The Voice Myanmar သီချင်းဆို ပြိုင်ပွဲက ပရိသတ်တွေကြား ရေပန်းစားနေတဲ့ သီချင်းဆိုပြိုင်ပွဲ တွေထဲမှာ တစ်ခုအပါအဝင်ပါပဲ။ ဒီ ပြိုင်ပွဲရဲ့ ဒိုင် ၄ ဦးကတော့ ရန်ရန် ချန်း၊ ကျားပေါက်၊ လင်းလင်းနဲ့ နီနီ ခင်ဇော်တို့ပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲက ခံစားမှုရသမျိုးစုံ ပေးစွမ်းသလို ဒိုင် တွေအတွက်လည်း ရင်ခုန်မှု၊ စိတ် လှုပ်ရှားမှု၊ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု စတဲ့ ခံစားမှုတွေကို အပြည့်အဝ ခံ စားရပါကြောင်း ဒိုင်တစ်ဦးဖြစ်တဲ့ ရန်ရန်ချန်းက ပြောပါတယ်။
”တချို့က တအားကြီးကို ညွန့် နေအောင်ကောင်းတယ်။ အဲဒီလိုလူ မျိုးနဲ့ကျတော့ ကိုယ်က သူတို့ကို သင် ပြတယ်ဆိုတာထက် အတွေ့အကြုံ တွေ မျှဝေတဲ့သဘောပေါ့။ သူတို့ သတိမထားမိတဲ့ လစ်ဟာကွက်လေး တွေကို လိုက်ပြီးထောက်ပြပေးရုံ လောက်ပါပဲ” လို့ ပြိုင်ပွဲဝင်တွေနဲ့ပတ် သက်လို့ ရန်ရန်ချန်းက ပြောပါတယ်။ ပြိုင် ပွဲမှာ Winner ဖြစ်သွားခဲ့ပြီဆိုရင် လည်း ဒီဆုက ရလဒ်မဟုတ်သေးဘဲအတွေ့အကြုံတစ်ခုယူကြတဲ့သဘောပဲဖြစ်ကြောင်း သူက ထပ်လောင်း ပြောပြခဲ့ပါတယ်။
သီချင်းဆိုပြိုင်ပွဲတွေ ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင် တော့ သီချင်းဆိုတတ်တာတစ်ခု တည်းနဲ့မရနိုင်ဘဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့လိုသလို ရဲတင်းဖို့ လိုပါ ကြောင်း၊ ပရိသတ်တွေကို ဖျော်ဖြေ တတ်ဖို့လိုအပ်ပြီး ကိုယ်နဲ့ တကယ် လိုက်ဖက်မယ့် ဂီတအမျိုးအစားကို ရွေးချယ်တတ်ဖို့လိုအပ်သလို ပျော် ရွှင်စွာနဲ့ သီဆိုစေချင်ကြောင်း၊ ဒါ့အပြင် ဒီဂီတလောကထဲမှာနေပြီး ဒီလောကထဲမှာ လုပ်ချင်လို့ကို လုပ် နေရမယ်ဆိုတဲ့ စိတ်ဓာတ်မျိုး ရှိဖို့လို ကြောင်း ရန်ရန်ချန်းက အကြံပြုစ ကားပြောခဲ့ပါသေးတယ်။
လင်းအက္ခရာ