Friday, June 12, 2026

Ayeyawady FC Women အသင်း၏...

ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု Ayeyawady FC Women အမျိုးသမီးဘောလုံးအသင်းနှင့် ရန်ကုန်မြို့၏ အ များပြည်သူသယ်ယူပို့ဆောင်ရေးလုပ် ငန်းတစ်ခုဖြစ်သော Golden Yangon City Transportation...

ကန့်ဘလူမြို့နယ်တွင် အစေ့ထုတ်ပြောင်း(CP) စိုက်ပျိုးမှု တိုးချဲ့လာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ယခုနှစ် စိုက်ပျိုးရာသီတွင် ရာသီဥတုနှင့် မြေဆီလွှာအခြေအနေများအရ အစေ့ထုတ်ပြောင်း(CP) စိုက်ပျိုးမှုကို တောင်သူများ ပိုမိုတိုးချဲ့...

ရန်ကုန်အရှေ့ပိုင်းဆေးရုံ(ဂန္ဒီဆေးရုံ)၏ စနေနေ့သန့်ရှင်းရေးအား ဗိုလ်တထောင် USDP...

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ ရန်ကုန်အရှေ့ပိုင်းဆေးရုံ(ဂန္ဒီဆေးရုံ)၏ ဇွန် ၆ ရက်ကပြုလုပ်သည့် အပတ်စဥ် စနေနေ့သန့်ရှင်းရေးအား ဗိုလ်တထောင် USDP ပါတီ ဝင်များကပူးပေါင်းပါဝင်ပြုလုပ်ပေးခဲ့ကြသည်။ ဗိုလ်တထောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(အစိုးရ၏အာမခံချက်များကတိများနှင့်တာဝန်ခံချက်များစီစစ်ရေးကော်မတီ၏ ကော်မတီဝင်)ဦးဥာဏ်ဝင်းထိုက်မှ...

အီရာဝမ်နတ်ကွန်း ဗုံးခွဲခဲ့သူများကို သေဒ-ဏ်ချ

၂၀၁၅ ခုနှစ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အီရာဝမ်နတ်ကွန်း၌ လူပေါင်း ၂၀ ကို သေဆုံးစေခဲ့သည့် တရုတ်ဝီဂါအမျိုးသားနှစ်ဦးကို ကြာသပတေးနေ့တွင် သေဒဏ် ချမှတ်လိုက်ပြီး...
HomeNewsLocal Newsသီပေါမြို့ကို တပ်မတော် အပြီးသတ်ထိန်းချုပ်နိုင်ပြီဖြစ်ဟုဆို

သီပေါမြို့ကို တပ်မတော် အပြီးသတ်ထိန်းချုပ်နိုင်ပြီဖြစ်ဟုဆို

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ကို ယနေ့ အောက်တိုဘာလ (၁၇) ရက်နေ့၌ တပ်မတော်က အပြီးသတ်ထိန်းချုပ်နိုင်ခဲ့ပြီး မြို့တွင်းစစ်ကြောင်းများဝင်ရောက်လာပြီဖြစ်ကြောင်းဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။

သီပေါမြို့သိမ်းစစ်ဆင်ရေးကို တပ်မတော်ဘက်က ယမန်နေ့ အောက်တိုဘာ (၁၆)ရက်နေ့၌ အပြီးသတ်လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ပြီး၊ တပ်ဆုတ် ပြေးခဲ့ရသည့် TNLA အဖွဲ့က မြို့တွင်းရှိ အစိုးရဌာနဆိုင်ရာရုံးများဖြစ်သည့် မြေစာရင်း၊ ထွေအုပ်၊ စိုက်ပျိုးရေး၊ ထောင်အပါအဝင် ဟိုတယ်သီပေါတို့ကို မီးရှို့ပြီး ဆုတ်ခွာထွက်ပြေးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ယနေ့ အောက်တိုဘာ (၁၇) ရက်နေ့တွင် တပ်မတော်စစ်ကြောင်းနောက်ချန် အင်အားအချို့လည်း သီပေါမြို့သို့ ဝင်ရောက်လာနိုင်ပြီးဖြစ်ကြောင်း သိရသည်။

မြန်မာ့တပ်မတော်အနေဖြင့် ကျောက်မဲမြို့ကို အောက်တိုဘာ (၁)ရက်၌ ထိန်းချုပ်နိုင်ခဲ့ပြီးနောက် (၁၆)ရက်အကြာ ယနေ့တွင် သီပေါမြို့ကို အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Ayeyawady FC Women အသင်း၏ Official Co-Sponsor အဖြစ် ရန်ကုန် တိုင်း GYCT သယ်ယူပို့ဆောင်ရေးလုပ်ငန်းတို့ တရားဝင် လက်တွဲ

ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု Ayeyawady FC Women အမျိုးသမီးဘောလုံးအသင်းနှင့် ရန်ကုန်မြို့၏ အ များပြည်သူသယ်ယူပို့ဆောင်ရေးလုပ် ငန်းတစ်ခုဖြစ်သော Golden Yangon City Transportation (GYCT) တို့သည် အသင်း၏ ရှေ့ဆက်မည့် ပြိုင်ပွဲခရီးစဉ်များအတွက် Official Co-Sponsor အဖြစ် ယနေ့တွင် တရားဝင် လက်တွဲလိုက်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ GYCT လုပ်ငန်းသည် လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘတ်စ်ကားလိုင်း (၁၃) လိုင်း၊ အပြည့်အဝပြေးဆွဲနေသော ဘတ်စ်ကားအစီးရေ (၄၉၁) စီးဖြင့် ဘတ်စ်ကားမှတ်တိုင်ပေါင်း (၆၈၅) တိုင်ကို...

ကန့်ဘလူမြို့နယ်တွင် အစေ့ထုတ်ပြောင်း(CP) စိုက်ပျိုးမှု တိုးချဲ့လာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ယခုနှစ် စိုက်ပျိုးရာသီတွင် ရာသီဥတုနှင့် မြေဆီလွှာအခြေအနေများအရ အစေ့ထုတ်ပြောင်း(CP) စိုက်ပျိုးမှုကို တောင်သူများ ပိုမိုတိုးချဲ့ စိုက်ပျိုးလာကြောင်း သိရသည်။ အစေ့ထုတ်ပြောင်း(CP) သည် တိရစ္ဆာန်အစာစပ်လုပ်ငန်းများတွင် အဓိကအသုံးပြုသည့် သီးနှံဖြစ်သဖြင့် စျေးကွက်လိုအပ်ချက် အမြဲရှိနေခြင်း၊ အခြားသီးနှံများနှင့် နှိုင်းယှဉ်ပါက ပြုစုရလွယ်ကူပြီး အထွက်နှုန်းကောင်းမွန်ခြင်းတို့ကြောင့် တောင်သူများအကြား စိတ်ဝင်စားမှု မြင့်တက်လာခြင်းဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။ လက်ရှိတွင် တောင်သူများသည် အထွက်နှုန်းကောင်းမွန်ပြီး ရောဂါဒဏ်ခံနိုင်ရည်ရှိသော ပြောင်းမျိုးစေ့များကို ရွေးချယ်စိုက်ပျိုးလျက်ရှိကြပြီး၊ စိုက်ပျိုးရေးဌာနမှလည်း လိုအပ်သော စိုက်ပျိုးရေးနည်းပညာများနှင့် ပိုးမွှားကာကွယ်ရေးဆိုင်ရာ...

ရန်ကုန်အရှေ့ပိုင်းဆေးရုံ(ဂန္ဒီဆေးရုံ)၏ စနေနေ့သန့်ရှင်းရေးအား ဗိုလ်တထောင် USDP ပါတီဝင်များကပူးပေါင်းပါဝင်ခဲ့

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ ရန်ကုန်အရှေ့ပိုင်းဆေးရုံ(ဂန္ဒီဆေးရုံ)၏ ဇွန် ၆ ရက်ကပြုလုပ်သည့် အပတ်စဥ် စနေနေ့သန့်ရှင်းရေးအား ဗိုလ်တထောင် USDP ပါတီ ဝင်များကပူးပေါင်းပါဝင်ပြုလုပ်ပေးခဲ့ကြသည်။ ဗိုလ်တထောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(အစိုးရ၏အာမခံချက်များကတိများနှင့်တာဝန်ခံချက်များစီစစ်ရေးကော်မတီ၏ ကော်မတီဝင်)ဦးဥာဏ်ဝင်းထိုက်မှ လွှတ်တော်မသွားမှီကြိုတင်ပေါင်းစပ်ညှိ နှိုင်းချက်အရ ဗိုလ်တထောင်မြို့နယ် USDP ပါတီအ တွင်းရေးမှူးနှင့် ပါတီကော်မတီဝင်များကပူးပေါင်းပါဝင်ကူညီပေးခဲ့ကြခြင်းဖြစ်သည်။ ထို့ပြင် ဆေးရုံမျက်နှာစာသန့်ရှင်းရေးအတွက် လက်ရှိစွန့်ပစ်အမှိုက်ပုံးများကို ဆေးရုံဝင်းအတွင်းသင့်လျော်သည့်နေရာ၌ ပြန်လည်နေရာချထားပေးရန် မြို့နယ်စည် ပင်နှင့်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071