သရုပ်ဆောင် သင်ဇာဝင့်ကျော်က ရေမွန်ကွယ်လွန်သွားတဲ့အပေါ် သူငယ်ချင်းအရင်းကြီးတစ်ယောက် အနေနဲ့ အရမ်းဝမ်းနည်းနေကြောင်း သူမရဲ့ဖေ့ဘုတ်စ်စာမျက်နှာမှာ အခုလိုပဲရေးသားထားပါတယ်။
“ ခုချိန်ထိမယုံနိုင်သေးဘူး သူငယ်ချင်းရယ် … နင့်ဆီကဝယ်ထားတဲ့သီချင်း နှစ်ပုဒ်ကိုတောင် ငါမဆိုရသေးဘူးလေ… photo လေးတွေပြန် ရှာရင်း ငါတို့သောင်းကျန်းခဲ့ကြတဲ့ အချိန်လေးတွေကိုတောင်ပြန်သွားချင်မိပါတယ် … နင် နဲ့ပတ်သက်ခဲ့တဲ့ အမှတ်တရလေးတွေကို ဒီ မှာ လာသိမ်းရင်း ငါ့ရဲ့ စိတ်ထားအရမ်းကောင်းပြီး အရည်အချင်းရှိတဲ့ သူငယ်ချင်းလေး ရောက်လေရာ ဘဝတိုင်းမှာ ပြီးပြည့်စုံတဲ့ မိသားစု ဘဝလေး ကို ပိုင်ဆိုင်ပြီး နင့်ရဲ့ အနုပညာ အရည်အသွေးတွေကို အပြည့်အဝ ချပြနိုင်တဲ့ သူဖြစ်ပါစေလို့ ငါဆုတောင်းပေးပါတယ် … နောက်ဘဝဆိုတာ ရှိခဲ့ရင်လဲ ခုလို နင့်ရဲ့သူငယ်ချင်းဖြစ်ချင်ပါတယ် … နင်မရှိတော့ပေမဲ့လဲ နင့်နာမည်နဲ့ နင့်သီချင်းတွေကို ငါအမြဲတမ်း အမှတ်ရနေမှာပါ … ငါ့သူငယ်ချင်းလေးက စိတ်ထားကောင်းလို ကောင်းရာမွန်ရာရောက်မယ် ဆိုတာ ငါယုံတယ် …
ကောင်းကောင်း အနားယူပါတော့ …. 🥺🥺🥺” လို့ ရေးသားထားပါတယ်။