သိထားသင့်တဲ့ အသက်အရွယ်အလိုက် လုံလောက်တဲ့ အိပ်ချိန်များ

အသက်အရွယ်ကြီးလာလေ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တဲ့အချိန် ဟာ လည်း လျော့နည်းလာလေ ဖြစ်တာကို သင့်ကိုယ်သင်သတိထားလာ မိပါသလား။
ဒါ ့အပြင် အိပ်စက်ချိန်များတဲ့နေ့မှာလည်း လူကို၁၀၀ရာခိုင်နှုန်းကြည် လင်လန်းဆန်းနေစေတယ် လို့မခံစားမိစေပြန်ပါဘူး။ အကြောင်းကတော့ အသက်အရွယ်ကြီးလာတာနဲ့အမျှ နှစ်နှစ်ခြိုက်အိပ် ပျော်တဲ့အချိန် ဟာ လည်း ပြောင်းလဲလာခြင်းပဲဖြစ်ပါတယ်။ ဘယ်အသက်အရွယ်မှာ ဘယ် လောက် ကြာတဲ့အိပ်ချိန်အိပ်စက်မှ လုံလောက်တဲ့အနားယူချိန်ဖြစ် မလဲဆိုတာ အောက်မှာဖော်ပြပေးလိုက် ပါတယ်။
အမေရိကန်နိုင်ငံ အမျိုးသားအိပ်စက်ရေးဖောင်ဒေးရှင်း( National Sleep Foundation ) က ဖော်ပြ ထားတဲ့ အသက်အရွယ်လိုက် လို အပ်တဲ့ အိပ်စက်ချိန်ကို အောက်ကအတိုင်း အသက်အရွယ် အလိုက် ဖော်ပြထားပါတယ်။
(၁)။ မွေးကင်းစကလေးငယ်( ၀-၃ လ ) ဟာ တစ်နေ့ကို ၁၄-၁၇နာရီကြာအိပ်စက်ပေးရပါမယ်။
(၂)။ ကလေးငယ်( ၄လ-၁၁ လ ) အရွယ်အဖို ့တစ်နေ့ကို ၁၂-၁၅ နာရီ ကြာအိပ်စက်ပေးရပါမယ်။
(၃)။ ကလေးငယ်( ၁နှစ်မှ ၂နှစ် အရွယ်) အရွယ်အတွက် ၁၁-၁၄နာရီ ကြာအိပ်ချိန် ပေးရပါမယ်။
(၄) ကလေးငယ် ( ၃နှစ်မှ ၅နှစ်အထိ)များ ၁၀-၁၃နာရီ ကြာအိပ်ချိန် အိပ်စက်ရပါမယ်။
(၅)။ ကလေးများ (၆နှစ်မှ ၁၃နှစ်ထိ) ဟာ ၁၁နာရီကြာအိပ်ချိန် အိပ်စက်ပေးရပါမယ်။
(၆)။ လူငယ်များ( ၁၄နှစ် ၁ရနှစ်) ဟာ ဆယ်ကျော်သက်အရွယ်များဖြစ် ပြီး ၈-၁၀နာရီကြာ အိပ်ချိန်ပေးရပါမယ်။
(၇)။ အသက်၁၈ကနေ ၂၅နှစ်အထိ အရွယ်ရှိသူတွေအဖို ့ ရ-၉နာရီ ကြာ အိပ်ချိန်ေ့းရမှာ ဖြစ်ပါတယ်။
(၈)။ လုပ်ငန်းခွင့်ဝင်အရွယ်ဖြစ်တဲ ့ အသက်၂၆နှစ်ကနေ ၆၄နှစ် အထိ ဟာလည်း ရ-၉နာရီကြာ အိပ်ချိန် ရှိရပါမယ်
(၉)။ ၆၅နှစ်အထက်သက်ကြီးပိုင်းများကတော့ ရ-၈နာရီကြာအိပ် ချိန် ရှိရမှာ ဖြစ်ပါတယ်။
အထက်က ဖော်ပြလိုက်တဲ့ အိပ်ချိန်ဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက် အသင့်တော်ဆုံး နည်း လမ်းဖြစ်ပါတယ်။ သို့သော် တချို့အကြောင်း ကြောင်းတွေကြောင့် ၁နာရီစာအတိုး အလျော့ပြု လုပ်လို့ရပါတယ်။ ဥပမာ ဆယ်ကျော်သက်နဲ့ လုပ်ငန်းခွင်ဝင်သူများဟာ ၆နာရီ(သို့မဟုတ်) ၁၀နာရီကြာအိပ်ချိန်ဟာလည်းအိပ်ချိန်နည်းကြောင်းများကြောင်းကောက် ချက်ချမသတ်မှတ်ပါဘူး ။
ကိုယ်တွေသိထားကြတဲ့ လူတစ်ယောက်အိပ်ချိန်ဟာ ၆-၈နာရီရှိရ မယ် ဆိုတဲ့အချက်နဲ့ အနည်းငယ် ကွဲနေတာ တွေ့ရပါမယ်။ ဒါ ့အပြင်တစ်နေ့ ကို ၆နာရီကြာတဲ့နေစဉ်ဆက်တိုက်အိပ်စက် အိပ်ချိန် ်မရှိသူများဟာ အိပ်ချိန်မလုံလောက် တဲ့ပြဿနာ စတင်ရင်ဆိုင်နေရတာဖြစ်ပြီး ရေ ရှည်မှာနောက်ဆက်တွဲကျန်းမာရေးထိခိုက်စေနိုင်တဲ့အပြုအမှုလည်းဖြစ်ပါတယ်။
Ref:sanook