သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသော (၂၅) ကြိမ်မြောက် မသိုးသင်္ကန်းယှဉ်ပြိုင်ရက်လုပ်ကပ်လှူပူဇော်ပွဲနှင့် ဆွမ်းတော်ကြီး ကပ်လှူပူဇော်ပွဲကိုကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာလ (၃) ရက် နှင့် (၄) ရက်(တန်ဆောင်မုန်းလဆန်း (၁၄)ရက်မှ တန်ဆောင်မုန်းလပြည့်နေ့)အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
တန်ဆောင်မုန်းလဆန်း(၁၄)ရက် ညနေ (၅) နာရီတွင် ရင်ပြင်တော်၌ ဖွင့်ပွဲအခမ်းအနားကျင်းပ၍ တန်ဆောင်မုန်းလပြည့်နေ့ နံနက် (၄)နာရီခွဲတွင် မြတ်စွာဘုရားရှင်အားရည်မှန်းပြီး မသိုးသင်္ကန်းတော်များ ကပ်လှူပူဇော်သွားမည်ဖြစ်သည်။
ထို့ပြင် နံနက် (၅) နာရီ (၁၅) မိနစ်တွင် ဆွမ်းတော်ကြီးဆက် ကပ်လှူဒါန်းခြင်း၊ နံနက် (၆) နာရီအချိန်တွင် လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းလောင်း အနုမောဒနာတရား နာကြား ၍ ကုသိုလ်အမျှပေးဝေခြင်းများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ရပ်ဝေးရပ်နီးရှိ သဒ္ဓါကြည်လင် ပါရမီရှင်များအ နေနဲ့ မသိုးသင်္ကန်း ယှဉ်ပြိုင်ရက်လုပ် ကပ်လှူပူဇော်ပွဲကြီးနှင့် ဆွမ်းတော်ကြီး ကပ်လှူပူဇော်ပွဲကြီးသို့ လာရောက်၍ ကြည် ညိုသဒ္ဓါပွားများနိုင်ကြောင်း စေတီတော်ဂေါပကအဖွဲ့မှ ဖိတ်ခေါ်ထားသည်။
မသိုးသင်္ကန်းအလှူနှင့် ဆွမ်းတော်ကြီးအလှူများအတွက် ကုသိုလ်ပြု ပါဝင်လှူဒါန်းလိုပါက သီရိမင်္ဂလာ ကမ္ဘာအေး စေ တီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဖုန်း ဝ၉-၂၆၄၄၃၆ ၅၄၅၊ ဝ၉-၂၆၁၄၀၈၁၆၆၊ ဝ၉-၅၁၄၈၉၅၄ ထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းလည်း သိရသည်။
