သီလဝါအိမ်ရာနှင့် ကနောင်အိမ်ရာတို့တွင် အိမ် ရာချေးငွေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအစီအစဉ်ဖြင့် ၂၀၂၄ ခုနှစ်၊ ဇွန် ၂၁ ရက်က ရောင်းချခဲ့သည့်အခန်းများအား ဝယ်ယူခွင့်ရရှိထားသူများကို ယာယီနေထိုင်ခွင့်ထုတ်ပေးသွားမည်ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အသိပေးခဲ့သည်။
အဆိုပါ ယာယီနေထိုင်ခွင့်ထုတ်ပေးခြင်းကို ဖေ ဖော်ဝါရီ ၄ ရက်မှ ၁၄ ရက်အထိ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၌ ရုံးချိန်အတွင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ထို့ကြောင့် ယာယီနေထိုင်ခွင့်ထုတ်ယူမည့် သူ များအနေဖြင့် ကိုယ်တိုင်ထုတ်ယူပါက မှတ်ပုံ တင်မူရင်းနှင့်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ ကိုယ်စားထုတ်ယူပါက ကိုယ်စားလှယ်လွှဲစာမူ ရင်း၊ ကာယကံရှင်နှင့်ကိုယ်စားလှယ်၏ မှတ်ပုံ တင်မူရင်းနှင့်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူတို့ပြသရမည်ဟု အသိပေးထားသည်။
ထို့ပြင် အခန်းဝယ်ယူခွင့်ရရှိသူများသည် ချေးငွေနှင့်ပတ်သက်သောလုပ်ငန်းများကို CHID Bank နှင့်ပြီးပြတ်အောင်ဆောင်ရွက်ရမည်ဟုလည်း အ သိပေးခဲ့သည်။
ယာယီနေထိုင်ခွင့်နှင့်ပတ်သက်၍ အသေးစိတ်စုံ စမ်းမေးမြန်းလိုပါက ဖုန်း ၀၉ ၉၈၃၉၃၀၈၈၁ ၊ ၀၉ ၄၂၁၇၂၁၀၃၃ တို့သို့ ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်သည်ဟုလည်း မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနက အသိပေးခဲ့သည်။