Tuesday, July 7, 2026

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော ပြည်ပနိုင်ငံသား(၉)ဦးကို...

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော ပြည်ပနိုင်ငံသား(၉)ဦးကို ယနေ့ ဇူလိုင် ၇ ရက်တွင် သက်ဆိုင်ရာနိုင်ငံများထံ ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ဖိလစ်ပိုင်နိုင်ငံသူ(၃)ဦး၊ နီပေါလ်နိုင်ငံသား(၁)ဦး၊ အီသီယိုးပီးယားနိုင်ငံသား(၃)ဦး၊...

ရထားစီးခရီးသည်များ သန့်ရှင်းရေးနှင့် စည်းကမ်းလိုက်နာစွာ စီးနင်းကြရန်...

နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် ပြည်သူများ သက်သောင့်သက်သာ၊ ဘေးကင်းလုံခြုံပြီး စျေးနှုန်းသင့်တင့်စွာ သွားလာနိုင်ရေးအတွက် မြန်မာ့မီးရထားက အဆင့်မြင့်ရထားတွဲဆိုင်းအသစ်များဖြင့် ခရီးစဉ်များကို ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ သို့သော် အချို့သော...

(၇)လခန့်အတွင်း ပဲခူးတိုင်းမှ မျက်စိဝေဒနာရှင် (၁,၀၀၀)ဦးကျော်ကို...

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လပထမပတ်အထိ (၇)လခန့်အတွင်း ပဲခူးတိုင်းမှ မျက်စိဝေဒနာရှင် (၁,၀၀၀)ဦးကျော်ကို အောင်မြင်စွာအခမဲ့ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ခွဲစိတ်ကုသမှုများကို  ပဲခူးတိုင်းအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့်...

(၁၆)ကြိမ်မြောက် သက်ကြီးဟာသပညာရှင်များ ကန်တော့ပွဲသို့ နိုင်ငံတော်သမ္မတနှင့်...

မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး (ဗဟို) က ကြီးမှူးကျင်းပသည့် (၁၆)ကြိမ်မြောက် သက်ကြီးဟာသပညာရှင်များ ကန်တော့ပွဲနှင့် ဟာသပညာထူးချွန်ဆုချီးမြှင့်ပွဲ ကို ယနေ့ ဇူလိုင် ၇ ရက်...
HomeMoviesသီရိလင်္ကာထောင်တွင်းအဓိကရုဏ်းဖြစ်၍ လူ ၂၆...

သီရိလင်္ကာထောင်တွင်းအဓိကရုဏ်းဖြစ်၍ လူ ၂၆ ဦးထက်မနည်း ‌ေ-သဆုံး

သီရိလင်္ကာနိုင်ငံတွင် နှစ်များစွာအတွင်း အဆိုးဆုံး ထောင်တွင်းအဓိကရုဏ်းဖြစ်ပွားမှုကြောင့် လူ ၂၆ ဦးထက်မနည်း ‌ေ-သဆုံးခဲ့ကာ ၁၀၀ ကျော် ဒ-ဏ်ရာရရှိခဲ့သည်။

မြို့တော်ကိုလံဘို၏ မြောက်ဘက် ၂၂ မိုင်အကွာရှိ နီဂွမ်ဘိုအကျဉ်းထောင်တွင် တနင်္ဂနွေနေ့မှစ၍ ပြိုင်ဘက် အကျဉ်းသားအုပ်စုများအကြား တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး တနင်္လာနေ့တွင် ပိုမိုဆိုးရွားသွားခဲ့ကြောင်း ဒေသခံမီဒီယာများနှင့် ရဲတပ်ဖွဲ့၏ အဆိုအရ သိရသည်။

နှစ်ကြီးအကျဉ်းသားများနှင့် ယာယီထိန်းသိမ်းခံထားရသူများအကြား ပဋိပက္ခဖြစ်ပွားခဲ့သည့် တနင်္ဂနွေနေ့တွင် အကျဉ်းသားနှစ်ဦး ‌ေ-သဆုံးခဲ့သည်။

ပဋိပက္ခအခြေအနေ ပိုဆိုးလာသော တနင်္လာနေ့တွင် ထောင်အရာရှိ ခြောက်ဦး အပါအဝင် လူ ၂၃ ဦး ‌ေ-သဆုံးခဲ့သည်။

‘အကျဉ်းသားတွေကို မနက်စာကျွေးနေချိန်မှာ ရန်ပွဲဖြစ်ခဲ့တာပါ” ဟု အကျဉ်းဦးစီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ချာမီကာ ဂါဂျာနာယက်က အကျဉ်းထောင်အနီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

အကြမ်းဖက်ခိုက်ရန်ဖြစ်ပွားမှု၏ အကြောင်းရင်းသည် မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် ဆက်စပ်နေသည်ဟု ဂါဂျာနာယက်က ထုတ်ဖော်ပြောဆိုသော်လည်း အသေးစိတ်အချက်အလက်များကို မပြောကြားခဲ့ဘဲ စုံစမ်းစစ်ဆေးမှုစတင်နေကြောင်း ဆိုခဲ့သည်။

ဆေးရုံသည် ရုပ်အလောင်း ၂၃ လောင်းကို လက်ခံရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရ အကျဉ်းသားများနှင့် အစောင့် စုစုပေါင်း ၁၀၀ ကျော်ကိုလည်း ဆေးရုံတင်ထားကြောင်း နီဂွမ်ဘိုဆေးရုံ၏ ညွှန်ကြားရေးမှူး ပွတ်ရှ်ပါ ဂမ်လက်က ပြောကြားခဲ့သည်။

“တချို့က သေနတ်ဒဏ်ရာ၊ ပြတ်ရှဒဏ်ရာနဲ့ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရထားကြတယ်။ ပိုပြင်းတဲ့ ဒဏ်ရာရရှိသူတွေထဲက ၁၈ ဦးကိုတော့ ကိုလံဘို နိုင်ငံတော်ဆေးရုံကို လွှဲပေးခဲ့ပါတယ်” ဟု ဂမ်လက်က ပြောကြားခဲ့သည်။

ဆူပူအုံကြွမှုသတင်း ပျံ့နှံ့သွားခဲ့မှုကြောင့် အနီးရှိ အကျဉ်းထောင်မှ အမျိုးသမီးအကျဉ်းသားများသည် ၎င်းတို့ထောင်အဆောက်အအုံ အမိုးပေါ်သို့တက်ကာ လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

သီရိလင်္ကာလေတပ်က ရဟတ်ယာဉ်တစ်စင်းနှင့် ဒရုန်များကို လွှတ်ကာ အကျဉ်းထောင်ကို စောင့်ကြည့်စေခဲ့သည်။

“ရဲတပ်ဖွဲ့ကို အကူအညီပေးဖို့ စစ်တပ်ကို တောင်းဆိုထားပေမယ့် ဒီအချိန်မှာတော့ သူတို့ကို အသင့်အနေအထားမှာပဲ ထားရှိပါတယ်” ဟု စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပမ ဝါရူနာ ဂါမက်ဂျ်က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။

Ref: အယ်ဂျာဇီးယား

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော ပြည်ပနိုင်ငံသား(၉)ဦးကို သက်ဆိုင်ရာနိုင်ငံများထံ ပြည်နှင်လွှဲပြောင်း

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော ပြည်ပနိုင်ငံသား(၉)ဦးကို ယနေ့ ဇူလိုင် ၇ ရက်တွင် သက်ဆိုင်ရာနိုင်ငံများထံ ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ဖိလစ်ပိုင်နိုင်ငံသူ(၃)ဦး၊ နီပေါလ်နိုင်ငံသား(၁)ဦး၊ အီသီယိုးပီးယားနိုင်ငံသား(၃)ဦး၊ ယူဂန္ဓာနိုင်ငံသား(၁)ဦး၊ ရု ရှားနိုင်ငံသား(၁)ဦးတို့အား ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင် ရာ တာဝန်ရှိသူများထံလွှဲပြောင်းပေးခဲ့ကြကြောင်း သိရသည်။

ရထားစီးခရီးသည်များ သန့်ရှင်းရေးနှင့် စည်းကမ်းလိုက်နာစွာ စီးနင်းကြရန် မြန်မာ့မီးရထား မေတ္တာရပ်ခံ

နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် ပြည်သူများ သက်သောင့်သက်သာ၊ ဘေးကင်းလုံခြုံပြီး စျေးနှုန်းသင့်တင့်စွာ သွားလာနိုင်ရေးအတွက် မြန်မာ့မီးရထားက အဆင့်မြင့်ရထားတွဲဆိုင်းအသစ်များဖြင့် ခရီးစဉ်များကို ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ သို့သော် အချို့သော ခရီးသည်များ၏ စည်းကမ်းမဲ့ ပြုမူဆောင်ရွက်မှုများကြောင့် အခြားရထားစီးခရီးသည်များ စိတ်အနှောင့်အယှက်ဖြစ်ရသည့်အတွက် ရထားစီးခရီးသည်များ လိုက်နာသင့်သည့် စည်းကမ်းချက်များကို မြန်မာ့မီးရထားက မေတ္တာရပ်ခံ အသိပေးထားသည်။ ရထားစီးခရီးသည်များအနေဖြင့် ရထားအတွင်း သန့်ရှင်းမှုကို ထိန်းသိမ်းရန် ကွမ်းတံတွေးမထွေးရန်၊ အခြားခရီးသည်များ သန့်ရှင်းစွာ အသုံးပြုနိုင်စေရေးအတွက် ထိုင်ခုံပေါ်သို့ ခြေထောက်တင်ခြင်း မပြုရန်၊ ဆူညံသံများဖြင့် အနှောင့်အယှက်မဖြစ်စေရေးအတွက် ဖုန်းပြောဆိုခြင်း၊ သီချင်းဖွင့်ခြင်းနှင့် စကားပြောဆိုခြင်းတို့ကို...

(၇)လခန့်အတွင်း ပဲခူးတိုင်းမှ မျက်စိဝေဒနာရှင် (၁,၀၀၀)ဦးကျော်ကို အခမဲ့ခွဲစိတ်ကုသပေးနိုင်ခဲ့

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လပထမပတ်အထိ (၇)လခန့်အတွင်း ပဲခူးတိုင်းမှ မျက်စိဝေဒနာရှင် (၁,၀၀၀)ဦးကျော်ကို အောင်မြင်စွာအခမဲ့ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ ခွဲစိတ်ကုသမှုများကို  ပဲခူးတိုင်းအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့ အ ထွေထွေရောဂါကုဆေးရုံကြီး၏ အောင်သုခဆေးကုသဆောင်၌ ခွဲစိတ်ကုသပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယနေ့ ဇူလိုင် ၇ ရက်နှင့် ယမန်နေ့ ဇူလိုင် ၆ ရက်တို့ကလည်း ပဲခူးတိုင်းအတွင်းရှိ မျက်စိဝေဒနာရှင် အငြိမ်း စားနိုင်ငံ့ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာများမှ မျက် စိဝေဒနာရှင်(၁၂၀)ဦးကို အခမဲ့ခွဲစိတ်ကုသပေးခဲ့ရာ ပဲ ခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက ယနေ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071