Wednesday, June 17, 2026

High-Speed Railway G23 ဖြင့်...

တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှတစ်ဆင့် South Railway Station မှတစ်ဆင့် ရှန်ဟိုင်းမြို့ Hongqiao Railway Station သို့ High-Speed Railway...

ဒဂုံအရှေ့ပိုင်း လူဦးရေ ၄ သိန်းကျော်အတွက်...

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ လူဦးရေ ၄ သိန်းကျော်ကို ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ ပေးနိုင်ရန် ရည်ရွယ်၍ (၂)ထပ် ဆေးကုသဆောင်သစ်ကို ဒဂုံမြို့သစ်(အရှေ့ပိုင်း)...

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (MPU) ဖွဲ့စည်းမည်၊ ပြည်ထောင်စုလွှတ်တော်နာယက...

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ဇွန် ၁၆ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး...

မြန်မာ-တရုတ် မီးရထားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး၊ ကမ္ဘာကျော်...

တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၇ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ China...
HomeNewsLocal Newsသုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲ  တွင်...

သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲ  တွင် စကားပြောစွမ်းရည်၊ ပါဠိရေးစွမ်းရည်နှင့် သာသနာတော်ဆိုင်ရာအထွေထွေဗဟုသုတများကို​ဖြေဆိုရ

ဧကာဒသမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ နောက်ဆုံးအဆင့် ဖြေဆိုယှဉ်ပြိုင်ခြင်းကို ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ယမန်နေ့က ကျင်းပခဲ့သည်။

မေ (၂၆) ရက်တွင် ပြုလုပ်ခဲ့သည့် မဟာဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲ အလယ်တန်းဆင့်ပြိုင်ပွဲ ၊ ဆီမီးဖိုင်နယ်ပွဲစဉ်မှ ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများ၏ အောင်စာရင်းကို ကြေညာ ၍ နောက်ဆုံးအဆင့် ဖိုင်နယ်ပြိုင်ပွဲဝင် (၆)ဦးသည် သုတစုံ လင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲဖိုင်နယ်အဆင့်ကို ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ဧကာဒသမအကြိမ် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ ဖိုင်နယ်အဆင့် အမေး/အဖြေ ဖြေဆိုခြင်းဆိုင်ရာ(ပွဲစဉ် – ၄)တွင် ပြိုင်ပွဲဝင် ခြောက်ဦးသည် စကားပြောစွမ်းရည်၊ ပါဠိရေးစွမ်းရည်နှင့် သာသနာတော်ဆိုင်ရာအထွေထွေဗဟုသုတမေးခွန်းများကို ဖြေဆိုယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် အလယ်တန်း(ဖိုင်နယ်ဆင့်) ဖြေဆိုပူဇော်ပွဲကို ဆက်လက်ကျင်းပ ပြီးနောက် အစီအစဉ်အရ အလယ် တန်း တစ်နိုင်ငံလုံးရမှတ်အများဆုံးရသူ (၂၀) ကိုလည်း ကောင်း၊ မူလတန်း (စာဖြေဌာနအလိုက်) ပထမဆုရှင်တို့ကိုလည်းကောင်း ဂုဏ်ပြုလွှာနှင့် ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ယင်းနောက် အလယ်တန်းဆင့်ပြိုင်ပွဲကြီး၏ ရလဒ်များကို ကြေညာပြီး အလယ်တန်းဆင့် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမနှင့် ဆဋ္ဌမ ဆုများအပါအဝင် ပြိုင်ပွဲဝင် ကျော င်းသား ကျောင်းသူ (၂၆) ဦးနှင့် နည်းပြများကို ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

High-Speed Railway G23 ဖြင့် ခရီးနှင်လာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရှန်ဟိုင်းမြို့သို့ ရောက်ရှိ

တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှတစ်ဆင့် South Railway Station မှတစ်ဆင့် ရှန်ဟိုင်းမြို့ Hongqiao Railway Station သို့ High-Speed Railway G23 ဖြင့် ယနေ့ ဇွန် ၁၇ ရက်နံနက်ပိုင်းကထွက်ခွာလာသော နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်သည် မွန်းလွဲပိုင်း၌ ရှန်ဟိုင်းမြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။ ရှန်ဟိုင်းမြို့ Hongqiao Railway Station သို့ရောက်ရှိလာသော နိုင်ငံတော်သမ္မတအား ရှန်ဟိုင်း ဒု-မြို့တော် ဝန်နှင့် တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ရှန်ဟိုင်းမြို့သို့ နိုင်ငံတော်သမ္မတက High-Speed Railway G23 ဖြင့်ထွက်ခွာလာစဥ်...

ဒဂုံအရှေ့ပိုင်း လူဦးရေ ၄ သိန်းကျော်အတွက် ကျန်းမာရေးဝန်ဆောင်မှု မြှင့်တင်ပေးမည့် (၂)ထပ် ဆေးကုသဆောင်သစ် ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ လူဦးရေ ၄ သိန်းကျော်ကို ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ ပေးနိုင်ရန် ရည်ရွယ်၍ (၂)ထပ် ဆေးကုသဆောင်သစ်ကို ဒဂုံမြို့သစ်(အရှေ့ပိုင်း) ပြည်သူ့ဆေးရုံဝင်းအတွင်း ဇွန် ၁၆ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်ဦး၊ လူမှုရေးရာဝန်ကြီးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြပြီး ဆေးကုသဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် တာဝန်ရှိသူများသည် အဆောက်အဦသစ်အတွင်းရှိ လူနာဆောင်များ၊ ခွဲစိတ်ခန်းများနှင့် သွားနှင့်ခံတွင်းကုသရေးဌာနတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး ဆေးရုံတက်ရောက်ကုသနေသည့် လူနာများအား...

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (MPU) ဖွဲ့စည်းမည်၊ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး ဥက္ကဋ္ဌတာဝန်ယူမည်

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ဇွန် ၁၆ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (Myanmar Parliamentary Union - MPU) ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ MPU ကို ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး၊ ဒုတိယဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အတွင်းရေးမှူးအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက Jang Phang နော်တောင် (ခ)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071