Sunday, July 13, 2025

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး...

စင်ကာပူ တာတိုဖလား ကနူး /...

စင်ကာပူနိုင်ငံတွင် ယနေ့ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး / ကယက်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးပါက ကူညီရန် မိတ်ဖွဲ့အဖွဲ့အစည်းများဖြင့်...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးရေ လျှံဖြစ်ပွားပါက ကူညီကယ်ဆယ်နိုင်ရန် မိတ်ဖွဲ့ အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်မည့် ကယ် ဆယ်ရေးသုံးစက်လှေများကိုလည်း အဆင်သင့် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်ငူအခြေစိုက်လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက...

ရလဒ်များကို သင်ခန်းစာယူ၍ လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးကြိုးစားသွားရန်...

ပြီးခဲ့သည့် ပြိုင်ပွဲများတွင် ကြုံတွေ့ခဲ့သည့် ရလဒ်ဆိုးများကို သင်ခန်းစာယူ၍ လာမည့်ပြိုင်ပွဲများ၌ အကောင်းဆုံးယှဉ် ပြိုင်ကြိုးစားသွားရန် အမျိုးသမီးဘောလုံး ကော်မတီဥက္ကဌ ဒေါ် ခင်စံပယ်ကြည် က...
HomeCelebrities' Newsသီချင်းခွေထုတ်ဖို့အမေနဲ့တိုင်ပင်နေတုန်းပာ ချမ်းမြေ့မောင်ချို

သီချင်းခွေထုတ်ဖို့အမေနဲ့တိုင်ပင်နေတုန်းပာ ချမ်းမြေ့မောင်ချို

Myanmar Idol Season-3 ပြိုင်ပွဲမှာ ပရိသတ် အားပေး ချစ်ခင်မှုကို တစ်ခဲနက်ရရှိခဲ့တဲ့ ပြိုင်ပွဲဝင်ကတော့ ချမ်းမြေ့ မောင်ချိုပဲ ဖြစ်ပါတယ်။ သူ့ရဲ့အသံချိုချိုလေးနဲ့ ပရိ သတ်တွေကို ဖမ်းစားနိုင်ပြီး ပြိုင်ပွဲဝင်တွေထဲမှာ အသက်အငယ်ဆုံးပြိုင်ပွဲ ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။ Myanmar Idol Season-3 ရဲ့ ဖိုင်နယ်ပြိုင်ပွဲ မတိုင်ခင်ကတည်းက ချမ်းမြေ့မောင်ချိုဟာ သုခကမ္ဘာ ဆေးရုံကြီးမှာ ကျန်းမာရေးအရ ဆေး ကုသမှုခံယူခဲ့ရ ပါတယ်။ သူဟာ ပြိုင်ပွဲကို လူနာတင်ယာဉ်နဲ့ လာခဲ့ရတာ ဖြစ်ပြီး နေမကောင်းတဲ့ကြားက ပရိသတ်အတွက် သီချင်းတစ်ပုဒ်သီဆိုဖျော်ဖြေပေးသွားခဲ့ပါတယ်။ အဆိုပါပြိုင်ပွဲ မှာချမ်းမြေ့မောင်ချိုက 1st Runner Up ဆုကို ရရှိခဲ့ပြီး Winner ဆုကိုတော့ ဖြိုးမြတ် အောင်က ရရှိခဲ့ပါတယ်။Winner ဆုရရှိခဲ့တဲ့ ဖြိုးမြတ် အောင် အတွက်လည်း ချမ်းမြေ့မောင်ချိုက အခုလို ဂုဏ်ပြုစကားပြော ပါတယ်။

“တအားဝမ်းသာပါတယ်။ Winner ဆုကသူနဲ့လည်း ထိုက်တန်တယ်။ သူဘယ် လောက်ကြိုးစား ထားလဲဆိုတာ ပရိသတ် ကြီး လည်းသိပါတယ်။ အဲဒီနေ့က ‘သင့်အ တွက် မနက်ဖြန်’ဆိုတဲ့ သီ ချင်းကိုသိပ်ဆို ချင်ခဲ့တာ။ Winner ရမှ ဒီသီချင်းရမှာ ဆိုတော့ မနည်းမရရအောင် လာရောက် ပြီး သီဆိုဖြစ်ခဲ့တာ။ တစ်ပုဒ်လုံး ကောင်း ကောင်း ပြီးဆုံးအောင် သီဆိုနိုင်ခဲ့တော့ တအားလည်း ပျော်ပါတယ်။ ညီမကို ကိုဖြိုးမြတ်အောင်က ဒီသီချင်းကို လက်ဆောင်ပေး လိုက်တော့ ဒုတိယ ဆုရတာထက်တောင် ပိုပြီးတော့ ပျော်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။ ပြိုင်ပွဲကလည်း ပြီးသွား ပြီဆိုတော့ အနုပညာအလုပ်တွေ ဆက်လက်လုပ် ကိုင်သွား ဖို့အစီအစဉ်ရှိလား။ သီချင်းခွေလုပ်ဖို့ရော အမေနဲ့တိုင် ပင်ဖြစ်လား ဆိုတာကို ချမ်းမြေ့မောင်ချိုက…

“သီချင်းခွေထွက်ဖို့တော့ နည်းနည်းကြာဦးမယ်။ သီချင်းတစ်ပုဒ်စ၊ နှစ် ပုဒ်စလောက်ပဲ လုပ်ဖို့ အစီအစဉ်ရှိ ပါတယ်။ အရွယ်သုံးပါးကြိုက်မယ့် ပုံစံလေးတွေဆို ဖြစ်မှာပါ။ သီချင်းခွေ လုပ်ဖို့ကတော့ အမေနဲ့ တိုင်ပင်နေတုန်းပါ”လို့ ပြောပြခဲ့ပါတယ်။ ပြိုင် ပွဲယှဉ်ပြိုင်နေစဉ် တစ် လျှောက်မှာ အဖေကလည်း သင်္ဘောပေါ်ကနေ အားတက် အောင် အားပေးတယ်ဆိုတဲ့ ချမ်းမြေ့မောင်ချိုက…

“ပြိုင်ပွဲယှဉ်ပြိုင်နေစဉ် တစ် လျှောက်လုံး အဖေက အနားမှာမရှိပေမယ့် သင်္ဘောပေါ်ကနေ သူ အချိန်ရရင်ရသလို ကြည့်ရှုပြီး အားပေးတယ်။ အဖေလည်း ပြန်လာ တော့မှာဆိုတော့ စောင့်နေပါတယ်။ Party လုပ်ဖို့”လို့ ပြောပြခဲ့ပါ သေးတယ်။ ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတစ်လျှောက် အကြိုက်ဆုံး ပြိုင်ပွဲဝင်တွေ ရှိခဲ့လား။ နောက် Season မှာ ပါဝင်ယှဉ်ပြိုင်မယ့် ပြိုင်ပွဲဝင်တွေအတွက် အကြံပေးစကားပြော ပေးပါဦးဆိုတော့ ချမ်းမြေ့မောင်ချိုက “ပြိုင်ပွဲဝင် တွေ အကုန်လုံးကို ကြိုက်ပါတယ်။ အကုန်လုံးက ကိုယ့်အရည် အချင်း နဲ့ကိုယ် ရှိကြတော့ အကုန်လုံးကို သဘောကျတယ်။ အကုန်လုံးက စည်းစည်းလုံးလုံးနဲ့ တအားလည်း ဂရုစိုက်ကြတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ Stress အဲဒီလောက် မထားဘဲနဲ့ ကိုယ်ချစ်တဲ့အလုပ်ကို အကောင်း ဆုံးဖြစ်အောင် ယှဉ်ပြိုင်ကြပါ”လို့ ပြောပါတယ်။ ပြိုင်ပွဲတစ်လျှောက် အားပေးကြတဲ့ ပရိသတ်ကြီး အကုန်လုံးကို ကျေးဇူးအများကြီး တင်ပြီး သီချင်းတွေလည်း ဆက်လက်လုပ်သွားဖို့ရှိတာကြောင့် အားပေးကြပါဦး လို့လည်း ချမ်းမြေ့မောင်ချိုက ပြောပြခဲ့ပါသေးတယ်။

ခိုင်ဝါဝင်း

Ads Space Available


Continue reading

ငါးသယံဇာတတိုးပွားစေရန် ရေဆင်းဆည်ထဲကို ငါးမျိုး(၁)သိန်းစိုက်ထည့်

ငါးသယံဇာတများတိုးပွားစေရန် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများမှ ယနေ့ ဇူလိုင် ၁၂ ရက်ညနေပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်းဆည်အတွင်းသို့ ငါးမျိုး စိတ်(၁)သိန်းကို စိုက်ထည့်ပေးခဲ့ကြသည်။ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့မှလည်း ငါးမျိုးစိတ်များကိုစိုက်ထည့်ပေးခဲ့သည်။ ယနေ့တွင် ရေဆင်းဆည်အတွင်းသို့ (၂)လက်မအရွယ် ရွှေဝါငါးချင်းကောင်ရေ(၅,၀၀၀)၊ ငါးမြစ်ချင်းကောင်ရေ(၄၅,၀၀၀)၊ ငါးခုံးမကြီးကောင်ရေ (၅၀,၀၀၀)(စုစုပေါင်း ငါးမျိုးကောင်ရေ (၁၀၀,၀၀၀)ကို /စိုက်ထည့်ပေးခဲ့ကြသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လအထိ ရေ ဆင်းဆည်အတွင်းသို့ ငါးမျိုးစိတ်စိုက်ထည့်မှု (၁၀) ကြိမ်နှင့် ယခုအကြိမ်အပါအဝင်(၁၁)ကြိမ်၌...

စင်ကာပူ တာတိုဖလား ကနူး / ကယက် လှေလှော်ပြိုင်ပွဲတွင် မြန်မာ‌ ရွှေသုံးခု ၊ ‌ငွေတစ်ခု ၊‌ ကြေးသုံးခုရရှိထား

စင်ကာပူနိုင်ငံတွင် ယနေ့ ဇူလိုင် ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပ‌နေသော‌ စင်ကာပူ တာတိုဖလား ကနူး / ကယက် လှေလှော်ပြိုင်ပွဲ (2025 Singapore Sprint Cup)၌ မြန်မာနိုင်ငံကိုယ်စားဝင်ရောက်ယှဉ်ပြိုင်သည့် လှေလှော်အားကစားအဖွဲ့‌မှာ ရွှေသုံးခု ၊ ‌ ငွေတစ်ခု ၊ ကြေးသုံးခု ဆွတ်ခူးရရှိထား‌ကြောင်းသိရသည်။ အဆိုပါ ပြိုင်ပွဲတွင် U17 + U18 ကယက် တစ်ယောက်လှော် မီတာ ၁၀၀၀ ပြိုင်ပွဲ၌‌ မြန်မာမှ ဇေယျာထွန်းက ပထမ(ရွှေတံ...

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးပါက ကူညီရန် မိတ်ဖွဲ့အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင် ဆင်ထား

တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးရေ လျှံဖြစ်ပွားပါက ကူညီကယ်ဆယ်နိုင်ရန် မိတ်ဖွဲ့ အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်မည့် ကယ် ဆယ်ရေးသုံးစက်လှေများကိုလည်း အဆင်သင့် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်ငူအခြေစိုက်လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက ပြောသည်။ လက်ရှိ တောင်ငူမြို့ စစ်တောင်းမြစ်ရေသည် ယနေ့ နံနက် ၆နာရီခွဲအချိန်၌ ၄၆၀ စင်တီမီတာသို့ ရောက်ရှိနေပြီး ၂၄ နာရီအတွင်း ၆၅ စင်တီမီတာ ထပ်မံမြင့်တက်လာခြင်းဖြစ်သည်။ တောင်ငူမြို့ စစ်တောင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်မှာ ၆၀၀ စင်တီမီတာတွင်ရှိသည်ဟုဆိုသည်။ " ကျွန်တော်တို့ မိတ်ဖက်အဖွဲ့တွေ ပူး ပေါင်းပြီး စုဖွဲ့ပြင်ဆင်တာရှိသလို အချို့ အသင်းအဖွဲ့တွေလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071