ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်၊ ရေကျော်ပွဲဈေးကို အောက်တိုဘာ (၁) ရက်မှ (၇) ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
ကိုဗစ်ရောဂါကပ်ဘေးကာလကတည်းက (၄)နှစ်ကျော်ကြာ မကျင်းပဖြစ်ခဲ့သည့် ရေကျော်ပွဲဈေးကို ပြီးခဲ့သည့် တန်ဆောင်တိုင်လတွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဟုဆိုကာ ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရေကျော်ပွဲဈေးကို ပုဇွန်တောင်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်တွင် သီတင်းကျွတ်ကာလ နှစ်စဉ်ကျင်းပလေ့ရှိပြီး အလွန်စည်ကားသည့်ပွဲဈေးလည်းဖြစ်သည်။
ရေကျော်ပွဲဈေးကို ရန်ကုန်မြို့က ပြည်သူတွေ အများအပြားလာရောက်လည်ပတ်လေ့ရှိသလို အနုပညာရှင်များလည်းလာရောက်လည်ပတ်လေ့ရှိသည့် ပွဲတခုဖြစ်သည်။
ရေကျော် သီတင်းကျွတ်မီးထွန်းပွဲတော်ကို ၂၀၁၉ ခုနှစ်က နောက်ဆုံးကျင်းပခဲ့ခြင်းဖြစ်ပြီး မုန့်ဆိုင်တန်းများ၊ ကစားစရာရောင်းချသည့် ဆိုင်ခန်းများ၊ အပျော်ဆော့ကစားနိုင်သည့် နေရာများအပြင် စတိတ်စင်များဖြင့်ပါ ဖျော်ဖြေရေးများ ကျင်းပခဲ့ကြောင်း သိရသည်။
Photo-MK
