Thursday, March 20, 2025

တပ်မတော်အတွင်း အသက်မပြည့်စစ်သည်(၉၃)ဦးကို နုတ်ထွက်ခွင့်ပြုပြီး မိဘများထံလွှဲပြောင်းပေး

တပ်မတော်အတွင်းတာဝန်ထမ်းဆောင်နေသည့် အသက်မပြည့်စစ်သည်(၉၃)ဦးကို နှုတ်ထွက်ခွင့်ပြုပြီးနောက် ယနေ့ မတ် ၁၉ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ မိဘများထံပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အသက်မပြည့်စစ်သည်(၉၃)ဦးအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)နှင့်...

မြန်မာ၌သောင်တင်နေသည့်အီသီယိုးပီးယား ၁၃၀ နေရပ်ပြန်ပို့

အက်ဒစ်အာဘာဘာ၊မတ် ၁၈ မြန်မာနိုင်ငံအခြေစိုက်အွန်လိုင်းငွေလိ-မ်ဂိုဏ်း များ၌ပိတ်မိနေသည့် နိုင်ငံသား ၁၃၀ ကို နေရပ်ပြန်ပို့လိုက်ပြီဖြစ်ကြောင်း အီသီယိုးပီးယားအစိုးရကကြေငြာချက်ထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သည့်နှစ်ရက်အတွင်း အစိုးရအနေဖြင့် ၎င်း၏မိတ်ဖက်များနှင့်ပူးပေါင်းကာ ထိုင်းနိုင်ငံမှ အီသီယိုးပီးယားနိုင်ငံသား ၅၃...

“ဗုံတီးမယ်” တေးသီချင်းဗီဒီယို ဖန်တီးထုတ်လွှင့်သူနှင့် စီစဉ်သူများကို...

တေးရေး၊ တေးဆို အောင်ပါစေ ၏ "ဗုံတီးမယ်" တေးသီချင်း ဗီဒီယိုနှင့် ပတ်သက်၍ ဖန်တီးထုတ်လွှင့်သူနှင့် စီစဉ်သူများကို အမှုဖွင့် အရေးယူနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက...

စွမ်းအင်အဆောက်အအုံများကိုရက်၃၀အပစ်ရပ်ရေးပူတင် သဘောတူ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းခေါ်ဆွေးနွေးခဲ့ရာတွင် ယူကရိန်းနိုင်ငံ၏ စွမ်းအင်ဆိုင်ရာ အဆောက်အအုံ ပစ်မှတ်များအပေါ် တိုက်ခိုက်မှုများကို ရက် ၃၀ ရပ်တန့်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က...
HomeCelebrities' Newsသီဟတင်စိုးအ မှု အမှုမှန်ပေါ်ပေါက်ခဲ့တဲ့အပေါ်...

သီဟတင်စိုးအ မှု အမှုမှန်ပေါ်ပေါက်ခဲ့တဲ့အပေါ် အနုပညာရှင်တို့ရဲ့စကားသံ

အကယ်ဒမီသရုပ်ဆောင် သီဟ တင်စိုးအပေါ် မုဒိမ်းမှုဖြင့်အရေးယူ ပေးဖို့ တိုင်တန်းချက်မှာမှန်ကန်မှု မရှိဘဲ တရားလို ခင်မာမြင့်(ခ)ညိုညို (ခ)ဇင်မာမြင့်နဲ့ ဒေါ်ညိုတို့ ပူးပေါင်း ကာ လီဆယ်တိုင်တန်းခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖော်ထုတ်ရရှိတာကြောင့် ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူဆောင် ရွက်နိုင်ရေးအတွက်ဆက်လက် ဆောင်ရွက်နေကြောင်းသိရပါတယ်။ အမှုမှန်ပေါ်ပေါက်ခဲ့ပေမယ့်လည်း စွပ်စွဲပြောဆိုခံရသူ သရုပ်ဆောင် သီဟတင်စိုးအနေနဲ့ မီဒီယာတွေဆီ မှာ ပြန်လည်ပြောကြားတာမျိုးတွေ တော့မရှိခဲ့သေးပါဘူး။ ဒါပေမဲ့လည်း သူ့ကို စိတ်ပူနေခဲ့ကြတဲ့ ရုပ်ရှင်နဲ့ ဗီဒီယိုလောကသားတွေကတော့ အမှု မှန်ပေါ်ပေါက်ခဲ့ပြီဖြစ်တာကြောင့် ပျော်ရွှင်နေကြပါတယ်။ အကယ်ဒမီ သရုပ်ဆောင် သီဟတင်စိုးဟာ မိန်းမ အရှုပ်အရှင်း အင်မတန်ကင်းသူဖြစ် ပြီး အကျင့်စာရိတ္တကောင်းမွန်သူ တစ်ဦးဖြစ်တဲ့အပြင် ဇနီးဖြစ်သူ ဇင် မာဦးကိုလည်း မျက်နှာပျက်စေမယ့် ကိစ္စရပ်မျိုး တစ်ခါမှ ပြုလုပ်ဖူးခြင်း မရှိဘဲ ဇနီးအပေါ် အင်မတန် ချစ် မြတ်နိုးတဲ့သူတစ်ဦးဖြစ်တာကိုလည်း ရုပ်ရှင်လောကသားတွေရဲ့ ပြောပြမှု တွေအရ သိထားရပါတယ်။ အဲဒါ ကြောင့်လည်း ပေါ်ပြူလာအနေနဲ့ သူနဲ့အတူတွဲပြီး ရုပ်ရှင်တွေ၊ ဗီဒီယို တွေ များစွာရိုက်ခဲ့ဖူးသူ အနုပညာရှင် တွေရဲ့ အမှုမှန်ပေါ်ပေါက်ခဲ့မှုအပေါ် ဝမ်းသာစကားများကို မေးမြန်းဖော် ပြပေးလိုက်ပါတယ်။

ချစ်ချစ်ဇော်

ဒီလိုစွပ်စွဲထားတာတွေ အမှန် အတိုင်း ဖြစ်သွားတဲ့အတွက် ကိုသီဟ အတွက် တအားဝမ်းသာပါတယ်။ အခုတော့ ကိုသီဟနဲ့ မတွေ့ရသေး ပါဘူး။ ဒါပေမဲ့ ကိုသီဟအဆိုးထဲက အကောင်း အမြတ်အများကြီးရလိုက် ပါတယ်။ ပရိသတ်တွေက ကိုသီဟ ဘက်မှာရှိနေတဲ့အတွက် တအားဝမ်း သာပါတယ်။ အစ်မတအားလည်း ပျော်နေပါတယ်။ အခုကိစ္စတွေအကုန် လုံးက မပြီးပြတ်သေးတဲ့အတွက် ပရိ သတ်ရှေ့မရောက်နိုင်သေးတာပါ။ ကိုသီဟအမြန်ဆုံး ပရိသတ်ရှေ့ ရောက်နိုင်ပြီး အနုပညာအလုပ်တွေ ပြန်လုပ်နိုင်ပါစေလို့ ဆုတောင်းပေး ပါတယ်။

လင်းဇာနည်ဇော်

အစ်မက ကာယကံရှင်မဟုတ် တဲ့အခါကျတော့ အစ်မပြောတဲ့ စကားတွေမှာ မှားတာတွေပါကောင်း ပါလိမ့်မယ်။ အခုကိုသီဟခဏနေကျ ရင် လာတော့မယ်။ သူကလည်း မီဒီ ယာတွေ အကုန်လုံးကိုရော အခုဖြစ် စဉ်မှာ မားမားမတ်မတ်ရပ်တည်ပေး နေတဲ့ ပရိသတ်တွေ အကုန်လုံးကို ရော ကိုယ့်ရင်ထဲက လှိုက်လှိုက်လှဲ လှဲ ကျေးဇူးတင်နေပါတယ်လို့ အစ်မ တို့ကို ပြောပါတယ်။ အခုလိမ်ထား တဲ့ နှစ်ယောက်စလုံးကို ရဲက ဖမ်း ထားပါတယ်။ အခုသူပြောစရာ ရှိ တာတွေ ပြောနေတဲ့အတွက် မလာ နိုင်သေးတာပါ။ နောက်နောင်ကို သီဟလိုမျိုး အဖြစ်မျိုးကို ဘယ်သူ့ကိုမှ မဖြစ်စေချင်ပါဘူး။ ဒါကြောင့်မို့လို့ ဒီလိုကိစ္စမျိုး ထပ်မဖြစ်စေဖို့ စံနမူရာ တစ်ခုအနေနဲ့ ထားစေချင်ပါတယ်။ ဒါမှ ဒီလိုမျိုးလိမ်လည်တဲ့သူတွေ ထပ် မရှိမှာပါလို့ အစ်မပြောချင်ပါတယ်။

စစ်နိုင်သီဟဦး

အဖေ့ကို ဒီလိုစွပ်စွဲတဲ့အပေါ် ပြောစရာစကားမရှိပါဘူး။ ဒါပေမဲ့ ပရိသတ်တွေကလည်း အဖေမဟုတ် မှန်းသိနေတဲ့အတွက် ဘာမှပြောစရာ မရှိတော့ပါဘူး။ လက်ရှိအခြေအနေ ကိုတော့ ကျွန်တော်တို့လည်း အတိ အကျမသိသေးပါဘူး။ ဖေဖေတို့ လည်း မကြာမီပြန်လာတော့မယ်လို့ ပြောပါတယ်။ အစကတော့ ဒီလိုစွပ် စွဲခံရတော့ ကျွန်တော့်အဖေများ ထောင်ကျမလား ဘာတွေဖြစ်မလဲ ဆိုပြီး စိတ်ပူတာတွေရှိပါတယ်။ အခု တော့ ဒီလိုမျိုး ရဲတွေက ဖေဖေ့မှာ အပြစ်မရှိဘူးလို့ သတင်းထုတ်ပြန် လိုက်တော့ ကျွန်တော်တို့အတွက် ရော၊ ပရိသတ်အတွက်ရော ဝမ်းသာ ပါတယ်။ စွပ်စွဲတဲ့ အမျိုးသမီးတွေကို တော့ ကျွန်တော်တို့ဘက်က လူကြီး တွေပြောတာ တရားပြန်စွဲမယ်လို့ ပြောပါတယ်။ အတိအကျတော့ ကျွန် တော်လည်း မသိသေးပါဘူး။ ကျွန် တော်ကတော့ ပထမဦးဆုံး စစဖြစ်တဲ့ နေ့က ကျွန်တော့်အဖေကို စွပ်စွဲလို့ ဒေါ သထွက်မိပါတယ်။ ဒါပေမဲ့ နောက်ပိုင်း ကျတော့ အဖေကဒီလိုမဟုတ်ဘူးလို့ သိရှိသွားတဲ့အတွက် ဝမ်းသာပါတယ်။

မတူး

ကိုသီဟတင်စိုးနဲ့ အန်တီတူးတို့ ဆိုတာ သူငယ်ငယ် လူပျိုဘဝကတည်း က ရုပ်ရှင်တွေ စရိုက်ကတည်းက သိ လာခဲ့ကြတာ။ သူဟာ ငယ်ငယ်လေး ကတည်းက သဘောအင်မတန် ကောင်းတဲ့သူ ဖြစ်တယ်။ ဇင်မာဦး ဆိုရင်လည်း အဲ့လိုပဲ သူတို့ ခပ်ငယ် ငယ်ကတည်းက သိလာခဲ့တာ။ ကို သီဟနဲ့ ဇင်မာဦးဆိုတာ အင်မတန် လိုက်ဖက်တဲ့ စုံတွဲပါ။ သူတို့ဟာ ရိုးရိုး သားသားနဲ့ အနုပညာကို လုပ်စားကြ တဲ့ သူတွေပါ။ အဲဒါကြောင့်လည်း ကို သီဟ ဖြစ်စဉ်တက်လာတုန်းက အန် တီတူးတို့ မယုံခဲ့ပါဘူး။ လုံးဝကိုလည်း အယုံအကြည် မရှိပါဘူး။ ဘာလို့လဲ ဆိုရင် သူတို့နဲ့ အန်တီတူးဟာ တော် လှန်ရေး ဇာတ်ကားတွေကို တောက် လျှောက်ရိုက်ကူးခဲ့တာ ဇာတ်ကား ပေါင်းမနည်းပါဘူး။ အခုလို ဖြစ်ခဲ့ တာဟာလည်း ကံအကြောင်းမလှလို့ စွပ်စွဲခံခဲ့ရတယ်ဆိုပေမယ့်လည်း အမှု မှန်က ပြန်ပေါ်လာတာ ဖြစ်တယ်။ အန်တီတူးတို့က နဂိုကတည်းက မယုံတာပါ။ အဲဒီမိန်းမကြီး အင်တာ ဗျူးကိုကြည့်တော့ ပိုပြီးတော့ မယုံ ကြည်တော့ပါဘူး။ ပြောဆိုတဲ့ စကား တွေဟာ အရှေ့အနောက်လုံးဝ မညီ ပါဘူး။ အထူးသဖြင့် ကိုသီဟရဲ့ အ ကျင့်စာရိတ္တကို လုံးဝ ယုံကြည်တယ်။ အဲဒီတော့ အန်တီတူးပြောချင်တာက ကိုသီဟနဲ့ မဇင်မာဦးတို့ စုံတွဲ ဒီထက် မကတိုးတက်ပါစေလို့ မေတ္တာပို့ပါတယ်။

အကယ်ဒမီအောင်ခိုင်

ဦးအောင်ခိုင်နဲ့ မောင်သီဟတို့ ဆိုတာ ၁၅ နှစ်လောက်ထိ အတူလက် တွဲပြီး အလုပ်တွေ လုပ်လာတာ ဖြစ် တဲ့အတွက် သူ့ရဲ့ အကျင့်စာရိတ္တကို ဦးအောင်ခိုင် အကုန်သိတယ်။ ၁၅ နှစ်လောက်အတွင်းမှာ မောင်သီဟ ဟာ မိန်းမကိစ္စနဲ့ ပတ်သက်ပြီး တစ် ခါမှ မတစ်ခါခဲ့ဖူးဘူးလေ။ ဦးအောင် ခိုင်နဲ့က ညီအစ်ကိုလို နေထိုင်လာခဲ့ တယ်။ ဦးအောင်ခိုင်အတွက် မောင် သီဟဆိုတာ ကျေးဇူးရှင် ဖြစ်တယ်။ ဦးအောင်ခိုင် အကယ်ဒမီရခဲ့တဲ့ ငရဲ သားရုပ်ရှင်ဇာတ်ကားဆိုတာလည်း မောင်သီဟ ကိုယ်တိုင်ဒါရိုက်တာလုပ် ပြီး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား ဖြစ်တယ်။ ကျေးဇူးရှင် ဖြစ်နေတဲ့ အတွက်ကြောင့် အပါအဝင် အခု အချိန်မှာ အမှုမှန်ပေါ်သွားပြီ ဖြစ်တဲ့ အတွက် အတိုင်းထက် အလွန်ဝမ်း သာပါတယ်။ ဦးအောင်ခိုင်နဲ့ အဆက် အသွယ်တော့ မရပေမယ့်လည်း ဦး အောင်ခိုင်တို့ကတော့ အပြင်ကနေ ဝန်းရံပေးနေပါတယ်။ ဖြစ်ဖြစ်ချင်း တုန်းကဆိုရင် ဦးအောင်ခိုင်နယ် ရောက်နေတာ ဖြစ်ပေမယ့် စိတ်ထဲ မှာ လုံးလုံးနေလို့မကောင်းဘူး။ သိသိ ချင်းတုန်းကဆိုရင် လန့်ရုံတင်မဟုတ် ဘူး။ တော်တော်ကို အံ့သြသွားတယ်။ မောင်သီဟဆိုတာ ဒီလိုအကျင့် စာရိတ္တမျိုး လုံးလုံးရှိတဲ့သူ မဟုတ်ပါ ဘူး။ ဇင်မာဦးကို တအားချစ်တာ။ သူ့မိန်းမမျက်နှာ ငယ်အောင် ဘယ် တုန်းကမှ မလုပ်ခဲ့ဖူးဘူး။ အဲဒီ ဒေါ် ကြီးရဲ့ ပုံစံကိုကြည့်လိုက်တော့လည်း မတရားပြုကျင့်ခံရတဲ့သူတစ်ယောက် က ပျော်မြူးနေတာပဲ။ အဲဒီကတည်း က မူမမှန်တော့ဘူးဆိုတာသိနေတယ်။ ပြီးတော့ မောင်သီဟရဲ့ အသံဖိုင် တက်လာတာကို နားထောင်မိတဲ့ အချိန် ဦးအောင်ခိုင်မျက်ရည်တွေပါ ဝဲကုန်တယ်။ ဘာကြောင့်လဲဆိုတော့ အင်တာဗျူးရဲ့ နောက်ဆုံးမှာ အမှန် တရားနဲ့ ကျွန်တော်ပြန်လာခဲ့မယ်လို့ ပြောတဲ့အချိန်မှာ ဦးအောင်ခိုင်ဟာ အမှန်တရားအတွက် ပြန်လာနိုင်ပါ စေလို့ ဆုတောင်းနေမိတာ အမှန်ပဲ။ မနက်လည်းရောက်ရော အဲဒီအဒေါ် ကြီး အလိမ်တွေပေါ်တော့တာပဲ။ အခုအဖြစ်မှန်ပေါ်သွားပြီဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ်ဝမ်းသာတယ်။

Ads Space Available


Continue reading

တပ်မတော်အတွင်း အသက်မပြည့်စစ်သည်(၉၃)ဦးကို နုတ်ထွက်ခွင့်ပြုပြီး မိဘများထံလွှဲပြောင်းပေး

တပ်မတော်အတွင်းတာဝန်ထမ်းဆောင်နေသည့် အသက်မပြည့်စစ်သည်(၉၃)ဦးကို နှုတ်ထွက်ခွင့်ပြုပြီးနောက် ယနေ့ မတ် ၁၉ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ မိဘများထံပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အသက်မပြည့်စစ်သည်(၉၃)ဦးအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)နှင့် မြန်မာနိုင်ငံစောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေးလုပ်ငန်းအဖွဲ့တို့၏အစီအမံဖြင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အလိုက် အသေးစိတ်စိစစ်နုတ်ထွက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ယင်း ကလေ-းငယ်များအား တပ်မတော်မှနုတ်ထွက်ခွင့်ပြုသည့် လက်မှတ်နှင့် (၁၀)နှစ်မှ (၁၈)နှစ်ကြား မှတ်ပုံတင်ကတ်ပြားများကို တာဝန်ရှိသူတို့က ပေးအပ်၍ ကလေ-းများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခဲ့ပြီးနောက် ကလေ-းများနှင့် မိဘများကို မြန်မာနိုင်ငံစောင့်ကြည့်လေ့လာရေးနှင့်အစီ ရင်ခံတင်ပြရေးလုပ်ငန်းအဖွဲ့နှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှစီစဉ်သော ကြားကာလပြုစုစောင့်ရှောက်ရေးစခန်းသို့ တပ်မတော်မှပို့ဆောင်ပေးခဲ့သည်။ ယင်း စခန်းတွင် မိဘများနှင့်အဆက်အသွယ်မရရှိသေးပါက ဆက်သွယ်ဆောင်ရွက်ပေးခြင်း၊...

မြန်မာ၌သောင်တင်နေသည့်အီသီယိုးပီးယား ၁၃၀ နေရပ်ပြန်ပို့

အက်ဒစ်အာဘာဘာ၊မတ် ၁၈ မြန်မာနိုင်ငံအခြေစိုက်အွန်လိုင်းငွေလိ-မ်ဂိုဏ်း များ၌ပိတ်မိနေသည့် နိုင်ငံသား ၁၃၀ ကို နေရပ်ပြန်ပို့လိုက်ပြီဖြစ်ကြောင်း အီသီယိုးပီးယားအစိုးရကကြေငြာချက်ထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သည့်နှစ်ရက်အတွင်း အစိုးရအနေဖြင့် ၎င်း၏မိတ်ဖက်များနှင့်ပူးပေါင်းကာ ထိုင်းနိုင်ငံမှ အီသီယိုးပီးယားနိုင်ငံသား ၅၃ ဦးကို အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့သည်ဟုလည်း အီသီယိုးပီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကပြာကြားခဲ့သည်။ အဆိုပါ လူ-ကုန်ကူးခံရသူများသည် မြန်မာနိုင်ငံရှိငွေလိ-မ်ဂိုဏ်းများမှလွတ်မြောက်လာပြီးနောက် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်တိမ်းရှောင်ခဲ့ကြခြင်းဖြစ်ကြောင်း အီသီယိုးပီးယားနိုင်ငံပိုင်သတင်းအေဂျင်စီကဖော်ပြခဲ့သည်။ နေရပ်ပြန်ပို့ခံရသူများသည် မြန်မာနိုင်ငံရှိ‌ လိ-မ်လည်မှုဂိုဏ်းများတွင် အခြေအနေဆိုးများကြုံတွေ့ခဲ့ရသည်ဟု ဝန်ကြီးဌာနကပြောကြားခဲ့ပြီး ယခုအချိန်အထိ အီသီယိုးပီးယားနိုင်ငံသား စုစုပေါင်း ၁၃၀ ကို ထိုင်းနိုင်ငံမှတဆင့် ပြန်လည်ပို့ဆောင်ခဲ့သည်ဟုဝန်ကြီးဌာနကပြောကြားခဲ့သည်။ အဆိုပါလူ-ကုန်ကူးခံရသူများသည် အရှေ့တောင်အာရှနိုင်ငံများ၌ အလုပ်ကောင်းကောင်းရမည်ဟု သိမ်းသွင်းခံရပြီး ထိုင်း-မြန်မာနယ်စပ်ရှိ လိ-မ်လည်မှုဂိုဏ်းများသို့ လူ-ကုန်ကူးခံလိုက်ရခြင်းဖြစ်ရာ ပြည်သူများသတိထားနေထိုင်ကြဖို့လည်း...

“ဗုံတီးမယ်” တေးသီချင်းဗီဒီယို ဖန်တီးထုတ်လွှင့်သူနှင့် စီစဉ်သူများကို စိစစ်အရေးယူရန် ဆောင်ရွက်လျက်ရှိ

တေးရေး၊ တေးဆို အောင်ပါစေ ၏ "ဗုံတီးမယ်" တေးသီချင်း ဗီဒီယိုနှင့် ပတ်သက်၍ ဖန်တီးထုတ်လွှင့်သူနှင့် စီစဉ်သူများကို အမှုဖွင့် အရေးယူနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ မတ်လ (၁၉) ရက်တွင် ထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်တွင် ပြန်ကြားရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (ဂ) ပြဋ္ဌာန်းချက်ပါ အမိန့်ထုတ်ပြန်ခွင့်ကို ကျင့်သုံးပြီး ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုကာ ရုပ်ရှင်ကား ထုတ်လွှင့် ပြသခြင်းလုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့် အမိန့်ကို ထုတ်ပြန်ခဲ့ပြီး လုပ်ငန်းလုပ်ကိုင်ခွင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071