Thursday, May 7, 2026

အလေးချိန်(၁၁,၀၀၀ ကရက်)ရှိ တန်ဖိုးကြီးမားသော မိုးကုတ်ရတနာမြေမှရှာဖွေတွေ့ရှိသည့်...

မန္တလေးတိုင်း၊ မိုးကုတ်ရတနာမြေမှထူးခြားလှပပြီး အရွယ်အစားကြီးမားသည့် အလေးချိန်(၁၁,၀၀၀ က ရက်)ရှိ တန်ဖိုးကြီးမားသော ပတ္တမြားတစ်ပွင့်ကိုရှာဖွေတွေ့ရှိခဲ့ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၇...

မြောက်ဥက္ကလာရှိ ဗေဒင်ဆရာနေအိမ် ဓားပြတိုက်မှု ကျူးလွန်သူ...

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ် ၊ ၂ ရပ်ကွက် ၊ သုဇိတာ ၇ လမ်းတွင်ရှိသည့်ဗေဒင်ဆရာနေအိမ်ကို ဓားမြတိုက်သည့် ကျူးလွန်သူ ၃ ဦးကို...

မြန်မာ့ရေထွက်ကုန် ၄၂ နိုင်ငံသို့ တင်ပို့နေပြီး...

မြန်မာနိုင်ငံအနေဖြင့် ရေထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံပေါင်း ၄၂ နိုင်ငံသို့ တင်ပို့လျက်ရှိပြီး တင်ပို့မှုအတွင်း ရေငန်ထွက်ကုန် ၇၀ ရာခိုင်နှုန်းနှင့် ရေချိုထွက်ကုန် ၃၀ ရာခိုင်နှုန်း...

Youth Camp အုပ်ချုပ်သူနှင့် နည်းပြများ...

နေပြည်တော်ရှိ လူငယ်အားကစားလေ့ ကျင့်ရေးစခန်း (You th Camp)ရှိ အုပ်ချုပ်သူနှင့် နည်းပြများအနေဖြင့် လူငယ်ကစားသမားများ အတုယူထိုက်သည့် စံပြပုဂ္ဂိုလ်များဖြစ်အောင် နေထိုင်ကြရန် အားကစားနှင့်ကာယပညာဦးစီးဌာန...
HomeCelebrities' Newsသားဖြစ်သူ မင်းရွှေရောင်တင်နှင့်ပတ်သက်လို့ ပရိသတ်တွေရဲ့အသံကို...

သားဖြစ်သူ မင်းရွှေရောင်တင်နှင့်ပတ်သက်လို့ ပရိသတ်တွေရဲ့အသံကို အမြဲနားစွင့်ကာ ဆိုဆုံးမလေ့ ရှိတယ်ဆိုတဲ့ မအေးမမလှိုင်

အသက် ၅ နှစ်အရွယ်သာ ရှိသေးပေမယ့် ပရိသတ်တွေရဲ့အချစ်တော်လေးဖြစ်လို့နေတာကတော့ တင်မောင်ဆန်းမင်းဝင်းနဲ့ မအေး မမလှိုင်တို့ရဲ့သားလေး မင်းရွှေရောင်တင် (ခ) ပူတူးလေးပဲဖြစ်ပါတယ်။ သူဟာသဘင်မျိုးရိုးဗီဇပါ သူပီပီ ကလေးအရွယ်လေးနဲ့တင် ကတတ်ဆိုတတ်ပြောတတ်လို့နေပါပြီ။ ဒါကြောင့်လည်း ဒီအရွယ်လေးနဲ့ ပရိသတ်တွေရဲ့ အသိအမှတ်ပြုမှုကို ရရှိနေတာလည်း ဖြစ်ပါ တယ်။ သို့ပေမယ့်လည်း တစ်ခါတလေမှာ ကလေးအရွယ်ဖြစ်နေတဲ့အတွက် ကလေးတို့ ထုံစံအတိုင်းစင်မြင့်ပေါ်မှာ ကလေး တစ်ယောက်ပုံစံမျိုးနဲ့ ပြုမူပြောဆိုတာလေးတွေက တချို့တွေရဲ့အမြင်မှာ ပြောစရာလေးတစ်ခုအနေနဲ့ ဖြစ်လို့နေခဲ့ပါတယ်။ ဒီအပေါ်မှာတော့ မိခင်ဖြစ်သူမအေးမမလှိုင်က ပရိသတ်တွေရဲ့ ပြောစကားတွေကိုလည်း အမြဲနားစွင့်ကာ သားဖြစ်သူ ကိုအမြဲ ဆိုဆုံးမလေ့ရှိပါတယ်။

”ပြောကြတဲ့သူတွေကိုလည်း အစ်မနေနဲ့ စိတ်မဆိုးပါဘူး။ လက်ခံပေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က သားရဲ့ အနေအထားကို အနီးကပ်မသိတဲ့သူတွေ မို့လို့ပါ။ တကယ်လို့သာ သားအကြောင်းကို လေ့လာကြည့်မိမယ်ဆိုရင် သူတို့ အဲဒီလိုပြောကြမှာမဟုတ်ဘူး။ သားနဲ့ အလှမ်းဝေးနေလို့သာ သူတို့ပြောတယ်လို့ အစ်မထင်ပါတယ်။ ဒီကလေးလုပ်လိုက်တဲ့ အမူအရာက ရိုင်းစိုင်းတဲ့အမူအရာလားပေါ့။ အစ်မတို့လည်း ဘာသာရေးလုပ်နေတဲ့ မိဘတွေဖြစ်တဲ့အတွက်ကြောင့် သားသမီး ကို အရိုင်းအစိုင်းအဖြစ်မခံပါဘူး။ ကလေးတွေမှာကျတော့ သူတို့လုပ်လိုက်တဲ့အရာက ရိုင်းလို့ရိုင်းမှန်းမသိတာမျိုးတွေရှိတယ်လေ။ သူတို့က ပြောလိုက်တယ်ဆိုပေမယ့် ဒါရိုင်းပါလားဆိုတာမသိတာမျိုးတွေရှိတယ်။ ဒါပေမဲ့ သားသားရိုင်းတယ်ဆိုရင် အစ်မအနေနဲ့ ဆုံးမတယ်။ ပရိသတ်တွေကပြောတယ် တအားအော်တယ်ပေါ့။ တအားအော်တယ်ဆိုရင် သားမအော်ရဘူး ဆိုတာဆုံးမတယ်။ ပရိသတ်တွေ မပြောခင်ကတည်းကလည်း အစ်မကဆုံးမတယ်။ ဒါပေမဲ့ ကလေးဆိုတာမျိုးက သူကစကား ပြောနေတယ်။ သူပြောချင်တဲ့ အကြောင်းအရာကို လူရွှင်တော်ကဖြတ်ပြောတယ်။ လူရွှင်တော်က ပြောလိုက်တဲ့ဟာကို သူအော်ပြီးတော့ တားဖို့ပဲသိတယ်။ သူပြန်ပြီး မဖြေတတ်သေးဘူး။ ဥပမာ ကိုဆန်းမင်းကနေတယ်ဆိုရင် လူရွှင်တော်က ပြက်လုံးပြက်လိုက်ပြီဆိုရင် ကိုဆန်းမင်းအနေနဲ့က ပြက်လုံးအဖွင့်အပိတ်ကို လုပ်တတ်တယ်။ သားအနေနဲ့ကကျတော့ မသိတဲ့ အတွက်ကြောင့် သူပြောချင်တဲ့အရာကို လူရွှင်တော်က ဖြတ်ပြောလိုက်ပြီဆိုရင် သူအော်တာပဲပေါ့။ အဲဒီ့တော့ဒီကလေးက ရိုင်းလို့ အော်တာလား၊ အနေအထားတစ်ခုကြောင့် အော်တာလားပေါ့။ အစ်မတို့အနေနဲ့ဖေ့စ်ဘုတ်ခ်မှာ ဖတ်ရပါတယ်။ ကော့ပြတယ်ပေါ့။ သူက ရိုင်းပြီးတော့ပရိသတ်တွေကို ကော့ပြတာလားပေါ့။ အစ်မအနေနဲ့ ကိုယ့်သားသမီးကို လေ့လာ တယ်။ သုံးသပ်တယ်။ သူ့အနေနဲ့ တမင်တကာကြီး ပရိသတ်တွေကို ကော့ပြတယ်ဆိုရင်တော့ အစ်မဆုံးမတယ်။ ကပြနေ ရင်းနဲ့ပရိသတ်တွေကိုရယ်အောင် လုပ်တယ်ဆိုရင်လည်း သားမလုပ်တော့နဲ့နော်။ သားရိုင်းတဲ့အလုပ်တွေ မလုပ်နဲ့ပေါ့။ ဒါပေမဲ့ကလေးဆိုတာမျိုးကကျတော့ ကိုယ်ပြောပြလိုက်တယ်ဆိုရင်လည်း စင်ပေါ်ရောက်ရင် သတိလွတ်တာမျိုးတွေလည်းရှိ တယ်။ စိတ်ဆိုတာမမှန်ဘူးလေ။ အဓိကတော့ သားသားလေးကို အနီးကပ် လေ့လာကြည့်ရင်တော့ ပိုပြီးတော့အဆင်ပြေမယ် လို့ အစ်မထင်ပါတယ်” လို့ သားဖြစ်သူနဲ့ ပတ်သက်လို့ မိခင်ဖြစ်သူ မအေးမမလှိုင်က ပြောပြပါတယ်။

လင်းအက္ခရာ

 

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071