သီတင်းကျွတ် ပိတ်ရက်အတွက် မြန်မာ့မီးရထားမှ ရန်ကုန် – ပြည် နှင့် ရန်ကုန်-မော်လမြိုင် အစုံ/အဆန် သွားလာမည့် အထူးရထား (၃)စီး တိုးချဲ့ပြေးဆွဲပေးမည်ဖြစ်ပြီး ကျန်ခရီးစဉ်များကိုလည်း ပုံမှန်အတိုင်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရထားလက်မှတ် ကြိုတင်ဝယ်ယူလိုသူများသည် အထက်တန်း(ပထမတန်း) လက်မှတ်များကို ခရီးသွားမည့်နေ့ မတိုင်မီ (၃)ရက်အလိုမှ စတင်ဝယ်ယူနိုင်ကာ ရိုးရိုးတန်းလက်မှတ်များကို ခရီးသွားမည့်နေ့ မတိုင်ခင် (၁)ရက်အလိုတွင် ကြိုတင်ဝယ်ယူနိုင်မည် ဖြစ်သည်။
ကြိုတင်လက်မှတ်များကို နေ့စဉ် နံနက် (၇)နာရီမှ (၃) နာရီအထိ ဗိုလ်ချုပ်လမ်းမကြီးပေါ် ရှိ Sakura Tower နှင့် ဝဇီရာရုပ်ရှင်ရုံရှေ့ မျက်စောင်းထိုးတွင်ရှိသော မြန်မာ့မီးရထားကြိုတင်လက်မှတ် အရောင်းဌာနများတွင် ဝယ်ယူနိုင်သည်။
ထို့အတူ နယ်မြို့များအနေဖြင့်လည်း သက်ဆိုင်ရာဘူတာများ၌ မှတ်ပုံတင်မူရင်းဖြင့် လူကိုယ်တိုင်လာရောက် ဝယ်ယူနိုင်ကြောင်း သိရသည်။
လက်မှတ်ဝယ်ယူရာတွင် ခရီးသွားမည့် ခရီးသည်တစ်ဦးလျှင် ကိုယ်တိုင် မှတ်ပုံတင်မူရင်း(၃)ခု ယူဆောင်လာ၍ လက်မှတ်သုံးစောင်ကို တစ်ခါတည်းဝယ်ယူနိုင်ကာ Online System ဖြင့် လက်မှတ်ရောင်းချခြင်းစနစ်နှင့် ဖုန်းဖြင့် Booking ကြိုယူထားခြင်းစနစ်များ မရှိသေးကြောင်း သိရသည်။
