Monday, May 12, 2025

ကျောက်ဆည်မြို့နယ်အတွင်း ကျရောက်နေသည့် ရမန်းချောင်းကို ကြိုးပြင်ကာကွယ်တောအဖြစ်...

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ဧက (၃) ထောင်ကျော်ကျယ်ဝန်းသောနယ်မြေကို "ရမန်းချောင်းကြိုးပြင်ကာကွယ်တော"အဖြစ် သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့်...

ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေး လုပ်ငန်းတွင်...

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်း ဆောက်လုပ်နေသည့် ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေးလုပ်ငန်းများသည် ပင်းမာကမ်းနှင့်ထမံသီကမ်းအထိ တံတားဆက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ယင်းချင်းတွင်းမြစ်ကူး တံတား(ထမံသီ)ကို ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့်...

ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေး ပူတင်အဆိုပြု

မေလ ၁၅ ရက် နေ့၌ တုကီ‌ယေးနိုင်ငံတွင် ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေးကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မေလ ၁၁ ရက်နေ့တွင်...

ငလျင်ဒဏ်သင့် မန္တလေးပြည်သူ့ဆေးရုံကြီး ကိုးထပ်ဆောင် ပြန်လည်ဖွင့်လှစ်နိုင်ပြီဟုဆို

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ပျ-က်စီးမှုများရှိခဲ့သည့် မန္တလေးပြည်သူ့ဆေးရုံကြီးရှိ အထွေထွေရောဂါကု (၉) ထပ်ဆောင်ကို ပြန်လည်ဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်း...
HomeCelebrities' Newsသီတင်းကျွတ်မှာချစ်သူနဲ့ လျှောက်လည်ချင်တယ်ရွှေပိုးအိမ်

သီတင်းကျွတ်မှာချစ်သူနဲ့ လျှောက်လည်ချင်တယ်ရွှေပိုးအိမ်

ရိုးရိုးယဉ်ယဉ်လေးနဲ့ အမြဲတမ်း လှပနေသူက ရွှေပိုးအိမ်ပါ။ မကြာမီအခါသမယမှာ သီတင်းကျွတ် အချိန်အခါကို ရောက်ရှိလာ တော့မှာဆိုတော့သီတင်းကျွတ်နဲ့ပတ်သက်တဲ့ အမှတ်တရ အကြောင်း လေးတွေကို မေးမြန်းကြည့်တဲ့အခါ ရွှေပိုး အိမ်က…

”မီးရှူး၊ မီးပန်းဖောက်တာမျိုး၊ မီးပုံးပျံကြီးတွေ လွှတ်တာမျိုး၊ အဘိုး၊ အဘွား၊ အဖေ၊ အမေကို ကန်တော့ လို့ မုန့်ဖိုးရတာမျိုးတွေက တော့ သီတင်းကျွတ်နဲ့ပတ်သက်ပြီး ငယ်ဘဝ အမှတ်တရတွေပါ။ အခုအ သက်အရွယ်မှာ မီးရှူး၊မီးပန်းတွေ လည်း မဖောက်ချင်တော့ ဘူး။ ဘာလို့လဲဆိုရင် ပိုက်ဆံကုန်တယ် လေ(ရယ်လျက်)။ သူများတွေ ဖောက်ကြတာကို ထိုင်ပြီးပဲ ကြည့် နေတော့မယ် ။ သီတင်းကျွတ်မှာ ချစ်သူနဲ့တော့ လျှောက်မလည်ဖူးဘူး။ ရွှေပိုးလည်း ချစ်သူနဲ့ လျှောက်လည် ချင်တယ်။ သီတင်းကျွတ်ဆိုရင် မိသားစုနဲ့အတူတူ ဘုရားဖူးသွား တာမျိုးပဲ ရှိတယ်။ အခုအချိန်ထိတော့ သီတင်းကျွတ် ချိန်ခါမလည်ဖူးသေး ဘူး။ ဝါကျွတ်ပြီဆိုရင် မင်္ဂလာဆောင်တွေမှာ မင်္ဂလာပန်း ကြဲပေးရတာမျိုး၊ လက်စွပ်ဗန်းကိုင် ပေးရတာမျိုး၊ သတို့သမီးအရံလုပ် ပေးရတာမျိုးတွေတော့ရှိတယ်။ ဝါကျွတ် တော့မယ်ဆိုတော့ သတို့ သား၊ သတို့သမီးတွေအတွက် စောင့်နေရ တဲ့နေ့လေး ရောက်လာတော့ မှာဆိုတော့ သူတို့တွေအတွက် တအားပျော်ဖို့ကောင်းမှာပါ” လို့ ပြောပြပါတယ်။

ရွှေပိုးအိမ်ရဲ့ စိတ်ကူးအိပ်မက်ထဲက မင်္ဂလာပွဲလေးက ဘယ် လိုမျိုးဖြစ်မလဲလို့ မေးမြန်းကြည့်တော့….

”ရွှေပိုးမင်္ဂလာဆောင်ရင်လည်း အကုန်ထူးထူးဆန်းဆန်းလေး လုပ် ချင်တယ်။ မိန်းကလေးတိုင်းရဲ့အိပ်မက်ဆိုတော့ မင်္ဂလာပွဲအစ အဆုံးကို ထူးထူးဆန်း ဆန်းလေးလုပ်ဖို့ စဉ်း စားထားတယ်။ အိမ်ထောင်ဖက်ကို ရွှေပိုးကတော့ ဘာစံနှုန်းမှ မသတ် မှတ်ထားဘူး။ ရွှေပိုးကို တကယ် တမ်းချစ်ပြီး ရွှေပိုးအလုပ်ကို နား လည်မှုအပြည့်အဝ ပေးနိုင်မယ့် သူမျိုးကို ရွေးချယ်ဖြစ်သွားမှာပါ။ ကိုယ်ကိုယ်တိုင်လည်း တကယ်တမ်းကောင်းနေမှ ကိုယ့်အပေါ်ကောင်း တဲ့သူမျိုးကို ရမှာပါ။ ရွှေပိုးက ပရိသတ်ရင်ထဲမှာ ရွှေပိုးအိမ်ဆိုတဲ့ နေရာလေးတစ်နေရာ ရောက်မှသာ ရွှေပိုးရဲ့မင်္ဂလာကိစ္စကို စဉ်းစားမှာပါ။ ဘယ်အချိန် စဉ်းစားဖြစ်မယ်ဆို တာလည်း ရွှေပိုးမသိသေးဘူး။ အချိန်အတိုင်း အတာတစ်ခု ရောက် မှသာ ရွှေပိုးစဉ်းစားမှာပါ။ အခုအချိန်ထိတော့ မစဉ်းစားဖြစ်သေးပါ ဘူး။ ရွှေပိုး အခုချိန်မှာ အနုပညာအလုပ်၊ မိသားစု၊ ရွှေပိုးကို ချစ်တဲ့ပရိ သတ်ကြီးတွေ အတွက်ပဲအချိန်တွေ ပေးထားပါတယ်” လို့လည်း ရွှေပိုး အိမ်က ပြောပြခဲ့ပါတယ်။

 

ခိုင်ဝါဝင်း

ဓာတ်ပုံ – မင်းမင်းထွန်း

Ads Space Available


Continue reading

ကျောက်ဆည်မြို့နယ်အတွင်း ကျရောက်နေသည့် ရမန်းချောင်းကို ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ဧက (၃) ထောင်ကျော်ကျယ်ဝန်းသောနယ်မြေကို "ရမန်းချောင်းကြိုးပြင်ကာကွယ်တော"အဖြစ် သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။ ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တော ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င)အရအပ်နှင်း ထားသောလုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ကျောက်ဆည်မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၃,၇၇၁) ဧကရှိသောနယ်မြေကို "ရမန်းချောင်း ကြိုးပြင်ကာကွယ်တော" အဖြစ် ဧပြီလ (၃၀)ရက်မှစ၍ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ သတ်မှတ်ခြင်းဖြင့် အဆိုပါဧရိယာအတွင်း ပေါက်ရောက်လျက်ရှိသော သဘာဝပေါက်ပင်များဖြစ်သည့် ပျဉ်းကတိုး၊ ပိတောက်၊ အင်ကြင်း၊...

ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေး လုပ်ငန်းတွင် ပင်းမာကမ်းနှင့် ထမံသီကမ်းအထိ တံတားဆက်ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်း ဆောက်လုပ်နေသည့် ချင်းတွင်းမြစ်ကူးတံတား (ထမံသီ) တည်ဆောက်ရေးလုပ်ငန်းများသည် ပင်းမာကမ်းနှင့်ထမံသီကမ်းအထိ တံတားဆက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ယင်းချင်းတွင်းမြစ်ကူး တံတား(ထမံသီ)ကို ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ လေရှီးမြို့- ပန်ဆပ် - ဆွမ္မရာမြို့လမ်းပေါ်တွင် ချင်းတွင်းမြစ်အားဖြတ်၍ တည်ဆောက်နေခြင်းလည်း ဖြစ်သည်။ ထိုမြစ်ကူးတံတား(ထမံသီ) တည်ဆောက်ပြီးစီးပါက ဟုမ္မလင်းမြို့နယ်နှင့်လေရှီးမြို့နယ်တို့မှ ဒေသခံပြည်သူများသည် ကူးသန်းသွားလာမှုလွယ်ကူမြန်ဆန်လာမည်လည်း ဖြစ်သည်။ ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)သည် သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ပြီး တံတားအရှည် ၈၀၁ မီတာ၊ အကျယ် ၉.၄ မီတာ၊ တံတားအခန်းပေါင်း ၁၅ ခန်း၊ ရေလမ်းကင်းလွတ်...

ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေး ပူတင်အဆိုပြု

မေလ ၁၅ ရက် နေ့၌ တုကီ‌ယေးနိုင်ငံတွင် ယူကရိန်းနှင့် တိုက်ရိုက်ဆွေးနွေးရေးကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မေလ ၁၁ ရက်နေ့တွင် အဆိုပြုခဲ့ပြီး ရေရှည်တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေးတစ်ရပ်ကို ဖော်ဆောင်ရန် ရည်ရွယ်သင့်ကြောင်း သူကပြောကြားခဲ့သည်။ စစ်ပွဲအဆုံးသ-တ်ရေးအတွက် လက်ရှိအထိ လိုက်လျောမှုအနည်းငယ်သာ ကမ်းလှမ်းထားသော ရုရှားခေါင်းဆောင်က တုကီယေးနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ပြုလုပ်မည့် ဆွေးနွေးမှုများသည် လက်နက်ပြန်လည်အင်အားဖြည့်ခွင့်ပေးသည့် အပစ်ရပ်ခြင်းမျိုးထက် စစ်ပွဲ၏အကြောင်းရင်းဇစ်မြစ်ကို ဖြေရှင်းကာ ရေရှည်ငြိမ်းချမ်းရေး ရရှိရန်ရည်ရွယ်ရမည်ဖြစ်သည်ဟု ဆိုခဲ့သည်။ “ကြိုတင် စည်းကမ်းသတ်မှတ်ချက်များ မထားရှိဘဲ ကိဗ်နှင့် တိုက်ရိုက်ညှိနှိုင်းမှုများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071