မန္တလေး-လားရှိုးရထားလမ်းပိုင်း အဆင့်မြှင့်တင်ပြုပြင်ထိန်းသိမ်းရာတွင် လိုအပ်နေသည့် ကွန်ကရစ်ဇလီဖားတုံးများ အတွက် အထောက်ကူပြုမည်ဖြစ်
သီပေါ၊ဇူလိုင်-၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့ရှိ ကွန်ကရစ် ဇလီဖားစက်ရုံ ပြန်လည်လည်ပတ်ခြင်းကို ယမန်နေ့ ဇူလိုင် ၁၅ ရက်နေ့က စတင်နိုင်ခဲ့ကြောင်း သိရသည်။
မန္တလေး-လားရှိုးရထားလမ်းပိုင်း အဆင့်မြှင့်တင်ပြုပြင်ထိန်းသိမ်းရာတွင် လိုအပ်လျက်ရှိသည့် ကွန်ကရစ်ဇလီဖားများအား မန္တလေး-လားရှိုးရထား လမ်းပိုင်းတွင် အသုံးပြု၍ ပြန်လည်ပြေးဆွဲနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
စက်ရုံ ပြန်လည်ဖွင့်လှစ်ခြင်းကို ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ သီပေါမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကျောက်မဲခရိုင်နှင့် သီပေါမြို့နယ်ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မန္တလေး-လားရှိုးရထား လမ်းတွင် ရထားများပြန်လည်ပြေးဆွဲလျှင် ဒေသခံပြည်သူများ အဆင်ပြေချောမွေ့စွာ ခရီးသွားလာနိုင်မည်ဖြစ်ပြီး ဒေသထွက် ကုန်ပစ္စည်းများအား ကုန်ကျစရိတ်သက်သာစွာဖြင့် များများနှင့်မြန်မြန် သယ်ယူပို့ဆောင်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
