ပရိသတ်တွေရဲ့ ချစ်ခင်အား ပေးမှုနဲ့ အတူအနုပညာလမ်းကြောင်း ပေါ်လျှောက်လှမ်းနေသူကတော့ အဆိုတော် ဘီလီလမင်းအေးပါ။ သူကတော့ ‘ရှုံးမပေးတဲ့ ဝိညာဉ်’ တစ်ကိုယ်တော်စီးလည်း ထွက်ရှိခဲ့ပြီ ဖြစ်သလို တေးစီးထဲမှာပါရှိတဲ့ သီချင်းတွေကိုလည်း MTV အဖြစ် ရိုက်ကူးပုံဖော်ပြီး တစ်ပုဒ်ချင်းစီပရိ သတ်ဆီ အရောက်ပို့နေပါသေးတယ်။ မကြာသေးမီကလည်း သူမရဲ့ တစ် ကိုယ်တော် တေးစီးရီးထဲက သီချင်း တစ်ပုဒ်ဖြစ်တဲ့ တစ်နေ့ MTV သီချင်း တစ်ပုဒ်ကို ရိုက်ကူးပုံဖော်ပြီး သူ့ရဲ့ လူမူကွန်ရက် facebook စာမျက် နှာပေါ်က ပရိသတ်ဆီအရောက်ပို့ခဲ့ ပါတယ်။ သူကတော့ Shwe FM 9th Anniversary ရဲ့ သီချင်းတောင်း ဆိုမှု အများဆုံးအမျိုးသမီး တေးသံ ရှင်ဆုကို ‘တိုင်းရင်းသူလေး ကျွန်မ’ သီချင်းနဲ့ ပိုင်ဆိုင်ခဲ့သူပါ။ တေးစီးရီး ထွက်ပြီး တစ်နှစ်အတွင်းမှာ ပရိသတ် ပေးတဲ့ ဆုကိုပိုင်ဆိုင်ခွင့်ရခဲ့တဲ့ သူ့ ရဲ့ခံစားမှုကိုလည်း အဆိုတော် ဘီလီ လမင်းအေးက ခုလိုပြောပြခဲ့ပါတယ်။
”အမှန်တော့ ဖူးတဲ့ဒီနေ့ပွဲသွား တုန်းက ဆုရမယ်လို့လုံးဝ မျှော်လင့် မထားပါဘူး။ ဒါပေမဲ့ ပရိသတ်ကြီးက ဖူးကိုဖန်တီးပေးလိုက်တာပေါ့နော်။ ပရိသတ်က တစ်နှစ်လုံးဇွဲရှိရှိနဲ့ ဖူးသီ ချင်းတွေတောင်းခဲ့တဲ့ဆုဖြစ်တယ် ပေါ့နော်။ ပရိသတ်တွေက ဖူးကိုချစ် လို့ ပေးတဲ့ဆုဖြစ်တဲ့အတွက် အရမ်းပီ တိဖြစ်မိပါတယ်။ ဖူးရဲ့ သီချင်းခွေ ထွက်လာပြီး တစ်နှစ်အတွင်းမှာ ဒီဆုလေးကိုရခဲ့တယ်။ ဒီဆုလေးကဖူး အတွက် မှတ်တိုင်တစ်ခုဆိုတာထက် ဖူးကို ချစ်ခင်အားပေးတဲ့ ပရိသတ် တွေရှိတယ်ဆိုတာလည်း သိခွင့်ရလိုက် သလိုဆက်ပြီတော့လည်း အများ ကြီးကြိုးစားရဦးမယ် ဆိုတဲ့အရာကို လည်း သိရှိလိုက်ရပါတယ်” လို့ပြော ပြခဲ့ပါတယ်။
မကြာခင်မှာ City FM ပွဲကျင်းပပြုလုပ်တော့မှာဖြစ်တဲ့အတွက် City FM နဲ့ပတ်သက်ပြီး ရင်ခုန်မှု ကိုလည်း မေးမြန်းဖြစ်ခဲ့ပါတယ်။
”Shwe FM တို့ဆိုတာဖူးတို့အရင်အတည်းကပရိသတ်တစ်ယောက်အနေနဲ့ အမြဲတမ်းကြည့် ခဲ့ရတဲ့ပွဲတွေပေါ့။ အကယ်ဒမီပွဲလို မျိုး ရင်ခုန်ရတဲ့ပွဲတွေပေါ့။ ဒါပေမဲ့ City FM မှာလည် တက်ခွင့်ရမယ်ဆို တက်ချင်ပါတယ်။ ဆုကတော့ ဖူးမ မျှော်လင့်ရဲပါဘူး။ ဖူးရှေ့ကစီနီယာ တွေလည်း အများကြီးရှိနေတဲ့အတွက် ဖူးကတော့မမျော်လင့်ရဲပါဘူး” လို့ ဆိုပါတယ်။
နှစ်သစ်မှာလည်း အနုပညာ အလုပ်တွေကို ကြိုးစားလုပ်ဆောင်သွားမှာဖြစ်ကြောင်း အဆိုတော်ဘီလီ လမင်းအေးက ပြောပြခဲ့ပါသေးတယ်
သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်