုအဆင်ပြေစေရန် မြန်မာ့မီးရထား၏ Online Railways Ticketing and Payment (ORPT) စနစ်မှ ရထားလက်မှတ် ကြိုတင်ဝယ်ယူနိုင်သည့် ဝန်ဆောင်မှုများကို ထပ်မံတိုးချဲ့လိုက်ကြောင်း သိရသည်။ ယခင်က ကြားဘူတာခရီးစဉ်များအတွက် ရထားလက်မှတ်များကို (၃) ရက်သာ ကြိုတင်ဝယ်ယူနိုင်ခဲ့သော်လည်း ၂၀၂၆ ခုနှစ် မေ ၁၃ ရက် နံနက် ၀၀:၀၀ နာရီမှစတင်၍ (၅) ရက်ကြိုတင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ယင်းကဲ့သို့ တိုးချဲ့လိုက်ခြင်းကြောင့် ခရီးသွားပြည်သူများအနေဖြင့် လက်မှတ်ရရှိမှု ပိုမိုလွယ်ကူလာမည်ဖြစ်ပြီး ခရီးစဉ်များကိုလည်း ပိုမိုစနစ်တကျ စီစဉ်နိုင်မည်ဖြစ်ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071