Saturday, August 15, 2026

MCCT အစီအစဉ်အမည်ကို အသုံးပြု၍ ငွေကြေးလိမ်လည်မှုများရှိနေသဖြင့်...

နေပြည်တော်၊ သြဂုတ်-၁၅ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးသည့် MCCT အစီအစဉ်၏ နာမည်ကို အလွဲသုံးစားပြု၍ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ...

ရန်ကုန်နှင့် ကျိုက္ခမီတို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေ၍...

ရန်ကုန်၊ ဩဂုတ် ၁၅ ရန်ကုန်မြို့နှင့် ကျိုက္ခမီမြို့တို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများ ရှိနေသဖြင့် ပြည်သူများအနေဖြင့် အထူးဂရုပြုကြရန်နှင့် ရောဂါလက္ခဏာများဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ဆေးရုံများတွင်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်မည်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၊ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း...

နိုင်ငံ့စီးပွားရေးကိုအထောက်အကူဖြစ်စေမည့် ဝါး၊ ရာဘာတို့ကိုစိုက်ပျိုးကြရန် နိုင်ငံတော်သမ္မတ...

စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ် ဝန်းကျင်ကိုထိန်းသိမ်းပေးရုံသာမက နိုင်ငံ့စီးပွားရေးကို အထောက်အကူဖြစ်စေမည့် ဝါး၊ ရာဘာစသည့် နှစ်ရှည်စက်မှုကုန်ကြမ်းသစ်ပင်မျိုးများကို အ ခြေအနေပေးသည့်၊ ရနိုင်သည့်နေရာများတွင်စိုက်ပျိုးကြရန် နိုင်ငံတော်သ မ္မတ...
HomeNewsLocal Newsသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းကိုအဓိကလုပ်ဆောင်နေသည့် NETRA...

သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းကိုအဓိကလုပ်ဆောင်နေသည့် NETRA (NTPC Energy Technology Research Alliance)ကို နိုင်ငံတော်သမ္မတ ကြည့်ရှုလေ့လာ

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မေ ၃၁ ရက်တွင် နယူးဒေလီမြို့ရှိ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းကိုအဓိကလုပ်ဆောင်နေသည့် NETRA (NTPC Energy Technology Research Alliance)ကိုကြည့်ရှုလေ့လာခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား NETRA (NTPC Energy Technology Research Alliance)ကုမ္ပဏီတာ ဝန်ရှိသူများက ကာဗွန်ထုတ်လုပ်မှု သုညအဆင့်အထိလျှော့ချနိုင်ရေးဆောင်ရွက်လျက်ရှိမှု၊ စွမ်းအင်ကူး ပြောင်းမှုဆိုင်ရာစီမံချက်နှင့်ကိုက်ညီသော NETRA ၏ လုပ်ဆောင်မှုများ၊ NTPC သည် ၎င်း၏ CCUS နည်းပ ညာကို ပိုမိုကြီးမားသောအတိုင်းအတာဖြင့်တိုးမြှင့်အကောင်အထည်ဖော်ရန် NETRA (NTPC Energy Technology Research Alliance)NTPC Pudimadaka တွင်စတင်ဆောင်ရွက်နေမှု၊ ဂရင်းဟိုက်ဒရိုဂျင် ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်လျက်ရှိမှုတို့ကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့ပြင် ကြာရှည်ခံစွမ်းအင်သိုလှောင်မှုစနစ်၊ ရေ/ရေအရင်းအမြစ်နည်းပညာများ၊ နေရောင်ခြည်စွမ်းအင်သုံးစနစ်၊ အဆင့်မြင့်သိပ္ပံနည်းကျစွမ်းအင်၊ NETRA (NTPC Energy Technology Research Alliance) ITEC စွမ်းရည်တိုး တက်ရေးအစီအစဉ်များမှ မြန်မာ နိုင်ငံသားကျွမ်းကျင်ပညာရှင်များမွေးထုတ်ပေးနိုင်ခဲ့မှုတို့ကိုလည်း ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတက အဆင့်မြင့်သိပ္ပံနည်းကျစွမ်းအင်အမျိုးမျိုးထုတ်လုပ်မှုလုပ်ငန်းစဉ်များနှင့်ပတ် သက်သည့် CO2 Based Closed Brayton Cycle Energy Storage System Plasma Gasification based Green Hydrogen Generation from MSW-RDF/ Agri-waste | 10 TPD Flue Gas-Co2 To Methanol Plant(FG-CTM)ပုံစံငယ်များအားကြည့်ရှုလေ့လာရာ ကုမ္ပဏီအကြီးအကဲနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ နိုင်ငံတော်သမ္မတကသိရှိလိုသည်များအားပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။

ထို့အတူ နိုင်ငံတော်သမ္မတက ကုမ္ပဏီသို့ရောက်ရှိလေ့လာမှုအထိမ်းအမှတ်အဖြစ် အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးပေးပြီးနောက် NTPC ရှိ NET zero စွမ်းအင်ထုတ်လုပ်မှုအဆင့်ဆင့်လုပ်ငန်းဆောင်ရွက်မှုများကိုကြည့်ရှုလေ့လာရာတာဝန်ရှိသူများက နေရောင်ခြည်စွမ်းအင်၊ ဘက်ထရီသိုလှောင်မှုစနစ်၊ ဟိုက်ဒရိုဂျင် အခြေခံစွမ်းအင်ထုတ်လုပ်မှုစနစ်၊ မြူနီစပယ်အမှိုက်စွန့်အမှိုက်များမှ ဓာတ်အားထုတ်ယူမှုများကို အဆင့်အလိုက်ရှင်းလင်းတင်ပြရာ နိုင်ငံတော်သမ္မတကသိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။

NETRA (NTPC Energy Technology Research Alliance)သည် အိန္ဒိယနိုင်ငံ၏ အကြီးဆုံးစွမ်းအင်ကုမ္ပ ဏီလုပ်ငန်းစုကြီးဖြစ်သော NTPC Limited ၏ လုပ်ငန်းခွဲတစ်ခုဖြစ်ကာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းကိုအဓိကလုပ်ဆောင်လျက်ရှိသည်။

ကမ္ဘာ့စွမ်းအင်ကဏ္ဍတွင်ဦးဆောင်လျက်ရှိသော ကုမ္ပဏီတစ်ခုဖြစ်သည့် NTPC သည် ၎င်း၏ဝန်ဆောင်မှုများနှင့် ထိရောက်မှုကို ပိုမိုတိုးတက်စေရေးအတွက် နောက်ဆုံးပေါ်နည်းပညာများ၏ အလားအလာကို အသိအမှတ်ပြုကာ NETRA သည်စွမ်းအင်ကဏ္ဍအတွက် နောက်ဆုံးပေါ်၊ ရေရှည်တည်တံ့ပြီး စီးပွားရေးအရ တွက်ခြေကိုက်သော နည်းပညာများတီထွင်ဖန်တီးရေးကို အလေးထားဆောင်ရွက်လျက်ရှိသည်။

NETRA ကုမ္ပဏီ၏ အဓိကဦးစားပေးလုပ်ငန်းနယ်ပယ်များသည် ထိရောက်မှုမြှင့်တင်ရေးနှင့် ကုန်ကျစရိတ်လျှော့ချရေး၊ စွမ်းအင်သစ်များနှင့် ပြန်လည်ပြည့်ဖြိုးမြဲသော စွမ်းအင်၊ ရာသီဥတုပြောင်းလဲမှုနှင့် ရေထိန်းသိမ်းရေး၊ ပြာအသုံးချမှု၊ ကာဗွန်ဖမ်းယူမှုနှင့် အသုံးပြုမှုနှင့် စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုတို့အပါအဝင် ပတ်ဝန်းကျင်ကာကွယ်ရေးတို့ပါဝင်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

MCCT အစီအစဉ်အမည်ကို အသုံးပြု၍ ငွေကြေးလိမ်လည်မှုများရှိနေသဖြင့် သတိပြုကြရန် လူမှုဝန်ထမ်းဦးစီးဌာန အသိပေး

နေပြည်တော်၊ သြဂုတ်-၁၅ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးသည့် MCCT အစီအစဉ်၏ နာမည်ကို အလွဲသုံးစားပြု၍ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ ပေါ်ပေါက်လျက်ရှိသဖြင့် မိဘပြည်သူများအနေဖြင့် အထူးသတိပြုကြရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် MCCT အစီအစဉ်တွင် အကျုံးဝင်သူများ၏ စာရင်းကို သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် လူပြင်၌သာ စာရင်းကောက်ယူခြင်းကို ဆောင်ရွက်လျက်ရှိပြီး အွန်လိုင်း (Online) မှတစ်ဆင့် စာရင်းကောက်ယူခြင်း လုံးဝ (လုံးဝ) မပြုလုပ်ကြောင်း...

ရန်ကုန်နှင့် ကျိုက္ခမီတို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေ၍ အထူးသတိပြုရန် ကျန်းမာရေးဝန်ကြီးဌာန အသိပေး

ရန်ကုန်၊ ဩဂုတ် ၁၅ ရန်ကုန်မြို့နှင့် ကျိုက္ခမီမြို့တို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများ ရှိနေသဖြင့် ပြည်သူများအနေဖြင့် အထူးဂရုပြုကြရန်နှင့် ရောဂါလက္ခဏာများဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ဆေးရုံများတွင် အချိန်မီ ကုသမှုခံယူကြရန် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ရောဂါပိုးပါဝင်သည့် မသန့်ရှင်းသော ရေနှင့် အစားအစာများကို စားသုံးမိခြင်းမှတစ်ဆင့် ကူးစက်ဖြစ်ပွားခြင်းဖြစ်ပြီး မိုးဦးကျကာလနှင့် မိုးကုန်ဆောင်းအကူး ကာလများတွင် ရောဂါဖြစ်ပွားမှု ပိုမိုများပြားနိုင်ကြောင်း သိရသည်။ ရောဂါပိုးများသည် အညစ်အကြေးများမှတစ်ဆင့် ယင်ကောင်များ၊ မသန့်ရှင်းသော လက်များနှင့် အစားအသောက်များအတွင်းသို့ ရောက်ရှိကာ တစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်သည်။ အဆိုပါ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်မည်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၊ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း၌ နိုင်ငံတော်သမ္မတသည် ရုရှားနိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားနိုင်ငံဝန်ကြီးချုပ်၊ ရုရှားနိုင်ငံဒူးမားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေးခြင်းတို့အပြင် ရုရှားအစိုးရပိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံပြီးနောက် မြန်မာ-ရုရှား နှစ်နိုင်ငံကြားရှိ ရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကိုပိုမိုခိုင်မာစေရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံတွင် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရေးတို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း၌ နိုင်ငံတော်သမ္မတသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071