Saturday, July 11, 2026

အာဆီယံ-ရုရှားဆက်ဆံရေး(၃၅) နှစ်ပြည့် အထိမ်းအမှတ်ပွဲသို့ မြန်မာသံအမတ်ကြီး...

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအ မတ်ကြီး ဦးကျော်စိုးမင်းသည် ဇူလိုင် ၉ ရက်တွင် ဖနောင်ပင်မြို့ရှိ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းသံအ မတ်ကြီး Mr. Anatoly...

မြန်မာ့စာပေလောက၏ ကြယ်တစ်ပွင့် ကြွေလွင့်ခြင်း –...

မြန်မာနိုင်ငံ၏ စာပေလောကနှင့် ပညာရေးလောကတွင် ထင်ရှားကျော်ကြားလှပြီး နိုင်ငံတော်အဆင့် စာပေဆုကြီးများကို ဆွတ်ခူးခဲ့သည့် စာရေးဆရာမကြီး ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) (ရေနံချောင်း) သည် ၂၀၂၆ခုနှစ်၊...

ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုအားလုံး ဖယ်ရှားနေခြင်းမဟုတ်၊ အချိုးအစားနှင့် ပုံသဏ္ဍာန်မမှန်သည့်...

လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြနေသကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း၏ အထိမ်းအမှတ်ရုပ်ထုများအားလုံးကို ဖယ်ရှားနေခြင်းမဟုတ်ဘဲ အချိုးအစား၊ ပုံသဏ္ဍာန်နှင့် အနုပညာဖော်ပြမှုများ သင့်လျော်မှုမရှိသည့် ရုပ်ထုများကိုသာ ဥပဒေနှင့်အညီ စိစစ်ပြင်ဆင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၂၆...

ဆီကန်များမှ စားသုံးဆီဖြန့်ဝေမှု စနစ်တကျဖြစ်ရေးနှင့် ဆီလက်ကျန်စာရင်း...

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (MITS) ၏ ဆီကန်ကြီးကြပ်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၉ ရက်က ကျင်းပခဲ့ပြီး ဆီကန်များမှ စားသုံးဆီနှင့်...
HomeNewsLocal Newsသီတင်းကျွတ် ရုံးပိတ်ရက်ကာလတွင် ပလင်းကမ်းသာယာဆင်စခန်းသို့...

သီတင်းကျွတ် ရုံးပိတ်ရက်ကာလတွင် ပလင်းကမ်းသာယာဆင်စခန်းသို့ လာရောက်လည်ပတ် လေ့လာနိုင်မည်ဖြစ်

လာမည့် သီတင်းကျွတ်ရုံးပိတ်ရက်ကာလတွင် ပလင်းကမ်းသာယာဆင်စခန်းသို့ လာရောက်လည်ပတ် လေ့လာနိုင်မည်ဖြစ်ကြောင်း အဆိုပါဆင်စခန်းမှ သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်ရင်း ညောင်ဦးမြို့မှ (၅)မိုင်အကွာ ညောင်ဦး-ပခုက္ကူ-မြင်းခြံကားလမ်းမကြီးဘေးအနောက် ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာ ဆင်စခန်းသို့ တဆက်တစပ်တည်း လာရောက်အပန်းဖြေလည်ပတ် လေ့လာနိုင်ကြောင်း သိရသည်။

မြန်မာပြည်အရပ်ရပ်တွင် ဖွင့်လှစ်ထားရှိသည့် ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး အခြေပြုခရီးသွားလုပ်ငန်း ဆင်စခန်း (၂၂)ခု အနက် တစ်ခုအပါအဝင်ဖြစ်ပြီး ပလင်းကမ်းသာယာဆင်စခန်းအား ၂၀၁၈ ခုနှစ်၊ မတ်လ (၂၈) ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပလင်းကမ်းသာယာဆင်စခန်းသည် ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားသည့်ဆင်စခန်းဖြစ်ကာ ဆင်စီးလမ်းကြောင်းကိုလည်း မြစ်ကမ်းဘေး ကမ်းပါးကုန်းမြင့် တလျှောက်တောတွင်း ဆင်စီးသည့်ပုံစံ ဆောင်ရွက်ထားပြီး ဧရာဝတီမြစ်ရှုခင်းအလှအား ဆင်စီးရင်းကြည့်ရှုနိုင်ကြောင်းသိရသည်။

ဆင်စခန်း ဝင်ကြေးအနေဖြင့် နိုင်ငံသားတစ်ဦးလျှင် (၁,၀၀၀) ကျပ်နှင့် နိုင်ငံခြားသား တစ်ဦးလျှင် (၁၀,၀၀၀)ကျပ်သတ်မှတ်ထားပြီး အသက် (၁၀)နှစ်အောက် ကလေးငယ်များ၊ ရဟန်း၊ သံဃာ၊ သီလရှင်များအား ဆင်စခန်းဝင်ကြေး ကင်းလွတ်ခွင့်သတ်မှတ်ထားကြောင်းနှင့် ဆင်စီးခအနေဖြင့် နိုင်ငံသားတစ်ဦးလျှင် (၅,၀၀၀)ကျပ်နှင့် နိုင်ငံခြားသားတစ်ဦးလျှ င် (၁၀,၀၀၀)ကျပ်သတ် မှတ်ထား ကြောင်းသိရသည်။

ဆင်စခန်းတွင် ဆင်ခြောက်ကောင်ရှိပြီး ဆင်ထီး နှစ်ကောင်၊ဆင်မ (၄)ကောင်ရှိကာ အသက်အကြီးဆုံး အသက် (၃၃) နှစ် နှင့် အသက်အငယ်ဆုံး ဆင်မှာ (၂)နှစ် (၁၀)လသားဖြစ်ကြောင်း သိရသည်။

ဆင်စခန်းသို့ လာရောက်လည်ပတ်သူများ အပန်းဖြေနားနေနိုင်ရန် ဧရာဝတီမြစ်ကမ်းဘေးတွင် လုံးခြင်းနားနေတဲငယ်များဆောင်ရွက်ထားကြောင်း၊ သစ်ပင်ကြီးများကြားတွင် လင့်စင်သဖွယ်တည်ဆောက်ထားသည့် (Tree House) တွင်လည်းလေညှင်းခံရှုခင်းကြည့်ရင်း အပန်းဖြေနိုင်ကြောင်းသိရသည်။

အစားအသောက်များ မှာယူသုံးဆောင်နိုင်ရန်လည်း အညာဒေသထွက် အသုပ်စုံများ၊ အအေးအချိုရည်၊ ကော်ဖီ၊ ထမင်း/ဟင်းလျာများလည်း ရရှိအောင်ဆောင်ရွက်ထားပြီး တဲများတွင် နားနေရင်း အစားအစာများ စိတ်အေးချမ်းသာစွာ မှာယူသုံးဆောင်နိုင်ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ-ရုရှားဆက်ဆံရေး(၃၅) နှစ်ပြည့် အထိမ်းအမှတ်ပွဲသို့ မြန်မာသံအမတ်ကြီး တက်ရောက်

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအ မတ်ကြီး ဦးကျော်စိုးမင်းသည် ဇူလိုင် ၉ ရက်တွင် ဖနောင်ပင်မြို့ရှိ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းသံအ မတ်ကြီး Mr. Anatoly Borovik၏ နေ အိမ်၌ကျင်းပသည့် အာဆီယံ-ရုရှားဆက် ဆံရေး (၃၅)နှစ်ပြည့် အထိမ်းအမှတ် ဧည့် ခံပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဧည့်ခံပွဲတွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အာဆီယံအဆင့်မြင့်အရာရှိကြီးဖြစ်သူ ဒုတိယဝန်ကြီး Mr. Kung Phoak၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများနှင့် ဖိတ်ကြားထားသည့် ဧည့် သည်တော်များလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာ့စာပေလောက၏ ကြယ်တစ်ပွင့် ကြွေလွင့်ခြင်း – အမျိုးသားစာပေတစ်သက်တာဆုရှင် စာရေးဆရာမကြီး ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) အသက် (၈၆) နှစ်တွင် ကွယ်လွန်

မြန်မာနိုင်ငံ၏ စာပေလောကနှင့် ပညာရေးလောကတွင် ထင်ရှားကျော်ကြားလှပြီး နိုင်ငံတော်အဆင့် စာပေဆုကြီးများကို ဆွတ်ခူးခဲ့သည့် စာရေးဆရာမကြီး ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) (ရေနံချောင်း) သည် ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၁၀ ရက် (သောကြာနေ့) နံနက် ၇:၀၀ နာရီတွင် ရန်ကုန်မြို့၌ ဘဝတစ်ပါးသို့ ကူးပြောင်းကွယ်လွန်သွားခဲ့ကြောင်း မိသားစုနှင့် စာပေအသိုင်းအဝိုင်းထံမှ ဝမ်းနည်းဖွယ်ရာ သိရှိရသည်။ ကွယ်လွန်ချိန်တွင် ဆရာမကြီးသည် အသက် (၈၆) နှစ် ရှိပြီဖြစ်ပြီး ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလပ်ကို လာမည့် ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်...

ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုအားလုံး ဖယ်ရှားနေခြင်းမဟုတ်၊ အချိုးအစားနှင့် ပုံသဏ္ဍာန်မမှန်သည့် ရုပ်ထုများကိုသာ ဥပဒေနှင့်အညီ စိစစ်ပြင်ဆင်နေ

လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြနေသကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း၏ အထိမ်းအမှတ်ရုပ်ထုများအားလုံးကို ဖယ်ရှားနေခြင်းမဟုတ်ဘဲ အချိုးအစား၊ ပုံသဏ္ဍာန်နှင့် အနုပညာဖော်ပြမှုများ သင့်လျော်မှုမရှိသည့် ရုပ်ထုများကိုသာ ဥပဒေနှင့်အညီ စိစစ်ပြင်ဆင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်မှစ၍ မြို့နယ်ပေါင်း ၁၀၀ ကျော်ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုများကို စိစစ်ခဲ့ရာ အချို့ရုပ်ထုများတွင် အချိုးအစား၊ ပုံသဏ္ဍာန်နှင့် အနုပညာဖော်ပြမှုများသည် သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦး၏ ဂုဏ်သိက္ခာနှင့် လျော်ညီမှုမရှိသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။ ယင်းကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ အထိမ်းအမှတ်ရုပ်ထုများကို ဂုဏ်သိက္ခာနှင့် လျော်ညီစွာ ထိန်းသိမ်းထားရှိနိုင်ရေး၊ နောင်လာနောက်သားများအနေဖြင့် သမိုင်းတန်ဖိုးနှင့် အစဉ်အလာကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071